သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေးရှားကိုနိုင်ပြီး မြန်မာဆီမီးဖိုင်နယ်တက်


 မြန်မာအသင်းကို အားပေးနေသည့် ပရိသတ်များ (ဓါတ်ပုံ - မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်)
မြန်မာအသင်းကို အားပေးနေသည့် ပရိသတ်များ (ဓါတ်ပုံ - မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်)

၂၀၁၆ အာဆီယံ ဆူဇူကီဖလားဘောလုံးပွဲမှာတော့ အိမ်ရှင် မြန်မာအသင်းဟာ အုပ်စုနောက်ဆုံးပွဲမှာ အနိုင်ရပြီးတော့ ဆီမီးဖိုင်နယ်ကို တက်သွားပြီဖြစ်ပါတယ်။ ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်းမှာ မြန်မာအသင်း နဲ့ မလေးရှားအသင်းတို့ အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် နဲ့ ဒီကနေ့ ညနေက ကစားကြတာမှာ မြန်မာအသင်းက မလေးရှားအသင်းကို ၁ ဂိုး ဂိုးမရှိ နဲ့ အနိုင်ရသွားခဲ့တာဖြစ် ပါတယ်။ မြန်မာအသင်း အတွက် ၁ လုံးတည်းသောအနိုင်ဂိုးကိုတော့ မြန်မာကွင်းလယ်လူ ဒေးဗစ်ထန်းက ပွဲပြီးခါနီး မိနစ် ၉၀ အရောက်မှာ ပယ်နယ်တီဧရိယာအစပ်ကနေ ဘယ်ခြေ နဲ့ ကန်သွင်း သွားခဲ့တာဖြစ်ပါတယ်။

ဒီပွဲမှာ မြန်မာအသင်းဟာ ပထမပိုင်းမှာ ဂိုးသွင်းခွင့်တွေ အများအပြားရခဲ့ပြီး ဂိုးတိုင် ထိထွက်ခဲ့တာကြောင့် ဂိုးမရခဲ့သလို၊ ပထမပိုင်းမှာ ပယ်နယ်တီတလုံးရတာကို မလေးရှား ဂိုးသမား ကာကွယ်သွားခဲ့လို့ ဂိုးမရခဲ့ပါဘူး။ မြန်မာအသင်းဟာ ဒီပွဲနိုင် လိုက်တဲ့အတွက် ၂ ပွဲ နိုင် ၆ မှတ် နဲ့ ဆီမီးဖိုင်နယ်ကို တက်သွားခဲ့ပါတယ်။

မြန်မာအသင်း အနိုင်ဂိုးသွင်းခဲ့သည့် ဒေးဗစ်ထန်း
မြန်မာအသင်း အနိုင်ဂိုးသွင်းခဲ့သည့် ဒေးဗစ်ထန်း


ဒါ့အပြင် ဗီယက်နမ်အသင်းကလည်း ကမ္ဘောဒီးယားအသင်းကို ၂ ဂိုး ၁ ဂိုး နဲ့ နိုင် သွား တာကြောင့် ဗီယက်နမ်အသင်းက အုပ်စုဗိုလ်အနေနဲ့ ဆီမီးဖိုင်နယ်ကို တက် သွား ခဲ့ပြီး ၊ မြန်မာအသင်းကတော့ အုပ်စု ဒုတိယနဲ့ ဆီမီးဖိုင်နယ် တက်သွား ပါတယ်။

မြန်မာအသင်းဟာ ဆီမီးဖိုင်နယ်မှာတော့ ထိုင်းအသင်း နဲ့ တွေ့မှာဖြစ်ပြီး၊ ဗီယက်နမ် နဲ့ အင်ဒိုနီးရှားတို့တွေ့မှာပါ။ ဆီမီးဖိုင်နယ်ကိုတော့ ပထမအကျော့၊ ဒုတိယအကျော့ ၂ ပွဲ ကစားရမှာဖြစ်ပြီး၊ ပထမအကျော့ကိုတော့ ဒီဇင်ဘာ ၃ ရက် နဲ့ ၄ ရက်နေ့တွေမှာ ကစားရမှာဖြစ်ပြီး၊ ဒုတိယအကျော့ကိုတော့ ဒီဇင်ဘာ ၇ ရက် နဲ့ ၈ ရက်နေ့တွေမှာ ကစား ရမှာဖြစ်ပါတယ်။ ဒီဇင်ဘာ ၄ ရက်နေ့မှာတော့ မြန်မာအသင်းက ထိုင်း မြန်မာ နိုင်ငံမှာ ပထမအကေ ျာ့ကစားမှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG