သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နှစ်ပေါင်း ၉၉ သန်း သက်တမ်းရှိ တောက်တဲ့ရုပ်ကြွင်း မြန်မာမှာတွေ့ရှိ


 နှစ်ပေါင်း ၉၉ သန်း သက်တမ်းရှိ တောက်တဲ့ ရုပ်ကြွင်း မြန်မာမှာတွေ့ရှိ (ဓါတ်ပုံ- Florida Museum of Natural History)
နှစ်ပေါင်း ၉၉ သန်း သက်တမ်းရှိ တောက်တဲ့ ရုပ်ကြွင်း မြန်မာမှာတွေ့ရှိ (ဓါတ်ပုံ- Florida Museum of Natural History)

နှစ်ပေါင်း ၉၉ သန်း သက်တမ်းရှိတဲ့ ပယင်းကျောက်ထဲက တောက်တဲ့ မျိုးနွယ်တကောင်ရဲ့ ကျောက်ဖြစ်ရုပ်ကြွင်းကို မြန်မာနိုင်ငံမှာ ရှာတွေ့ခဲ့တယ်လို့ အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ်အခြေစိုက် သိပ္ပံပညာရှင်တွေက ပြောဆိုလိုက်ပါတယ်။

ဒါဟာ အဲဒီအမျိုးအစားထဲမှာ သက်တမ်းအရင့်ဆုံး ကျောက်ဖြစ်ရုပ်ကြွင်းဖြစ်ပြီး တွားသွားသတ္တဝါတွေနဲ့ ပတ်သက်ပြီး ပျောက်ဆုံးနေတဲ့ ကွင်းဆက် ကိုလည်းတွေ့ခဲ့ပြီလို့ သုတေသီတွေက ပြောဆိုပါတယ်။နှစ်ပေါင်း ၇၅ သန်း သက်တမ်းရှိတဲ့ ကျောက်ဖြစ်ရုပ်ကြွင်းကို ဒီမတိုင်ခင်တုန်းက နောက်ဆုံး ရှာတွေ့ထားတာလို့ ဖလော်ရီဒါ သဘာ၀ သမိုင်းပြတိုက်က သိပ္ပံပညာရှင်တွေကပြောပါတယ်။

လွန်ခဲ့တဲ့ ၁၀ စုနှစ်တွေအတွင်းတုန်းက ဒီကျောက်ဖြစ်ရုပ်ကြွင်းကို တခြားရှေးဟောင်းတွားသွားသတ္တဝါရုပ်ကြွင်းတွေနဲ့ အတူ မိုင်းလုပ်ငန်းခွင်တခုအတွင်းကနေ ရှာတွေ့ခဲ့တာပါ။ ဒါပေမယ့်လည်း သိပ္ပံပညာရှင်တွေဟာ အခုအချိန်ကြမှသာ အသေအချာဆုံးဖြတ်ချက်ချနိုင်ပါတယ်။ အခုတွေ့ရှိတဲ့ ကျောက်ဖြစ် ရုပ်ကြွင်းဟာ မွေးကင်းစ အရွယ်ဖြစ်ပြီး ပယင်းကျောက်အတွင်းမှာ ပိတ်မိနေခဲ့တယ်လို့လည်း သုတေသီတွေက ပြောပါတယ်။ ဒီကျောက်ဖြစ်ရုပ်ကြွင်းမှာ မျက်လုံးတစုံအပါအဝင် အရောင်စုံပါဝင်ပြီး ပုံမှန်ထက်ထူးကဲကာ ဖြစ်တည်နေတယ်လို့ သိပ္ပံပညာရှင် Edward Stanley ကပြောပါတယ်။ ပယင်းကျောက်ကို မခွဲပဲ အဆင့်မြင့် Xray နည်းပညာတွေသုံးပြီး လေ့လာစူးစမ်းခဲ့တာဖြစ်ပါတယ်။

XS
SM
MD
LG