သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဂိုးသမား ျပည့္သွ်ံေအာင္ ဂ်ပန္ႏုိ္င္ငံမွာ ခုိလႈံခြင့္ရ


Myanmar National Team Goal Keeper

Zawgyi/Unicode

ျမန္မာ အမ်ိဳးသားလက္ေ႐ြးစင္ ေဘာလုံးသမားေဟာင္း ျပည့္သွ်ံေအာင္ကို ဂ်ပန္ႏိုင္ငံက ဒုကၡသည္အျဖစ္ တရားဝင္ ခိုလႈံခြင့္ ျပဳလိုက္ပါတယ္။

ျပည့္သွ်ံေအာင္ဟာ ေမလအတြင္း တိုက်ိဳၿမိဳ႕မွာ ဂ်ပန္နဲ႔ ျမန္မာ ယွဥ္ၿပိဳင္ခဲ့တဲ့ ကမာၻ႔ဖလား ေျခစစ္ပြဲမွာ ႏုိင္ငံေတာ္သီခ်င္း သီဆုိတဲ့အခ်ိန္ စစ္အာဏာသိမ္းတာကို ဆန္႔က်င္ေၾကာင္း လက္သုံးေခ်ာင္းေထာင္ ဆႏၵျပခဲ့ၿပီးတဲ့ေနာက္ ဂ်ပန္ႏိုင္ငံမွာ ခိုလႈံခြင့္ ေလွ်ာက္ထားခဲ့တာပါ။

ျမန္မာႏိုင္ငံကိုျပန္ရင္ သူ႔အတြက္ အသက္အႏၲရာယ္ရွိတာမို႔ သူ႔အေနနဲ႔ ဂ်ပန္ႏိုင္ငံမွာ ခိုလႈံခြင့္ယူဖို႔ ဆုံးျဖတ္ခဲ့တာလို႔ ေျပာဆိုထားပါတယ္။

ဒီေန႔ Osaka ေဒသဆိုင္ရာ လူ၀င္မႈႀကီးၾကပ္ေရး႐ုံးက ျပည့္သွ်ံေအာင္ကို ဂ်ပန္ႏိုင္ငံမွာ ေရရွည္ အေျခခ်ေနထိုင္သူအျဖစ္ ၅ ႏွစ္ ေနထိုင္ခြင့္ျပဳဖို႔ ဆုံးျဖတ္လိုက္ပါတယ္။

ဂ်ပန္အစိုးရနဲ႔ ဂ်ပန္ျပည္သူေတြရဲ႕ ေထာက္ခံပ့ံပိုးမႈအတြက္ ၀မ္းသာမိတဲ့အေၾကာင္းနဲ႔ အခုမွ စိတ္ေအးသြားတဲ့ အေၾကာင္း ျပည့္သွ်ံေအာင္က သတင္းေထာက္ေတြကို ေျပာပါတယ္။ ဂ်ပန္မွာ ပညာသင္ခ်င္တဲ့အေၾကာင္းနဲ႔ အလုပ္လုပ္ခ်င္တဲ့အေၾကာင္းလည္း ေျပာပါတယ္။

အသက္ ၂၇ ႏွစ္အရြယ္ ျမန္မာ့လက္ေရြးစင္ ေဘာလုံးသမားေဟာင္း ျပည့္သွ်ံေအာင္ဟာ ဇူလိုင္လကုန္ကစၿပီး Yokohama မွာရွိတဲ့ ဂ်ပန္ ေဘာလုံးအဖြဲ႔ခ်ဳပ္ တတိယတန္းအသင္းမွာ ေလ့က်င့္တာေတြလုပ္ေနပါတယ္။ ဂ်ပန္ႏိုင္ငံဟာ ႏွစ္စဥ္ ခိုလႈံခြင့္ ေလွ်ာက္ထားသူေတြထဲက အနည္းငယ္ကိုသာ လက္ခံေလ့ရွိတာပါ။ ဒါေပမဲ့ ေမလတုန္းကေတာ့ ဂ်ပန္ တရားေရးဝန္ႀကီးဌာနက ဂ်ပန္ေရာက္ ျမန္မာေတြအတြက္ အေရးေပၚအေျခအေနအျဖစ္ ဂ်ပန္ႏိုင္ငံအတြင္း ေနထိုင္ခြင့္သက္တမ္း တိုးေပးထားခဲ့ပါတယ္။

=======

Unicode

ဂိုးသမား ပြည့်သျှံအောင် ဂျပန်နိုင်ငံမှာ ခိုလှုံခွင့်ရ

မြန်မာ အမျိုးသားလက်ရွေးစင် ဘောလုံးသမားဟောင်း ပြည့်သျှံအောင်ကို ဂျပန်နိုင်ငံက ဒုက္ခသည်အဖြစ် တရားဝင် ခိုလှုံခွင့် ပြုလိုက်ပါတယ်။

ပြည့်သျှံအောင်ဟာ မေလအတွင်း တိုကျိုမြို့မှာ ဂျပန်နဲ့ မြန်မာ ယှဉ်ပြိုင်ခဲ့တဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲမှာ နိုင်ငံတော်သီချင်း သီဆိုတဲ့အချိန် စစ်အာဏာသိမ်းတာကို ဆန့်ကျင်ကြောင်း လက်သုံးချောင်းထောင် ဆန္ဒပြခဲ့ပြီးတဲ့နောက် ဂျပန်နိုင်ငံမှာ ခိုလှုံခွင့် လျှောက်ထားခဲ့တာပါ။

မြန်မာနိုင်ငံကိုပြန်ရင် သူ့အတွက် အသက်အန္တရာယ်ရှိတာမို့ သူ့အနေနဲ့ ဂျပန်နိုင်ငံမှာ ခိုလှုံခွင့်ယူဖို့ ဆုံးဖြတ်ခဲ့တာလို့ ပြောဆိုထားပါတယ်။

ဒီနေ့ Osaka ဒေသဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးရုံးက ပြည့်သျှံအောင်ကို ဂျပန်နိုင်ငံမှာ ရေရှည် အခြေချနေထိုင်သူအဖြစ် ၅ နှစ် နေထိုင်ခွင့်ပြုဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ဂျပန်အစိုးရနဲ့ ဂျပန်ပြည်သူတွေရဲ့ ထောက်ခံပံ့ပိုးမှုအတွက် ဝမ်းသာမိတဲ့အကြောင်းနဲ့ အခုမှ စိတ်အေးသွားတဲ့ အကြောင်း ပြည့်သျှံအောင်က သတင်းထောက်တွေကို ပြောပါတယ်။ ဂျပန်မှာ ပညာသင်ချင်တဲ့အကြောင်းနဲ့ အလုပ်လုပ်ချင်တဲ့အကြောင်းလည်း ပြောပါတယ်။

အသက် ၂၇ နှစ်အရွယ် မြန်မာ့လက်ရွေးစင် ဘောလုံးသမားဟောင်း ပြည့်သျှံအောင်ဟာ ဇူလိုင်လကုန်ကစပြီး Yokohama မှာရှိတဲ့ ဂျပန် ဘောလုံးအဖွဲ့ချုပ် တတိယတန်းအသင်းမှာ လေ့ကျင့်တာတွေလုပ်နေပါတယ်။ ဂျပန်နိုင်ငံဟာ နှစ်စဉ် ခိုလှုံခွင့် လျှောက်ထားသူတွေထဲက အနည်းငယ်ကိုသာ လက်ခံလေ့ရှိတာပါ။ ဒါပေမဲ့ မေလတုန်းကတော့ ဂျပန် တရားရေးဝန်ကြီးဌာနက ဂျပန်ရောက် မြန်မာတွေအတွက် အရေးပေါ်အခြေအနေအဖြစ် ဂျပန်နိုင်ငံအတွင်း နေထိုင်ခွင့်သက်တမ်း တိုးပေးထားခဲ့ပါတယ်။

#MyanmarFootball #MyanmarMilitaryCoup #MyanmarProtests #voaburmese #မြန်မာ့ဘောလုံး #ပြည့်သျှံအောင် #စစ်အာဏာသိမ်းမှု #ဗွီအိုအေမြန်မာပိုင်း

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG