သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာပြည်က ခိုးသွင်းလာတဲ့ ရွှေချောင်းတွေ အိန္ဒိယမှာ ဖမ်းမိ


အိန္ဒိယ ရူပီးငွေ သန်း(၃၀)တန်ဖိုးရှိတဲ့ မြန်မာနိုင်ငံက ရွှေချောင်းတွေကို အိန္ဒိယနိုင်ငံထဲ တရားမဝင် သယ်ဆောင်မှုအတွက် အနောက်ဘန်ဂေါ ပြည်နယ်သား တဦးကို ဖမ်းဆီးခဲ့တယ်လို့ DRI အိန္ဒိယ အခွန်ဘဏ္ဍာဆိုင်ရာ ထောက်လှမ်းရေးဌာနက တနင်္ဂနွေ မနေ့တုန်းက ပြောပါတယ်။

အလေးချိန် ၉.၂ ကီလိုဂရမ်ရှိတဲ့ ရွှေချောင်း ၅၆ ခုသယ်လာတဲ့ Purba Para ဆိုသူကို New Jalpaiguri နယူး-ဂျာပိုင်းအိဂူရီ ရထားဘူတာမှာ ဖမ်းမိခဲ့တာပါ။ မြန်မာနိုင်ငံနယ်စပ် မဏိပူရပြည်နယ် ကနေ အနောက်ဘန်ဂေါပြည်နယ် Kolkata မြို့ကို သယ်ဆောင်လာစဉ် အခုလို အဖမ်းခံရတာ ဖြစ်ပါတယ်။

မှောင်ခိုသယ်လာသူက ရွှေချောင်းကို အထူးချုပ်လုပ်ထားတဲ့ ခါးပတ်ထဲဝှက်ပြီး ခါးမှာပတ်လာသလို၊ သူစီးလာတဲ့ အားကစားဖိနပ်ထဲမှာလည်း ဝှက်ပြီး သယ်လာတာ ဖြစ်ပါတယ်။ အခုလို ဖမ်းမိတဲ့ ရွှေချောင်းတွေအပါဝင် DRI ဌာနက ဒီဘဏ္ဍာနှစ်အတွင်းဖမ်းမိတဲ့ ရွှေချောင်းနဲ့ လက်ဝတ် ပစ္စည်း စုစုပေါင်းအလေးချိန် (၃၄၅)ကီလိုဂရမ်ရှိပြီး၊ ကာလတန်ဖိုး ရူးပီငွေ သန်း(၁)ထောင်ကျော် ရှိတယ်လို့ဆိုပါတယ်။ အဲဒီလိုဖမ်းမိတဲ့ ရွှေတွေဟာ ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊ ဘရူနိုင်းနဲ့ တရုတ်နိုင်ငံက လာတဲ့ရွှေတွေ ဖြစ်ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG