သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ့ေက်ာက္မ်က္ရတနာလုပ္ငန္း အေမရိကန္ ဒဏ္ခတ္အေရးယူ


MYANMAR JADE SALE

{{Zawgyi/Unicode}}

ျမန္မာ့ေက်ာက္မ်က္ရတနာလုပ္ငန္းကို အေမရိကန္ျပည္ေထာင္စုက ဒီကေန႔ ဒဏ္ခတ္အေရးယူလိုက္ပါတယ္။

ဒီမိုကေရစီလမ္းေၾကာင္းေပၚ ျပန္သြားဖို႔ ျမန္မာစစ္အစိုးရက ျငင္းဆန္ေနတာနဲ႔ ဆႏၵျပသူေတြသာမက ေဘးက ရပ္ၾကည့္သူေတြကိုပါ အသက္ေသဆံုးတဲ့အထိ တိုက္ခိုက္ေနတာေတြအတြက္ အခုလို အေရးယူလိုက္တဲ့အေၾကာင္း အေမရိကန္ႏုိင္ငံျခားေရးဝန္ႀကီး Antony Blinken က ဒီကေန႔ထုတ္ျပန္ခ်က္မွာ ေျပာထားပါတယ္။

ျမန္မာ့ေက်ာက္မ်က္ရတနာလုပ္ငန္းရဲ႕ အစီအစဥ္နဲ႔ ေနျပည္ေတာ္မွာက်င္းပေနတဲ့ ေက်ာက္မ်က္ျပပြဲမွာ စစ္ေခါင္းေဆာင္ေတြ ပါဝင္ေနၾကတာေၾကာင့္ အခုလို အေရးယူလိုက္တာျဖစ္တဲ့အေၾကာင္းလည္း ဝန္ႀကီး Blinken ကေျပာပါတယ္။

အၾကမ္းဖက္လုပ္ရပ္ေတြကို ရပ္တဲ့ထိ၊ ဥပေဒမဲ့ ထိန္းသိမ္းထားသူအားလံုးကုိ ျပန္္လႊတ္တဲ့ထိ၊ စစ္အုပ္ခ်ဳပ္ေရးနဲ႔ ႏုိင္ငံေတာ္အေရးေပၚအေျခအေန ေၾကညာထားတာကို ႐ုပ္သိမ္းတဲ့ထိ၊ ဆက္သြယ္ေရးေတြ ကန္႔သတ္ထားတာကို ႐ုပ္သိမ္းတဲ့ထိ၊ ျမန္မာႏုိင္ငံ ဒီမိုကေရစီလမ္းေၾကာင္းေပၚ ျပန္ေရာက္တဲ့အထိ စစ္အစိုးရကို အေမရိကန္က ဖိအားဆက္ေပးသြားမယ္ဆိုတာ ဒီကေန႔ခ်မွတ္တဲ့ ပစ္မွတ္ထား အေရးယူမႈကေန ရွင္းရွင္းလင္းလင္း ေျပာလိုက္တာျဖစ္တယ္လို႔လည္း ဝန္ႀကီး Blinken ကေျပာပါတယ္။

ၿငိမ္းခ်မ္းစြာဆႏၵျပသူေတြနဲ႔ တျခားလူေတြကို ျမန္မာစစ္တပ္နဲ႔ လံုျခံဳေရးတပ္ဖြဲ႔ေတြက အၾကမ္းဖက္လုပ္ရပ္ က်ဴးလြန္ေနတာ ရပ္သြားဖို႔၊ ဒီမုိကေရစီ ျပန္လည္တည္ေဆာက္ေရး ေထာက္ခံအားေပးဖို႔နဲ႔ စစ္အာဏာသိမ္းမႈနဲ႔ ေနာက္ဆက္တြဲျဖစ္လာတဲ့ အၾကမ္းဖက္လုပ္ရပ္ေတြအတြက္ တာဝန္ခံယူမႈရွိေစဖို ႔ ေဒသတြင္းနဲ႔ ကမာၻတဝန္းက အေမရိကန္ရဲ႕ မဟာမိတ္ေတြ၊ လက္တြဲဘက္ေတြနဲ႔ အနီးကပ္ ညွိႏိႈင္းၿပီး အခုိင္အမာ ဆက္ၿပီးရပ္တည္သြားမယ္လုိ႔လည္း ဝန္ႀကီး Blinken ရဲ႕ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

................................................

{{Unicode}}

မြန်မာ့ကျောက်မျက်ရတနာလုပ်ငန်းကို အမေရိကန်ပြည်ထောင်စုက ဒီကနေ့ ဒဏ်ခတ်အရေးယူလိုက်ပါ တယ်။

ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်သွားဖို့ မြန်မာစစ်အစိုးရက ငြင်းဆန်နေတာနဲ့ ဆန္ဒပြသူတွေသာမက ဘေးက ရပ်ကြည့်သူတွေကိုပါ အသက်သေဆုံးတဲ့အထိ တိုက်ခိုက်နေတာတွေအတွက် အခုလို အရေးယူလိုက်တဲ့အကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ဒီကနေ့ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

မြန်မာ့ကျောက်မျက်ရတနာလုပ်ငန်းရဲ့ အစီအစဉ်နဲ့ နေပြည်တော်မှာကျင်းပနေတဲ့ ကျောက်မျက်ပြပွဲမှာ စစ်ခေါင်းဆောင်တွေ ပါဝင်နေကြတာကြောင့် အခုလို အရေးယူလိုက်တာဖြစ်တဲ့အကြောင်းလည်း ဝန်ကြီး Blinken ကပြောပါတယ်။

အကြမ်းဖက်လုပ်ရပ်တွေကို ရပ်တဲ့ထိ၊ ဥပဒေမဲ့ ထိန်းသိမ်းထားသူအားလုံးကို ပြန်လွှတ်တဲ့ထိ၊ စစ်အုပ်ချုပ်ရေးနဲ့ နိုင်ငံတော်အရေးပေါ်အခြေအနေ ကြေညာထားတာကို ရုပ်သိမ်းတဲ့ထိ၊ ဆက်သွယ်ရေးတွေ ကန့်သတ်ထားတာကို ရုပ်သိမ်းတဲ့ထိ၊ မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်တဲ့အထိ စစ်အစိုးရကို အမေရိကန်က ဖိအားဆက်ပေးသွားမယ်ဆိုတာ ဒီကနေ့ချမှတ်တဲ့ ပစ်မှတ်ထား အရေးယူမှုကနေ ရှင်းရှင်းလင်းလင်း ပြောလိုက်တာဖြစ်တယ်လို့လည်း ဝန်ကြီး Blinken ကပြောပါတယ်။

ငြိမ်းချမ်းစွာဆန္ဒပြသူတွေနဲ့ တခြားလူတွေကို မြန်မာစစ်တပ်နဲ့ လုံခြုံရေးတပ်ဖွဲ့တွေက အကြမ်းဖက်လုပ်ရပ် ကျူးလွန်နေတာ ရပ်သွားဖို့၊ ဒီမိုကရေစီ ပြန်လည်တည်ဆောက်ရေး ထောက်ခံအားပေးဖို့နဲ့ စစ်အာဏာသိမ်းမှုနဲ့ နောက်ဆက်တွဲဖြစ်လာတဲ့ အကြမ်းဖက်လုပ်ရပ်တွေအတွက် တာဝန်ခံယူမှုရှိစေဖို့ ဒေသတွင်းနဲ့ ကမ္ဘာတဝန်းက အမေရိကန်ရဲ့ မဟာမိတ်တွေ၊ လက်တွဲဘက်တွေနဲ့ အနီးကပ် ညှိနှိုင်းပြီး အခိုင်အမာ ဆက်ပြီးရပ်တည်သွားမယ်လို့လည်း ဝန်ကြီး Blinken ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG