သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ သယံဇာတ တူးဖော်ရေး G8 ပူးပေါင်းဆောင်ရွက်


ရွှေကျင်လုပ်ငန်းခွင်မြင်ကွင်း
ရွှေကျင်လုပ်ငန်းခွင်မြင်ကွင်း
မြန်မာနိုင်ငံကထွက်တဲ့ သဘာဝ သယံဇာတပစ္စည်းက ရရှိတဲ့ ဘဏ္ဍာငွေတွေကို တိုင်းပြည် စီးပွား ဖွံ့ဖြိုးဖို့အတွက် အကျိုးရှိရှိ အသုံးချနိုင်ရေးအတွက် အမေရိကန်ပြည်ထောင်စု ပါဝင်တဲ့ G8 စက်မှုထိပ်သီး ၈ နိုင်ငံက မြန်မာနိုင်ငံနဲ့ ပူးပေါင်း ဆောင်ရွက်ကြတော့မှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ ကမ္ဘာမှာ သဘာဝဓါတ်ငွေ့ ပိုင်ဆိုင်မှု အများဆုံးနိုင်ငံတွေထဲမှာ အဆင့် ၃၄ မှာ ရှိနေပေမယ့် ရှာဖွေရေးလုပ်ငန်းတွေ ဆက်လက် လုပ်ဆောင်နေဆဲ ဖြစ်တာကြောင့် အသစ် ထပ်မံ ရှာဖွေ တွေ့ရှိနိုင်ကိန်းလည်း ရှိနေတာပါ။ အထူးသဖြင့်တော့ ကမ်းလွန်၊ ရေနက်ပိုင်း ရှာဖွေမှုတွေ ဆက်လက်လုပ်ဆောင်ဖို့ အခွင့်အလမ်းတွေ အများအပြား ရှိနေဆဲဖြစ်ပါတယ်။

ဒီ G8 စက်မှုထိပ်သီး ၈ နိုင်ငံနဲ့ ပြုလုပ်တဲ့ ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်ဟာ မြန်မာနိုင်ငံက လောင်စာ စွမ်းအင် လုပ်ငန်းတွေ ပြုပြင် ပြောင်းလဲမှု လုပ်ဆောင်ပြီး ပွင့်လင်း မြင်သာမှု ရှိစေရေး အတွက် အမေရိကန်နိုင်ငံနဲ့ ပူးပေါင်း ဆောင်ရွက်မှာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် သဘာ၀ သယံဇာတတွေက ရရှိတဲ့ ဘဏ္ဍာငွေတွေကို ပွင့်လင်း မြင်သာမှုရှိပြီး အများပြည်သူ အားလုံးအကျိုးရှိအောင် အသုံးပြုရေးတို့လည်း ပါဝင်ပါတယ်။

အမေရိကန်ပါဝင်တဲ့ G8 စက်မှု ထိပ်သီးနိုင်ငံတွေနဲ့ အခုလို ပူးပေါင်း လုပ်ဆောင်တာဟာ EITI လို့ခေါ်တဲ့ သဘာ၀ သယံဇာတ တူးဖော်ရေး လုပ်ငန်းတွေ သိသာ မြင်သာမှုရှိရေး စောင့်ကြည့်တဲ့အဖွဲ့နဲ့ အလားသဏ္ဍာန်တူတဲ့ လုပ်ငန်းစဉ်လည်း ဖြစ်ပါတယ်။ EITI ရဲ့ လုပ်ငန်းတွေကိုတော့ အခုနှစ် နွေရာသီမှာ စတင်တော့မယ်လို့ သမ္မတ ဦးသိန်းစိန်က ပြောဆို ထားပြီးဖြစ်ပါတယ်။
XS
SM
MD
LG