သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အကျဉ်းသား ၄၅၀ လွှတ်မည်


မြန်မာအစိုးရအနေနဲ့ အကျဉ်းထောင်တွေထဲက အကျဉ်းသား ၄၅၀ ကို အမေရိကန်သမ္မတ အိုဘားမား မလာရောက်ခင် ပြန်လွှတ်ပေးမယ်လို့ မြန်မာ သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေး ကို မြန်မာနိုင်ငံ အခြေစိုက် သတင်းဌာနတွေက ဖော်ပြနေကြပါတယ်။ ဒါပေမဲ့ ဒီအထဲမှာ နိုင်ငံရေး အကျဉ်းသားတွေ ပါမယ်၊ မပါဘူးဆိုတာကတော့ ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့ ဆိုပါတယ်။ ဒီသတင်းနဲ့ ပတ်သက်ပြီး Amnesty International ခေါ် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ရဲ့ အာရှရေးရာ တာဝန်ခံ မစ္စတာ T Kumar က အခုလို ပြောကြားလိုက်ပါတယ်။

“အခု လွှတ်ပေးမယ်ဆိုတဲ့ ၄၅၀ ထဲမှာ ရာဇဝတ်သားတွေ ဘယ်လောက် ပါနေသလဲဆိုတာ ကျနော် တို့ မသိပါဘူး၊ ဒါကြောင့် အစိုးရအနေနဲ့ ဘယ်သူတွေကို လွှတ်ပေးမယ်၊ ဘယ်သူတွေကို လွှတ်ပေး တယ် ဆိုတာကို တရားဝင် ထုတ်ပြန်ပေးဖို့ လိုပါတယ်။ ယုံကြည်မှုကြောင့် အကျဉ်းကျနေ သူတွေ ဘယ်လောက်ပါနေတယ်ဆိုတာကို ဒီလို ထုတ်ပြန်တဲ့အခါမှသာ ကျနော်တို့ သိနိုင်တာ ဖြစ်ပါ တယ်။ အခုအချိန်အထိ သူတို့ဟာ ဘာကြောင့် အားလုံးကို မလွှတ်ပေးနိုင်ဘူးလဲဆိုတာကို ကျနော်တို့ သိပ် နားလည်ရ ခက်ပါတယ်။”

သမ္မတအိုဘားမားသွားရောက်မယ့် ခရီးဟာ မြန်မာနိုင်ငံအတွက် အတော် အကျိုးရှိမဲ့ ခရီးစဉ်ဖြစ်တဲ့ အတွက် ဒီခရီးစဉ်မတိုင်ခင် ယုံကြည်မှုကြောင့် အကျဉ်းကျနေသူ အားလုံးကို လွှတ်ပေးသင့်တယ် လို့လည်း မစ္စတာ ကူးမားရ်က ဆက်ပြောပါတယ်။

“သမ္မတအိုဘားမားသွားရောက်မယ့် ခရီးစဉ်ဟာ မြန်မာနိုင်ငံအတွက် သိပ်ကို အရေးပါတဲ့၊ ကြီးမဉ်ားတဲ့ အင်အားပေးမှု တရပ်ဖြစ်ပါတယ်။ ဒီအချိန်မှာ မြန်မာနိုင်ငံအနေနဲ့ ယုံကြည်မှုကြောင့် အကျဉ်းကျနေတဲ့ အကျဉ်းသားတွေ အားလုံးကို လွှတ်ပေးဖို့ လိုအပ်ပါတယ်။ ဒါကို ကျနော်တို့ အမြဲတမ်း တောင်းဆို နေခဲ့တာ ဖြစ်ပါတယ်။ ကျနော်တို့ဆီမှာ မှတ်သားထားတဲ့ စာရင်းဇယားအရ ယုံကြည်မှုကြောင့် အကျဉ်းကျနေတဲ့ လူတွေရဲ့ အရေအတွက်ဟာ အများကြီး ရှိနေပါတယ်။

..ဆိုတော့ အခုလွှတ်ပေးလာတဲ့ စာရင်းအတိုင်း ကျနော်တို့ နှိုင်းယှဉ်စစ်ဆေး ကြည့်ပြီးတဲ့အခါမှ ဘယ်နှစ်ယောက် ကျန်သေးတယ်ဆိုတာကို ကျနော်တို့ ပြောနိုင်မှာဖြစ်ပါတယ်။”

ဒီလို နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးမယ်ဆိုတဲ့သတင်းကိုတော့ နိုဝင်ဘာလ ၁၅ ရက်နေ့ ထုတ် အစိုးရသတင်းတွေမှာ တရားဝင် ကြေညာမယ်လို့ ဦးဇော်ဌေးကို ကိုးကားပြီး မြန်မာ အခြေစိုက် သတင်းဌာနတွေက ဖော်ပြနေကြပါတယ်။ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့တွေက မစ္စတာ အိုဘားမား မြန်မာနိုင်ငံကို သွားရောက်တဲ့အခါ တိုင်းရင်းသား ပဋိပက္ခတွေ ဖြေရှင်းရေးနဲ့အတူ အကယုံကြည်မှုကြောင့် အကျဉ်းကျခံနေရသူတွေ အားလုံး လွတ်မြောက်ရေးကိုလည်း တောင်း ဆိုနေကြတာ ဖြစ်ပါတယ်။
XS
SM
MD
LG