သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာလူ့အခွင့်အရေး ကော်မရှင်ကို အရေးယူမယ့်ကိစ္စ AHRC ကြိုဆို


မြန်မာလူ့အခွင့်အရေး ကော်မရှင် သြဂုတ်လ သတင်းစာ ရှင်းလင်းပွဲ
မြန်မာလူ့အခွင့်အရေး ကော်မရှင် သြဂုတ်လ သတင်းစာ ရှင်းလင်းပွဲ

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို မြန်မာအစိုးရက ဥပဒကြောင်း အရ အရေးယူဖို့ ပြင်ဆင်နေတာနဲ့ ပတ်သက်လို့ ဟောင်ကောင်အခြေစိုက် အာရှ လူ့အခွင့်အရေးကော်မရှင်က ကြိုဆိုလိုက်ပါတယ်။ လူ့အခွင့်အရေးကော်မရှင်ကို အခု အောက်တိုဘာလထဲ အရေးယူသွားဖို့ သမ္မတရုံးက စီစဉ်ဆောင်ရွက်နေတဲ့ သတင်းတွေ ထွက်ပေါ်လာအပြီး အခုလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ အကြောင်း စုံကို ကိုဉာဏ်ဝင်းအောင်က တင်ပြမှာပါ။

ရန်ကုန်မြို့ အင်းဝအထည်ချုပ်ဆိုင်မှာ အိမ်အကူလုပ်နေတဲ့ မစန်းကေခိုင်နဲ့ မသဇင် မိန်းကလေး ငယ်နှစ်ဦးကို အလုပ်ရှင်တွေက လုပ်ခရှင်း မပေးပဲ ကိုယ်လက်အင်္ဂါ ချို့တဲ့အထိ ညှင်းပမ်းနှိပ်စက်ခဲ့တဲ့ အမှုကို မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်က ကြားဝင်ဆောင်ရွက်ခဲ့ရာမှာ တရား မျှတမှု မရှိပဲ ပျက်ကွက်ခဲ့တာကြောင့် လူ့အခွင့် အရေးကော်မရှင် တာဝန်ရှိသူတချို့ကို အစိုးရက အရေးယူပေးဖို့ဆိုတဲ့ တိုက်တွန်း ချက်ကို ပြည်သူ့လွှတ်တော်က စက်တင်ဘာ ၂၆ ရက်နေ့မှာ မဲခွဲဆုံးဖြတ် အတည်ပြု ခဲ့ပါတယ်။

အင်းဝအထည်ချုပ်ဆိုင်ကိစ္စကို လူ့အခွင့်အရေးကော်မရှင်က ကြားဝင်ဆောင်ရွက် ခဲ့ပေမယ့် နစ်နာကြေးနဲ့ ကျေအေးဖို့ လုပ်ဆောင်ခဲ့တာပါ။ ဒီလုပ်ဆောင်ချက် အသေး စိတ်ကိုတင်ပြဖို့ သမ္မတရုံးက စက်တင်ဘာ၂၂ ရက်နေ့မှာ ညွှန်ကြားခဲ့ပြီး၊ တင်ပြချက် အပေါ် ဥပဒေကြောင်းအရ ဘယ်လို လုပ်ဆောင်နိုင်မလဲ ဆိုတာကို ပြည်ထောင် စုရှေ့နေချုပ်ရုံးရဲ့အကြံပေးချက်တွေအရ ဒီအောက်တိုဘာလထဲမှာ အရေးယူသွား မယ်လို့ သမ္မတရုံးပြောခွင့်ရ ဦးဇော်ဌေးက ပြောပါတယ်။

“ သမ္မတရုံးကနေပြီးတော့ လူ့အခွင့်အရေး ကော်မရှင်ကို စာထွက်ထားတယ် သမ္မတ ရုံးကို ပြန်တင်ပြဖို့ပေါ့နော်။ အဲဒီ လူ့အခွင့်အရေးကော် မရှင်က တင်ပြလာတဲ့ အပေါ်မှာ ပြည်ထောင်စု ရှေ့နေချုပ်ရုံးရဲ့ သဘောထား၊ ထင်မြင်ယူဆချက် အဲဒါကိုေ တာင်းခံတယ်။ အဲဒီဟာပေါ် မူတည်ပြီးတော့ ဥပဒေကြောင်းအရ သုံးသပ်ဆောင်ရွက် သွားမှာဖြစ်တယ်”

မြန်မာလူ့အခွင့်အရေးကော်မရှင်ကို အစိုးရက အရေးယူမယ့်ကိစ္စကို ဟောင်ကောင် အခြေစိုက် အာရှလူ့အခွင့်အရေး ကော်မရှင် AHRC က ကြိုဆိုကြောင်း အဖွဲ့ရဲ့ရှေ့နေ ဦးမင်းလွင်ဦးက ပြောပါတယ်။

“ ဒီကိစ္စကတော့ အရေးယူဖို့ လိုတယ်လို့ ကျနော်တို့လည်း မြင်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ လူ့အခွင့်အရေးကို တကယ် အကာအကွယ်ပေး စောင့်ရှောက်ရမယ့် အဖွဲ့အစည်းရဲ့ အကြီးအကဲတွေ ကို်ယ်တိုင်ကိုက ဒီလိုမျိုး လူ့အခွင့်အရေး ချိုးဖေါက် မှုကို မျက်ကွယ်ပြုပြီးတော့ ဆောင်ရွက်တဲ့ ကိစ္စရပ်တွေက နိူင်ငံတကာမှာ အလွန် မျက်နှာပျက်စရာတွေပဲ ဖြစ်တယ်။ အစိုးရရဲ့ သိက္ခာကိုလဲ ကျဆင်းစေတယ် ”

မြန်မာလူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင်
မြန်မာလူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင်

လူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင်တဦးဖြစ်တဲ့ ဦးဇော်ဝင်းကတော့ အင်းဝ အထည်ချုပ်ဆိုင် ကိစ္စမှာ သဘောရိုးနဲ့ လုပ်ဆောင်ခဲ့ ခြင်းသာဖြစ် တယ်လို့ ပြည်သူ့ လွှတ်တော်မှာ ရှင်းပြခဲ့ပါတယ်။

“ ဒီကိစ္စနဲ့ပတ်သက်လို့ သက်ဆိုင်ရာ ဌာနက လိုအပ်သလို ဆောင်ရွက်နိူင်ရေး အတွက် အကြောင်းကြားခဲ့ခြင်း ဖြစ်ပါတယ်။ ဒုတိယ အနေဖြင့် နစ်နာမှုများအား ကုစားပေးနိူင်ရေးအတွက် သဘောရိုးဖြင့် ဆောင်ရွက်ခဲ့ခြင်းသာ ဖြစ် ပါကြောင်း လေးစားစွာ တင်ပြအပ်ပါတယ် ခင်ဗျား ”

ပြစ်မှုဆိုင်ရာဥပဒေတွေနဲ့ ညိစွန်းနေတာသိလျက်နဲ့ နစ်နာကြေးနဲ့ ကျေအေးဖို့ လုပ်ဆောင်ချက်ဟာ လူ့အခွင့်အရေးကော်မရှင်ရဲ့အမှားဖြစ် တယ်လို့ ရှေ့နေ ဦးမင်းလွင်ဦးက ထောက်ပြပါတယ်။

“ ကော်မရှင်အဖွဲ့ဝင် ဦးဇော်ဝင်းကိုယ်တိုင်က .. သဘောရိုးနဲ့ ဆောင်ရွက်တယ်လို့ သူက ထုချေထားတဲ့အပေါ်မှာ၊ တကယ် သဘောရိုး ဖြစ်သလား မဖြစ်ဘူးလား၊ ဒါကို ရှေ့နေချုပ်ရုံးကလည်း စုံစမ်းစစ်ဆေးမှု လုပ်လာမယ်လို့ ကျနော်တို့ မြင်တယ်။ အဲဒီတော့ ပြစ်မှုဆိုင်ရာ ဥပဒေ တွေနဲ့ ညိစွန်းနေမှန်း သိလျက်နဲ့ ဒီကိစ္စကို သက်ဆိုင်ရာ ရဲစခန်းကို အရေးယူဖို့အတွက် ညွှန်ကြားခြင်း မပြုတာကိုကပင် လူ့အခွင့်အရေး ကော်မရှင်ရဲ့ အမှားဖြစ်နေတယ် ဆိုတာကို ကျနော်တို့တွေ့ရတယ်။ အဲဒီတော့ အဲဒီအပေါ်မှာ ရာထူးကနေ အနားပေးပြီးတဲ့ အခါကျတော့မှ ပြစ်မှုဆိုင်ရာ ဥပဒေတွေအရ ဆက်လက် အရေးယူဖို့အတွက် ရှေ့နေချုပ်ရုံးက ဆောင်ရွက်မယ် ဆိုတာတွေ ဖြစ်လာနိူင်တယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ် ”

အိမ်အကူတွေကို ညှင်းပမ်းနှိပ်စက်ခဲ့တဲ့ အင်းဝအထည်ချုပ်ဆိုင် တာဝန်ရှိသူတွေကို အမှုဖွင့်ထားပြီး ဖမ်းဆီးထားပါတယ်။ ဒီအမှုမှန်ပေါ်ပေါက် ရေးအတွက် ကြားဝင်ဆောင်ရွက်ခဲ့တဲ့ Myanmar Now သတင်းထောက်ချုပ် ကိုဆွေဝင်း ကို နိုင်ငံတော်သမ္မတက ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခဲ့သလို၊ အောက်တိုဘာ ၁ ရက်နေ့မှာ ကျရောက်တဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့မှာ တာဝန်သိပြည်သူတဦးအဖြစ် ‘ရဲချုပ်ဆု’ကို နေပြည် တော်မှာ ချီးမြှင့်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG