သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာသတင်းလွတ်လပ်ခွင့်နှိပ်ကွပ်မှု နိုင်ငံတကာဝေဖန်


မြန်မာအစိုးရအနေနဲ့ သတင်းသမားတွေအပေါ် ဥပဒေမဲ့ဖမ်းဆီးအရေးယူနေတာတွေကို ချက်ချင်းရပ်တန့်ပြီး သတင်းလွတ်လပ်ခွင့်ကို မြှင့်တင်ပေးဖို့ မေလ ၃ ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့မှာ Human Rights Watch အဖွဲ့၊ FIDH နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ Alt ASEAN နဲ့ RSF နယ်စည်းမခြား သတင်းသမားများအဖွဲ့တွေက တောင်းဆိုလိုက်ပါတယ်။

သတင်းသမားတွေအပေါ် ဖမ်းဆီးတာတွေ ခြိမ်းခြောက်တာတွေလုပ်ခဲ့တာကြောင့် မြန်မာနိုင်ငံမှာ သတင်းလွတ်လပ်ခွင့်တွေ တိုးမြှင့်ပေးလိုက်တာနဲ့ ပတ်သက်ပြီး နိုင်ငံတကာက ချီးကျူးနေတာတွေလည်း ရပ်တန့်သွားခဲ့ရတယ်လို့ HRW အဖွဲ့ရဲ့ အာရှရေးရာ ညွန်ကြားရေးမှူး Phil Robertson က ပြောလိုက်ပါတယ်။ အခုလိုစိုးရိမ်စရာကောင်းတဲ့လုပ်ရပ်ကြောင့် သတင်းလွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီး မြန်မာအစိုးရရဲ့ လုပ်ဆောင်ချက်တွေအပေါ်မှာလည်း စိုးရိမ်စရာတွေဖြစ်လာရတယ်လို့ သူကပြောပါတယ်။

ဒါ့အပြင် မြန်မာအစိုးရအနေနဲ့ သတင်းထောက်တွေအပေါ် ဖမ်းဆီးနှိပ်စက်တာတွေကို အဆုံးသတ်ပြီး အခုလက်ရှိဖမ်းဆီးထားတဲ့ သတင်းထောက် ၅ ယောက်ကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ FIDH နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့ နဲ့ မြန်မာ့နိုင်ငံဆိုင်ရာ Alt ASEAN ကွန်ယက်ကလည်း တောင်းဆိုလိုက်ပါတယ်။

၂၀၁၃ ဒီဇင်ဘာလကစပြီး မြန်မာအစိုးရဟာ သတင်းထောက်အတော်များများကို ရာဇတ်ဝတ်မှု၊ အသေရေဖျက်မှု စတာတွေအပါအဝင် စွဲချက်အတော်များများနဲ့ ဖမ်ဆီးအရေးယူခဲ့ပါတယ်။ အဲဒီလို ဖမ်းဆီးခံရတဲ့အထဲမှာ Daily Eleven သတင်းထောက် မခိုင်၊ ဒီဗီဘီ သတင်းထောက်ကိုဇော်ဖေ၊ မဇ္ဈိမသတင်းထောက် ကိုရေခဲနဲ့ ယူနီတီဂျာနယ်က အမှုဆောင်အရာရှိချုပ်အပါအဝင် သတင်းထောက် ၄ ဦးလည်း ပါဝင်ပါတယ်။
XS
SM
MD
LG