သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သတ်မှတ်ဈေးအတိုင်း မရောင်းနိုင်ရင် ရွှေမရောင်းဖို့ သတိပေး


ရန်ကုန်မြို့က ရွှေဆိုင်တဆိုင်မှာ ရွှေလက်ကောက်တွေ ခင်းကျင်းထားပုံ
ရန်ကုန်မြို့က ရွှေဆိုင်တဆိုင်မှာ ရွှေလက်ကောက်တွေ ခင်းကျင်းထားပုံ

ရန်ကုန်တိုင်းထဲက ရွှေဆိုင်တွေ၊ ပြင်ပရွှေအရောင်းအဝယ် လုပ်နေကြသူတွေအနေနဲ့ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းက သတ်မှတ်ပေးတဲ့ ဈေးအတိုင်း အရောင်းအဝယ် မလုပ်နိုင်ရင် မရောင်းဖို့ သတိပေးလိုက်ပါတယ်။

၂၀၂၄ မတ်လဆန်းကစလို့ အခေါက်ရွှေ ၁ ကျပ်သားကို ကျပ် သိန်း ၄၀ ကျော်အထိ ဈေးတက်လာခဲ့တာ ဒီနေ့ မတ်လ ၁၆ ရက်နေ့မှာ ၁ ကျပ်သားကို ၄၁ သိန်း ၁ သောင်းကျော်ဈေး ရှိနေပါတယ်။ ပြင်ပဈေးကွက်မှာ ရွှေရောင်းနေသူတွေဟာ ကောလဟာလ သတင်းအမျိုးမျိုးကြောင့် တရားဝင်သတ်မှတ်ဈေးအတိုင်း မဟုတ်ဘဲ ရွှေဈေးတွေ ကစားနေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းရဲ့ ဒီနေ့ စနေနေ့ နေ့စွဲနဲ့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

ဒီအပေါ် စုံစမ်းစစ်ဆေးနေပြီး အရေးယူဆောင်ရွက်နေတယ်လို့လည်း ဆိုပါတယ်။ ဒါကြောင့် တရားဝင် သတ်မှတ်ဈေးနှုန်းအောက်မှာသာ အရောင်းအဝယ် လုပ်ကြဖို့ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းက ပြောကြားထားပါတယ်။ ဒီနေ့အတွက် သတ်မှတ်ဈေးနှုန်းက အခေါက်ရွှေ ၁ ကျပ်သားကို ကျပ် ၃၇ သိန်းကျော်ဖြစ်ပြီး ပြင်ပဈေးကွက်မှာ ကျပ် ၄၁ သိန်းကျော် အထိ မြင့်တက်နေပါတယ်။

တချိန်ထဲမှာပဲ နိုင်ငံခြား ငွေလဲနှုန်း မြင့်တက်စေဖို့ အွန်လိုင်းကတဆင့် လုပ်ကြံသတင်းတွေ ထုတ်ပြန်ပြီး လှုံ့ဆောင်နေသူတွေကို တရားစွဲဖို့ ပြင်ဆင်နေတယ်လို့ ဗဟိုဘဏ်က ထုတ်ပြန်ပါတယ်။ မတ်လ ၁၅ ရက်နေ့စွဲနဲ့ ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်မှာ မဟုတ်မမှန်သတင်းတွေ ထုတ်ပြန်ပြီး နိုင်ငံခြားငွေလဲနှုန်းတွေ မြင့်တက်အောင် လှုံ့ဆော်နေတယ်လို့ဆိုတဲ့ လူမှုကွန်ရက်စာမျက်နှာ၊ လူမှုကွန်ရက် Group၊ မိုဘိုင်းအက်ပလီကေးရှင်နဲ့၊ ဝဘ်ဆိုဒ်စာမျက်နှာတချို့ နာမည်တွေကိုလည်း ဖော်ပြထားပါတယ်။

Forum

XS
SM
MD
LG