သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ရွှေဝယ်တာမှာ ဘာတွေ သတိထားရမလဲ


ငွေကြေး ဖောင်းပွမှု အရေး စိုးရိမ်မှု၊ နောက်ဘဏ်မှာ ငွေအပ်တဲ့ စနစ် မတွင်ကျယ်သေးတဲ့ မြန်မာနိုင်ငံမှာ အများစုကတော့ ငွေမပျောက်ပျက်အောင် ရွှေ ၀ယ်ထားလေ့ ရှိပါတယ်။ ဒီလို လူထုနဲ့ တွင်တွင်ကျယ်ကျယ် ပတ်သက်နေတဲ့ ရွှေထည် အရောင်းအ၀ယ် ဈေးကွက်မှာ အရည်အသွေး အချိန်အတွယ်ပိုင်း စည်းမျဉ်း စည်းကမ်း သတ်မှတ်ချက်တွေ လစ်ဟင်းနေတာကြောင့် စိုးရိမ်ရတဲ့ အခြေအနေမျိုးတွေ ရှိလာနေပြီလို့ မန္တလေး အခြေစိုက် ရွှေဆိုင် လုပ်ငန်းရှင် ကိုကျော်နိုင်ဝင်းက ပြောပါတယ်။ မူဆယ်မှာ အလုပ်ကြမ်းသွားလုပ်ရင်း ငွေစုတဲ့ အနေနဲ့ ရွှေထည်ဝယ်ခဲ့သူက ကိုကျော်နိုင်ဝင်းရဲ့ ဆိုင်ကို ရွှေလာရောင်းမှ အတု ဖြစ်နေတာ သိခဲ့ရပြီးနောက် သူက အခုလို ပြောလိုက်တာပါ။ မသိင်္ဂီထိုက် ဆက်သွယ်မေးမြန်းပြီး စီးပွားရေး ကဏ္ဍမှာ တင်ပြထားပါတယ်။

ရွှေဝယ်တာမှာ ဘာတွေ သတိထားရမလဲ
please wait

No media source currently available

0:00 0:07:35 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG