သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ့လက္ေ႐ြးစင္ ဂိုးသမားေဟာင္း ျပည့္လွ်ံေအာင္ ဂ်ပန္မွာ ခိုလႈံခြင့္ရ


ျမန္မာ့လက္ေ႐ြးစင္ ဂိုးသမားေဟာင္း ျပည့္လွ်ံေအာင္

ZAWGYI/UNICODE

ၿပီးခဲ့တဲ့ေမလက ဂ်ပန္ႏိုင္ငံမွာက်င္းပခဲ့တဲ့ ကမာၻ႔ဖလား ေျခစစ္ပြဲမစခင္ ႏိုင္ငံေတာ္သီခ်င္းဆိုခ်ိန္မွာ စစ္အာဏာသိမ္းမႈဆန႔္က်င္တဲ့သေကၤတ လက္သုံးေခ်ာင္ေထာင္ခဲ့တဲ့ ျမန္မာအသင္းက ဂိုးသမား ျပည့္လွ်ံေအာင္ကို ဂ်ပန္အစိုးရက ဒုကၡသည္အျဖစ္ လက္ခံဖို႔ ဆုံးျဖတ္လိုက္ပါၿပီ။

လက္သုံးေခ်ာင္းေထာင္တာဟာ ျမန္မာျပည္တြင္း စစ္အာဏာသိမ္းမႈကိုဆန႔္က်င္တဲ့ ဆႏၵျပပြဲေတြမွာ သုံးတဲ့သေကၤတတခုျဖစ္ပါတယ္။ အဲဒီလို လက္သုံးေခ်ာင္းေထာင္ၿပီး ဆႏၵေဖာ္ထုတ္ခဲ့တဲ့အတြက္ ျမန္မာျပည္ျပန္ရင္ သူ႔အတြက္ အႏၲရာယ္ရွိတာေၾကာင့္ဆိုၿပီး ဂ်ပန္ႏိုင္ငံမွာ ခိုလႈံခြင့္ေတာင္းခံခဲ့တာ ျဖစ္ပါတယ္။

ျပည့္လွ်ံေအာင္ဟာ တရားဝင္သတင္းေတြအရဆိုရင္ အခုလို ခိုလႈံခြင့္ေတာင္းခံခဲ့တဲ့ ပထမဆုံး ျမန္မာအားကစားသမားျဖစ္ဖြယ္ရွိပါတယ္။

ျပည့္လွ်ံေအာင္ရဲ႕ေရွ႕ေနက သူ႔အမႈသည္ဟာ အိုဆာကာ လူဝင္မႈႀကီးၾကပ္ေရး႐ုံးကို ၾသဂုတ္လ ၂၀ ရက္မွာ သြားရမယ္လို႔ ေျပာပါတယ္။

ျမန္မာဂိုးသမား ျပည့္လွ်ံေအာင္ကို ဂ်ပန္ႏိုင္ငံ လူဝင္မႈႀကီးၾကပ္ေရးဌာနက ဒုကၡသည္အျဖစ္ လက္ခံေရး ေရွ႕သီတင္းပတ္ထဲ ေဆာင္႐ြက္ေပးမွာျဖစ္ေၾကာင္း ဂ်ပန္သတင္းဌာန NHK က ေၾကညာသြားပါတယ္။ ဂ်ပန္ႏိုင္ငံက ဒုကၡသည္အျဖစ္ လက္ခံေပးတဲ့အေရအတြက္ဟာ ႏွစ္စဥ္ ဒါဇင္အနည္းငယ္ေလာက္သာ ရွိတာျဖစ္ပါတယ္။

ဒါေပမယ့္ ေမလထဲတုန္းကေတာ့ တရားေရးဝန္ႀကီးဌာနက ဂ်ပန္ႏိုင္ငံတြင္း ရွိေနၿပီးသား ျမန္မာလူမ်ိဳးေတြကို အေရးေပၚအေျခအေနတခုသတ္မွတ္ၿပီး ေနထိုင္ခြင့္ကို တိုးခ်ဲ႕ေပးထားခဲ့ပါတယ္။

တိုက်ိဳၿမိဳ႕၊ ျမန္မာသံ႐ုံးက စစ္အာဏာသိမ္းမႈကို ဆန႔္က်င္တဲ့ သံအရာရွိႏွစ္ဦးကို စစ္ေကာင္စီက အလုပ္ျဖဳတ္ခဲ့ၿပီး သူတို႔ရဲ႕ သံတမန္ဗီဇာေတြ တရားမဝင္ေတာ့ဘူးလို႔ ၿပီးခဲ့တဲ့မတ္လမွာ ဂ်ပန္ႏိုင္ငံျခားေရးဌာနကို အေၾကာင္းၾကားခဲ့ေပမယ့္လည္း ဂ်ပန္ဘက္က ဘာမွ အေရးယူလုပ္ေဆာင္တာ မရွိဘူးလို႔ ဂ်ပန္ႏိုင္ငံျခားေရးဌာန တာဝန္ရွိသူတဦးက AFP သတင္းဌာနကို ဒီကေန႔ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္


======

UNICODE

ပြီးခဲ့တဲ့မေလက ဂျပန်နိုင်ငံမှာကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲမစခင် နိုင်ငံတော်သီချင်းဆိုချိန်မှာ စစ်အာဏာသိမ်းမှုဆန့်ကျင်တဲ့သင်္ကေတ လက်သုံးချောင်ထောင်ခဲ့တဲ့ မြန်မာအသင်းက ဂိုးသမား ပြည့်လျှံအောင်ကို ဂျပန်အစိုးရက ဒုက္ခသည်အဖြစ် လက်ခံဖို့ ဆုံးဖြတ်လိုက်ပါပြီ။

လက်သုံးချောင်းထောင်တာဟာ မြန်မာပြည်တွင်း စစ်အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေမှာ သုံးတဲ့သင်္ကေတတခုဖြစ်ပါတယ်။ အဲဒီလို လက်သုံးချောင်းထောင်ပြီး ဆန္ဒဖော်ထုတ်ခဲ့တဲ့အတွက် မြန်မာပြည်ပြန်ရင် သူ့အတွက် အန္တရာယ်ရှိတာကြောင့်ဆိုပြီး ဂျပန်နိုင်ငံမှာ ခိုလှုံခွင့်တောင်းခံခဲ့တာ ဖြစ်ပါတယ်။

ပြည့်လျှံအောင်ဟာ တရားဝင်သတင်းတွေအရဆိုရင် အခုလို ခိုလှုံခွင့်တောင်းခံခဲ့တဲ့ ပထမဆုံး မြန်မာအားကစားသမားဖြစ်ဖွယ်ရှိပါတယ်။

ပြည့်လျှံအောင်ရဲ့ရှေ့နေက သူ့အမှုသည်ဟာ အိုဆာကာ လူဝင်မှုကြီးကြပ်ရေးရုံးကို သြဂုတ်လ ၂၀ ရက်မှာ သွားရမယ်လို့ ပြောပါတယ်။

မြန်မာဂိုးသမား ပြည့်လျှံအောင်ကို ဂျပန်နိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာနက ဒုက္ခသည်အဖြစ် လက်ခံရေး ရှေ့သီတင်းပတ်ထဲ ဆောင်ရွက်ပေးမှာဖြစ်ကြောင်း ဂျပန်သတင်းဌာန NHK က ကြေညာသွားပါတယ်။ ဂျပန်နိုင်ငံက ဒုက္ခသည်အဖြစ် လက်ခံပေးတဲ့အရေအတွက်ဟာ နှစ်စဉ် ဒါဇင်အနည်းငယ်လောက်သာ ရှိတာဖြစ်ပါတယ်။

ဒါပေမယ့် မေလထဲတုန်းကတော့ တရားရေးဝန်ကြီးဌာနက ဂျပန်နိုင်ငံတွင်း ရှိနေပြီးသား မြန်မာလူမျိုးတွေကို အရေးပေါ်အခြေအနေတခုသတ်မှတ်ပြီး နေထိုင်ခွင့်ကို တိုးချဲ့ပေးထားခဲ့ပါတယ်။

တိုကျိုမြို့၊ မြန်မာသံရုံးက စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ သံအရာရှိနှစ်ဦးကို စစ်ကောင်စီက အလုပ်ဖြုတ်ခဲ့ပြီး သူတို့ရဲ့ သံတမန်ဗီဇာတွေ တရားမဝင်တော့ဘူးလို့ ပြီးခဲ့တဲ့မတ်လမှာ ဂျပန်နိုင်ငံခြားရေးဌာနကို အကြောင်းကြားခဲ့ပေမယ့်လည်း ဂျပန်ဘက်က ဘာမှ အရေးယူလုပ်ဆောင်တာ မရှိဘူးလို့ ဂျပန်နိုင်ငံခြားရေးဌာန တာဝန်ရှိသူတဦးက AFP သတင်းဌာနကို ဒီကနေ့ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG