သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာက ခိုးသွင်းတဲ့ ရွှေချောင်းတွေအိန္ဒိယမှာဖမ်းမိ


အိန္ဒိယမှာဖမ်းဆီးရမိထားသော မြန်မာနိုင်ငံက ရွှေချောင်းများ (NDTV)
အိန္ဒိယမှာဖမ်းဆီးရမိထားသော မြန်မာနိုင်ငံက ရွှေချောင်းများ (NDTV)

မြန်မာနိုင်ငံကနေ အိန္ဒိယနိုင်ငံထဲကို ကာလတန်ဖိုးအားဖြင့် အိန္ဒိယရူပီငွေ ၆. ၇၃ ကုဋေ တန်တဲ့ ရွှေချောင်း ကီလိုဂရမ် ၂၀ လောက် မှောင်ခိုသွင်းလာတာကို အနောက်ဘင်္ဂလား ပြည်နယ်က Kolkataနဲ့ သိပ်မဝေးတဲ့ Howrah မှာ ဖမ်းဆီးရမိတယ်လို့ အိန္ဒိယအစိုးရ ပြည်တွင်းဝင်ငွေဆိုင်ရာ စုံစမ်းစစ်ဆေးရေးအဖွဲ့ DRI က ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။

ရွှေချောင်း ခိုးသွင်းမှုနဲ့ ပတ်သက်ပြီး ဖမ်းဆီးထားသူ ၂ ဦးရှိတယ်လို့လည်း ပြောပါတယ်။

မြန်မာနိုင်ငံကနေ အိန္ဒိယနယ်စပ်ကို ဖြတ်ပြီး မဏိပူပြည်နယ်ထဲကို ခိုးသွင်းလာတဲ့ ရွှေချောင်း အမြောက်အများကို အနောက်ဘင်္ဂလားပြည်နယ်ထဲ ပို့မယ်ဆိုတဲ့ သတင်းရခဲ့ကြောင်းလည်း DRI က ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

ဖမ်းဆီးရမိတဲ့ ရွှေဟာ နိုင်ငံရပ်ခြားက ထွက်တဲ့ ရွှေဖြစ်ပြီး အလေးချိန် ၁၉.၉၂ ကီလိုဂရမ်လေး ပြီး ရူပီငွေ ၆ ကုဋေခွဲကျော်တန်တဲ့ ရွှေချောင်း ၁၂၀ ဖြစ်ပါတယ်။ ရွှေတွေကို အိတ်တွေ၊ ဖိနပ်တွေထဲ ထည့်ဖွက်ပြီး သယ်လာတာပါ။

အနောက်ဘင်္ဂလားပြည်နယ်နဲ့ အရှေ့မြောက်ပိုင်း ပြည်နယ်တလွှားမှာ ဖမ်းဆီးရမိတဲ့ မှောင်ခိုရွှေချောင်း တွေဟာ အခု ဘဏ္ဍာရေးနှစ် အတွင်းမှာပဲ ရူပီ ကုဋေပေါင်း ၁၃၀ လောက် ရှိနေပြီဖြစ်ပါတယ်။ ရွှေချောင်းတွေကို အိန္ဒိယနဲ့ နယ်မြေချင်း ထိစပ်နေတဲ့ ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊ နိပေါ၊ ဘူတန်နဲ့ တရုတ်နိုင်ငံတွေကနေ အိန္ဒိယထဲ မှောင်ခို ခိုးသွင်းမယ်လို့ ယုံကြည်ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG