သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် သံရုံးတွင်း မတော်တဆပေါက်ကွဲမှု မြန်မာသတိပေး


ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးမြင်ကွင်း။
ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးမြင်ကွင်း။

ဇူလိုင်လ ၂၄ ရက် တနင်္ဂနွေနေ့ ညပိုင်းက ရန်ကုန် အမေရိကန်သံရုံးဝင်းအတွင်း လုပ်ခဲ့တဲ့ လုံခြုံရေး လေ့ကျင့်မှုကြောင့် အနီးဝန်းကျင်နဲ့ လမ်းသွားလမ်းလာတွေ အထိတ်တလန့် ဖြစ်ခဲ့ရတဲ့အတွက် နောက်ထပ် ဒီလိုမျိုး မဖြစ်အောင် မြန်မာ နိုင်ငံခြားရေးဝန်ကြီးဌာနက အမေရိကန်သံရုံးကို အကြောင်းကြားခဲ့ပါတယ်။

အမေရိကန်သံရုံးဝင်းထဲက ပုံမှန် လုံခြုံရေးလေ့ကျင့်မှုအတွင်း မျက်ရည်ယိုဗုံးငွေ့တွေ ပတ်ဝန်းကျင်ကို ပျံ့နှံ့ခဲ့တဲ့အတွက် စိုးရိမ်မှုတွေ ဖြစ်ခဲ့ကြတာပါ။ အဲဒီလို ပတ်ဝန်းကျင်ကို အနှောက်အယှက် တစုံတရာဖြစ်ခဲ့တဲ့အပေါ် တောင်းပန်ကြောင်း ရန်ကုန်အမေရိကန်သံရုံးက တနင်္လာနေ့က ထုတ်ပြန်ပြောဆို ခဲ့ပါတယ်။

ဒီလိုမျိုး နောက်ထပ် မဖြစ်စေဖို့ အထူးကြီးကြပ် ရှောင်ရှားဖို့နဲ့ အိမ်ရှင်နိုင်ငံရဲ့ စည်းမျဉ်းစည်းကမ်း ဥပဒေကို လေးစား လိုက်နာဖို့ အတွက် မြန်မာ နိုင်ငံခြားရေးဝန်ကြီးဌာနက အမေရိကန်သံရုံးကို တယ်လီဖုန်းနဲ့ ဆက်သွယ်ပြောခဲ့သလို၊ စာနဲ့လဲ ရေးသား အကြောင်း ကြားခဲ့တယ်လို့ နိုင်ငံခြားရေးရုံးရဲ့ Facebook လူမှု ကွန်ယက်ပေါ်မှာ ဖော်ပြထားပါတယ်။

သံရုံးပရဝဏ်အတွင်း ဖြစ်ခဲ့တဲ့ လေ့ကျင့်မှုအတွင်း တဦးတယောက်မှ ဒဏ်ရာရတာမရှိသလို၊ သံရုံးလုပ်ငန်းတွေကိုလည်း နေ့စဉ်အတိုင်း ပုံမှန် ဆောင်ရွက်နေပါတယ်လို့ သံရုံးတာဝန်ရှိသူက ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။

အခုနှစ် ဧပြီလအကုန်ပိုင်းက အမျိုးသားရေးလှုပ်ရှားသူတချို့က ရန်ကုန် အမေရိကန်သံရုံးရှေ့ ဆန္ဒပြမှုတွေ ပြုလုပ်ခဲ့တဲ့နောက် သံရုံးအဝင်မှာ လုံခြုံရေး ပိုတင်းကြပ်မှုတွေ ရှိခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG