သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာကိုယ်စားလှယ်အဖွဲ့ မြောက်ကိုရီးယားရောက်ရှိ


မြန်မာကိုယ်စားလှယ်အဖွဲ့ မြောက်ကိုရီးယား Pyongyang မြို့တော်ကို ရောက်ရှိ (စက်တင်ဘာ ၁၄၊ ၂၀၁၅)
မြန်မာကိုယ်စားလှယ်အဖွဲ့ မြောက်ကိုရီးယား Pyongyang မြို့တော်ကို ရောက်ရှိ (စက်တင်ဘာ ၁၄၊ ၂၀၁၅)

မြန်မာ ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး ဦးဆောင်တဲ့ သံကိုယ်စားလှယ် အဖွဲ့ဟာ မြောက်ကိုရီးယား နိုင်ငံကို ၄ ရက်ကြာ ခရီးစဉ်အဖြစ် ရောက်ရှိနေပြီး မြောက်ကိုရီးယား အစိုးရ တာဝန်ရှိသူတို့နဲ့ နှစ်နိုင်ငံ ဆက်ဆံရေး ကိစ္စတွေကို ဆွေးနွေးကြမယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဗွီအိုအေကို အတည်ပြု ပြောဆိုပါတယ်။

ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဦးသန့်ကျော် ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ကတော့ တနင်္လာနေ့မှာပဲ မြောက်ကိုရီးယားမြို့တော် ပြုံယမ်းကို ရောက်ရှိသွားပြီဖြစ်ပြီး အင်္ဂါနဲ့ ဗုဒ္ဓဟူးနေ့တို့မှာ အဓိက ဆွေးနွေးပွဲတွေ ပြုလုပ်မယ်လို့ လည်း နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောပါတယ်။

မြန်မာနဲ့ မြောက်ကိုရီးယား နှစ်နိုင်ငံကြား သံတမန်ရေး ဆွေးနွေးပွဲတွေက အဓိက ဘာတွေ ဆွေးနွေးကြဖို့ ရှိသလဲဆိုတာနဲ့ နှစ်နိုင်ငံ ဆက်ဆံရေး အခြေအနေတို့ အပေါ် နိုင်ငံခြားရေး ဝန်ကြီးဌာန နိုင်ငံရေးရာ ဦးစီးဌာနရဲ့ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဇေယျကို မသိင်္ဂီထိုက် ဆက်သွယ်မေးမြန်တာမှာ ခရီးစဉ်မှာ ဆွေးနွေးကြမယ့် အကြောင်းအရာတွေကို အခုလို စပြီး ဖြေကြားခဲ့ပါတယ်။

ဖြေ။ ။ DPRK (မြောက်ကိုရီးယား) ကလည်း ဟို nothing special ပါပဲ။ It is part of the FOC process ပဲ။ FOC process သဘောအရတော့ ၂ နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနတွေကြားမှာ တခါတလေကျရင် ကျနော်တို့ ဒီ ဒု-ဝန်ကြီး level၊ တခါတလေကျရင် DG level (ညွန်ကြားရေးမှူးချူပ်အဆင့်) အပြန်အလှန်ပေါ့၊ သူ့ဘက်ကိုသွား သူ့ဘက်ကို ကိုယ်က သွားသွားပြီးတော့ ဆွေးနွေးတယ်။ Bilateral ကိစ္စလေးတွေပါပဲခင်ဗျာ။ အဲတော့ သဘောကတော့ ဒါဟာ Just ပုံမှန် ညှိနှိုင်း အစည်းအဝေးသဘောမျိုးပါပဲ ခင်ဗျာ။ နှစ်နိုင်ငံ ဆက်ဆံရေးတွေကို အဓိကထားပြီး ကျနော်တို့ ဆွေးနွေးပါတယ်ခင်ဗျာ။ နှစ်နိုင်ငံ ဆက်ဆံရေးမှာ ဒီပြင့်ဟို အထူးသဖြင့်တော့ Foreign office Consultation ပေါ့။ ၂ နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနတွေ အချင်းချင်း အပြန်အလှန်ပြီးတော့ အဓိက ဒီ ဆက်ဆံရေးကိစ္စတွေလည်း ပါတယ်။ တခါကျရင်လည်း region ဒီ context လေးတွေလည်း ဆွေးနွေးတဲ့ အပိုင်းလေးတွေလည်း ပါပါတယ်။

မေး ။ ။ ဘယ်သူများပါသွားပါသလဲရှင့်။ ဒီနိုင်ငံခြားရေးဝန်ကြီဌာန အပြင်လေ။

ဖြေ။ ။ အဓိကတော့ ၂ နိုင်ငံကြားမှာရှိတဲ့ Foreign office consultation တွေဆိုတော့ နိုင်ငံခြားရေး ဝန်ကြီးဌာနက လူတွေပဲ ပါပါတယ်ခင်ဗျာ။ ဒု-ဝန်ကြီးနဲ့ ကိုယ်စားလှယ်အဖွဲ့ဝင် နှစ်ဦးလားမသိဘူး။ ပါသွားတယ်။ ရက်အားဖြင့်တော့ ၁၄၊ ၁၇ ပေါ့နော်။ ၁၄၊ ၁၇ ပါပဲခင်ဗျာ။ Bilateral အဓိကပြောမှာတော့ ၁၅-၁၆ ပါပဲခင်ဗျာ။ ကျန်တာတော့ ရိုးရိုး စိတ်ဝင်စားစရာကောင်းတဲ့ interest ဖြစ်တဲ့နေရာ သွားကြည့်တယ်။ ဒီလောက်ပါပဲခင်ဗျာ။ အဓိကတော့ ကျနော်တို့ကလည်း normally တိုက်ရိုက်တော့မသွားဘူးပေါ့နော်။ ဒီကနေပြီးတော့ ဘေဂျင်းပြီးတော့ Pyongyang သွားတဲ့ သဘောမျိုးဆိုတော့ on the way သဘောပါပဲ။

မေး။ ။အဲတော့ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ပဲ တွေ့မှာပေါ့နော်။ တခြားရော အဆင့်မြင့် အစိုးရပိုင်းနဲ့ တွေ့ဖို့ရှိပါသလားရှင့်။

ဖြေ။ ။ အဲဒါကတော့ တခါတလေကျတော့ ကျနော်တို့ ဒီလိုမျိုး FOC ရဲ့ nature က ကျနော်တို့တွေ နှစ်နိုင်ငံ ဒုတိယဝန်ကြီးတွေ လာကြတယ်။ ကျနော်တို့ ဒီကလည်း သွားကြတယ်။ သွားပြီးတဲ့အခါကျရင် သက်ဆိုင်ရာ အဓိက သူ့ရဲ့ purpose ကိုက နှစ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာနကပဲ ဆွေးနွေးတာပါခင်ဗျာ။ တကယ်လို့မှ အဲဒီ အိမ်ရှင်နိုင်ငံကနေပြီးတော့ သဘောကတော့ အချို့နိုင်ငံတွေမှာ ဒု-သမ္မတ ရှိတယ်။ အချို့နိုင်ငံမှာ သမ္မတရှိတယ်။ အချို့နိုင်ငံမှာ ဒု- ဝန်ကြီးချုပ်ရှိတယ်။ သူတို့ရဲ့ availability ပေါ် မူတည်ပြီးတော့ courtesy call တော့ ရှိတတ်ပါတယ်။

မေး ။ ။ ဒါ နှစ်စဉ်ပုံမှန် လုပ်ရိုးလုပ်စဉ် ဒီဆွေးနွေးပွဲပေါ့နော်။ အပြန်အလှန် ဆွေးနွေးပွဲ ဒီသဘောပါသလားရှင့်။

ဖြေ။ ။ ဟုတ်ကဲ့ခင်ဗျာ။ နှစ်စဉ်ဆိုတဲ့အခါမှာလည်း ဒီဟာက ဘယ်လိုမျိုးလဲဆိုတော့လေ။ တခါတလေ နှစ်ဘက် အပြန်အလှန် အဆင်မပြေလို့ပေါ့နော်။ ဒီပြင့် ဖြည့်စွက် priority ရှိတဲ့အခါကျတော့ ကျနော်တို့ အဲဒါမျိုးလေးတွေ ပြန်ရွေ့ရတာရှိတတ်ပါတယ်။ ဆိုတော့ lateral ကတော့ ပုံမှန်လို့ ကျနော်တို့ ယူဆတယ်။ ဒါပေမဲ့ အဲဒီအယူအဆမှာ တခါတလေ ကျနော်တို့ အဲဒီအချိန်တုန်းကဆိုလို့ရှိရင် ၂၀၀၇ က ရှိမယ်၊ ၂၀၀၈ ရှိမယ်၊ ၂၀၀၉ ရှိမယ်၊ ၂၀၁၀ ရှိမယ် စသဖြင့်ပေါ့လေ။ တခါတလေကျရင်လည်း ကျနော်တို့မှာ အာဆီယံ ၂၀၁၄ တုန်းကဆိုရင် တော်တော်များများ အစည်းအဝေးတွေ ကျနော်တို့က ဒီပြင့်ပိုင်းတွေ ခဏရပ်ထားတမျိုးလည်း ရှိတတ်တယ်ပေါ့လေ။ ဆိုတော့ အဲလိုမျိုး အိမ်ရှင်နိုင်ငံတွေက priority ရှိတဲ့အခါမျိုးမှာ တခါတလေကျတော့လည်း အလျင်းမသင့်လို့ မလုပ်ဖြစ်တာမျိုးလည်း ရှိတတ်ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ nature ကိုက ပုံမှန် consultation meeting ပါပဲ။

မေး ။ ။အခု ဒီ မြန်မာနဲ့ မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးအပေါ် ဒီနှစ်ပိုင်းတွေအတွင်းမှာ ထူးထူးခြားခြားပေါ့နော်၊ တိုးတက်ပြောင်းလဲလာတဲ့ အနေအထားတွေရော ရှိပါသလားရှင့်။

ဖြေ။ ။ ထူးထူးခြားခြား ဆိုတဲ့ဟာမျိုးတော့ ကျနော်က ဘယ်လို identify လုပ်ရမလဲ ဆိုတာတော့ မသိဘူးပေါ့နော်။ ကျနော်သိသလောက်ကတော့ ပုံမှန်ဆက်ဆံရေးပါပဲခင်ဗျာ။ ဟို အထူးအထွေ ဆက်ဆံရေးမျိုးတော့ ကျနော်တို့တော့ မရှိဘူးလို့ ပြောလို့ရမှာပေါ့နော်၊ ဟုတ်ကဲ့ပါ။”

မြန်မာနဲ့ မြောက်ကိုရီးယား နှစ်နိုင်ငံတို့ကြား စစ်ရေးဆက်ဆံမှု ဆက်ပြီးရှိနေတယ်လို့ အမေရိကန် ပြည်ထောင်စုက ယူဆထားပြီး မြန်မာတို့အနေနဲ့ မြောက်ကိုရီးယာနဲ့ လက်နက်ရောင်းဝယ်မှု ကို တားမြစ်ထားတဲ့ ကုလဆုံးဖြတ်ချက် အမှတ် ၁၈၇၄ ကို လေးစားလိုက်နာဖို့လည်း အမေရိကန် ပြည်ထောင်စုက တိုက်တွန်းနေတာ ဖြစ်ပါတယ်။ ဒါ့အပြင် အရပ်သားအစိုးရအဖြစ် အသွင်ပြောင်းလာတဲ့ မြန်မာအစိုးရနဲ့ ထိတွေ့ဆက်ဆံရေးမူကို ကျင့်သုံးပြီး အမေရိကန် ပြည်ထောင်စုက သံတမန်ဆက်ဆံရေးကို အပြည့်အ၀ ပြန်လည်စတင်ခဲ့သလို ဒဏ်ခတ်ပိတ်ဆို့မှု တချို့ကိုလည်း ဖြေလျှော့ပေးခဲ့တာပါ။ ဒါပေမဲ့လည်း မြောက်ကိုရီးယားနဲ့ မြန်မာကြား စစ်ရေးဆက်ဆံမှု အပေါ်မှာတော့ စောင့်ကြည့်ဒဏ်ခတ်မှုတွေကို ဆက်ပြီး လုပ်ဆောင်နေဆဲပါ။၂၀၁၃ ခုနှစ် အတွင်းမှာပဲ မြန်မာအစိုးရ မစ်ဇိုင်း သုတေသနနဲ့ ဖွံ့ဖြိုးရေးဌာန အကြီးအကဲ၊ ကာကွယ်ရေးဌာန ပစ္စည်းထုတ်လုပ်ရေးရုံး (DDI) ရဲ့ အရာရှိချုပ်၊ ဒုတိယ ဗိုလ်ချုပ်ကြီးသိန်းဌေးကို မြောက်ကိုရီးယား နဲ့ မြန်မာကြား လက်နက်ရောင်းဝယ်မှုမှာ ပါဝင်ပတ်သက်တယ်ဆိုပြီး အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန က ဒဏ်ခတ်ပိတ်ဆို့ခဲ့ပါတယ်။

XS
SM
MD
LG