သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံံခြားသတင်းထောက်များအသင်း နာယက ဦးလှထွေးကွယ်လွန်


မြန်မာနိုင်ငံ နိုင်ငံခြားသတင်းထောက်များအသင်း နာယကဖြစ်သူ ဦးလှထွေးဟာ ဇွန်လ ၃ ရက်နေ့ မနက်အစောပိုင်း ၁ နာရီကျော်က ကွယ်လွန်သွားပါတယ်။ အသက် ၈၃ နှစ်အရွယ်မှာ ကွယ်လွန်သွားတဲ့ ဦးလှထွေးဟာဆိုရင် မြန်မာနိုင် ငံ နိုင်ငံခြား သတင်းထောက်များအသင်းကို စတင် ထူထောင်သူတဦးလည်း ဖြစ်ပါတယ်။

နေရှင်းသတင်းစာမှာ သတင်းအယ်ဒီတာအဖြစ် ဆောင်ရွက်ရင်း ၁၉၆၃ ခုနှစ်မှာ အာဏာပိုင်တွေရဲ့ ဖမ်းဆီးထိန်းသိမ်းမှုကို ခံခဲ့ရဖူးပါတယ်။ ၁၉၇၀ ပြည့်နှစ်မှာ ANTARA သတင်းဌာနမှာ ဝင်ရောက်လုပ်ကိုင်ခဲ့ပြီး၊ ကွယ်လွန်ချိန်အထိ ဂျပန်နိုင်ငံ Nikkei Shimbun သတင်းစာမှာ အကြီးတန်းသတင်းထောက်အဖြစ် တာဝန်ယူခဲ့ပါတယ်။

ကွယ်လွန်ချိန်မှာတော့ ဇနီးဖြစ်သူ ဒေါ်နုနုထွေးနဲ့အတူ သားသမီး ၃ ဦးကျန်ရစ်ပါတယ်။ သတင်းစာဆရာကြီး ဦးလှထွေးရဲ့ ဈာပနကိုတော့ ဇွန်လ ၅ ရက်နေ့ မနက်ပိုင်းမှာ ရေဝေးသုသာန်မှာ ပြုလုပ်မယ်လို့ သိရပါတယ်။
XS
SM
MD
LG