သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ ရွှေတင်ပို့မှု ၂၀၁၉ မှာ တန်ချိန် ၂၀ ရှိလာနိုင်


Myanmar gold mining (I.M.W.) Tags: myanmar burma gold mine shan state plateau rock
Myanmar gold mining (I.M.W.) Tags: myanmar burma gold mine shan state plateau rock

မြန်မာနိုင်ငံဟာ ၂၀၁၉ ခုနှစ်မှာ ရွှေတန်ချိန် ၂၀ အထိ တင်ပို့နိုင်ခြေရှိတယ်လို့ ရွှေထုတ်လုပ်ရောင်းဝယ်လုပ်ငန်းထဲက အကြီးတန်း တာဝန်ရှိသူတဦးကို ကိုးကားပြီး ရိုက်တာသတင်းတပုဒ်မှာ ရေးထားပါတယ်။

ရွှေ ပြည်ပတင်ပို့တာကို မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၅၀ ကြာ ပိတ်ပင်ထားပြီး တဲ့ နောက် ဒီနှစ်အစောပိုင်းကမှ ပြန်ဖွင့်ပေးလိုက်တာပါ။ ဒါပေမဲ့လည်း အရည် အသွေးစစ်ဆေးတဲ့ ဓာတ်ခွဲခန်းတွေကနေ အသိအမှတ်ပြုလက်မှတ်တွေရဖို့ မြန်မာ့ရွှေလုပ်ငန်းရှင်တွေ ကြိုးစားနေရတာကြောင့် အခုချိန်ထိဆိုရင် တရုတ်နိုင်ငံ ကို ရွှေအလေးချိန် ကီလိုဂရမ်အနည်းငယ်ပဲ တင်ပို့နိုင်ပါသေးတယ်။

“အစစအဆင်ချောတယ်ဆိုရင်တော့ မြန်မာနိုင်ငံအနေနဲ့ နောက်နှစ်မှာ ရွှေ ၁၀ တန်ကနေ တန် ၂၀ အထိ တင်ပို့နိုင်ခြေရှိပါတယ်” လို့ အိန္ဒိယနိုင်ငံတောင်ပိုင်း၊ Kochi မြို့မှာကျင်းပတဲ့ အိန္ဒိယ နိုင်ငံတကာ ရွှေညီလာခံပြင်ပမှာ မြန်မာ့ရွှေ လုပ်ငန်းရှင်များအသင်းရဲ့ စီးပွားရေးလုပ်ငန်းခွဲဖြစ်တဲ့ မြန်မာ ရွှေ ဖွံ့ဖြိုး တိုးတက်ရေး အများပိုင်ကုမ္ပဏီလီမိတက်ရဲ့ အကြီးတန်းအကြံပေးပုဂ္ဂိုလ် Marcus Loke ကပြောတယ်ဆိုပြီး ရိုက်တာသတင်းမှာ ရေးထားပါတယ်။

ပြည်ပကို တရားဝင်တင်ပို့တာ တိုးလာတယ်ဆိုရင် အိန္ဒိယ၊ တရုတ်နဲ့ ထိုင်းနိုင်ငံတွေကို ရွှေခိုးထုတ်နေတာတွေ လျော့သွားမှာဖြစ် ပြီး ရွှေတူးဖော်သန့်စင်တဲ့ လုပ်ငန်းကနေ နိုင်ငံအတွက် အခွန်ငွေရလာမယ်လို့ Marcus Loke ကပြောပါတယ်။

“မြန်မာနိုင်ငံမှာ ရွှေထုတ်လာတာ ရာစုနှစ်ပေါင်းများစွာ ရှိနေပါပြီ။ ရွှေလုပ်ငန်းရှင် အသေးလေးတွေ အများကြီးရှိပါတယ်။ ဒါပေမဲ့ ပမာဏသေးပြီး စံနှုန်းသတ်မှတ်တာလည်း အားနည်းပါတယ်။ ဒါကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုရဖို့ ကြိုးစားနေပါတယ်” လို့လည်း Marcus Loke ကပြောပါတယ်။

မြန်မာနိုင်ငံမှာ မတူးဖော်ရသေးတဲ့ ရွှေရိုင်းတန်ချိန် ၁.၃ ဘီလီယံရှိပြီး အခုချိန်ထိဆိုရင် အဲဒီထဲက ၅% ပတ်ဝန်းကျင်လောက်ကိုပဲ တူးဖော် ထုတ်လုပ်ရသေးတယ်လို့လည်း Marchus Loke ကဆိုပါတယ်။

ကမ္ဘာပေါ်မှာ ရွှေအများဆုံး ဝယ်ယူသုံးစွဲတဲ့နိုင်ငံက တရုတ်နိုင်ငံဖြစ်ပြီး ဒုတိယကတော့ အိန္ဒိယနိုင်ငံဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG