သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့စီးပွါးရေး အလားအလာကောင်း IMF ခန့်မှန်း


ရန်ကုန်မြို့ရှိ Asia World ဆိပ်ကမ်းမြင်ကွင်းတခု။ အမေရိကန်ပြည်ထောင်စုက ဒဏ်ခတ်အရေးယူမှုတချို့ကို ဖြေလျှော့ထားပါတယ်။ ဒီဇင်ဘာ ၈၊ ၂၀၁၅။
ရန်ကုန်မြို့ရှိ Asia World ဆိပ်ကမ်းမြင်ကွင်းတခု။ အမေရိကန်ပြည်ထောင်စုက ဒဏ်ခတ်အရေးယူမှုတချို့ကို ဖြေလျှော့ထားပါတယ်။ ဒီဇင်ဘာ ၈၊ ၂၀၁၅။

မြန်မာနိုင်ငံရဲ့စီးပွားရေးဟာ ၂၀၁၆-၂၀၁၇ ခုနှစ်မှာ တည်ငြိမ်လာပြီလို့ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ IMF က ပြောလိုက်ပါ တယ်။ လက်ရှိအစိုးရသက်တမ်းပထမနှစ် ၂၀၁၆-၁၇ မှာ စိုက်ပျိုးရေးထွက်ကုန်နဲ့ပို့ကုန် လျော့ကျတာ၊ ရန်ကုန်တိုင်းမှာ ဆောက်လုပ်ရေးစီမံကိန်းတချို့ကို ယာယီ ရပ်ဆိုင်းလိုက်တာတွေကြောင့် ခန့်မှန်းတိုးတက်မှုနှုန်း ၅.၉% အောက် ပိုနည်းခဲ့တယ် လို့ မတ်လ ၂၈ ရက်နေ့စွဲနဲ့ IMF ရဲ့ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

ဒါပေမဲ့ ၂၀၁၇-၁၈ မှာ တိုးတက်မှုနှုန်း ၆.၇% ထိပြန်တက်လာမယ်လို့ ခန့်မှန်းထားပြီး စိုက်ပျိုးရေးနဲ့ပို့ကုန်ကဏ္ဍ ပြန်ကောင်းလာ တာကြောင့် အဓိကဖြစ်မယ်လို့ IMF ကပြောပါတယ်။ ငွေဖောင်းပွမှုနှုန်းဟာ ၆.၈% နဲ့ ခပ်ပျော့ပျော့ပဲရှိနေပြီး လိုငွေပြမှုကတော့ ၂၀၁၅-၁၆ မှာ ၅.၁% ရှိခဲ့ရာကနေ ၂၀၁၆-၁၇ မှာ ၃.၉% လောက်ကို ကျသွားမယ်လို့ IMF က ခန့်မှန်းပါတယ်။ အခွန်ငွေ ပိုရလာ တဲ့အတွက် ၂၀၁၇-၁၈ ဒုတိယနှစ်ဝက်မှာ ဘဏ္ဍာငွေ ပိုပြီးသုံးစွဲလာမယ်လို့ ခန့်မှန်းထားတာကြောင့် ဒီအချက်ကလည်း တိုးတက်မှု ကို အထောက်အကူဖြစ်စေမှာပါ။

အဲဒီလိုအလားအလာကောင်းတွေနဲ့အတူ သတိထားရမယ့် အန္တရာယ်တွေကလည်း ရှိနေပါတယ်။ အဲဒီထဲမှာ ဘဏ်လုပ်ငန်းကဏ္ဍ အနေနဲ့ အရေးပါတဲ့ စည်းမျဉ်းစည်းကမ်းအသစ်တွေနဲ့ လိုက်လျောညီထွေဖြစ်အောင် ချိန်ညှိရမှာ၊ ရခိုင်ပြည်နယ်က လူသား ဘေး ဒုက္ခအကျပ်အတည်းဟာ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ဘဏ္ဍာငွေကြေး ထောက်ပံ့မှုနဲ့ ရင်းနှီးမြှုပ်နှံသူတွေရဲ့ ယေဘုယျအမြင်သဘော ထားပေါ် သက်ရောက်မှုရှိနိုင်တာ၊ ကမ္ဘာလုံးဆိုင်ရာ ငွေကြေးဈေးကွက် မတည်ငြိမ်ဖွယ်ရှိတဲ့ အလားအလာကနေ လူသုံးကုန် ဈေးနှုန်းတွေ တက်လာနိုင်တာ၊ တရုတ်နိုင်ငံရဲ့ စီးပွားရေးအခြေအနေက မြန်မာနိုင်ငံပေါ် သက်ရောက်မှုရှိလာနိုင်တာနဲ့ သဘာဝ ဘေးအန္တရာယ် အလားအလာတွေကို IMF က သတိပေးထားပါတယ်။

တဘက်မှာတော့ အလားအလာကောင်းတွေအနေနဲ့ ပိုပြီးအသေးစိတ်တဲ့ မဟာဗျူဟာမြောက် ပြုပြင်ပြောင်းလဲရေးအစီအစဉ်ကို အကောင်အထည်ဖော်တာနဲ့ အခြေခံအဆောက်အအုံပိုင်းမှာ ရင်းနှီးမြှုပ်နှံတာကနေ တိုးတက်မှုအလားအလာ ပိုကောင်းလာမယ် လို့ IMF ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG