သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီလက်နက်ပွဲစားယူဆရသူ စီးပွားရေးသမားတဦးလုပ်ကြံခံရ 


စစ်ကောင်စီအတွက် လက်နက်ပွဲစားဟု ယူဆထားပြီး Urban Owls အဖွဲ့က ပစ်မှတ်ထား တိုက်ခိုက်ခဲ့သူ ဉာဏ်လွင်အောင် (Photo from: Urban Owls' facebook)
စစ်ကောင်စီအတွက် လက်နက်ပွဲစားဟု ယူဆထားပြီး Urban Owls အဖွဲ့က ပစ်မှတ်ထား တိုက်ခိုက်ခဲ့သူ ဉာဏ်လွင်အောင် (Photo from: Urban Owls' facebook)

မြန်မာစစ်တပ်အတွက် လက်နက်ပွဲစားလုပ်ပေးနေတယ်ဆိုတဲ့ စီးပွားရေး လုပ်ငန်းရှင်တဦးကို အသေပစ်သတ်ခဲ့ကြောင်း မြန်မာလက်နက်ကိုင်အဖွဲ့တခုက ပြောလိုက်ပါတယ်။ ဒါဟာဆိုရင် စစ်တပ်အုပ်ချုပ်မှုကိုဆန့်ကျင်နေတဲ့ လက်နက်ကိုင်အဖွဲ့တွေရဲ့ လုပ်ကြံသတ်ဖြတ်မှုလည်း ဖြစ်ပါတယ်။

ရန်ကုန်မြို့လယ်က လမ်းဘေး စားသောက်ဆိုင်မှာ တနင်္လာနေ့ည ၁၀ နာရီမှာ ထမင်းကျော်စားနေတဲ့ ကိုဉာဏ်လွင်အောင်ကို သေနတ်သမားတွေက သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့ကြကြောင်း မျက်မြင်တွေ့သူ၊ မီဒီယာဖော်ပြချက်တွေနဲ့ Urban Owls အဖွဲ့ရဲ့ ကြေညာချက်တို့မှာ ဖော်ပြပါတယ်။ ဖိနှိပ်ချုပ်ချယ်တဲ့ စစ်တပ်နဲ့ ဆက်စပ်ပတ်သက်နေသူတွေနဲ့ စီးပွားရေး လုပ်ငန်းရှင်တွေ အားလုံး အတွက် သတိပေးချက် ဖြစ်တယ်လို့လည်း လက်နက်ကိုင် Urban Owls ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အဲဒီ စားသောက်ဆိုင်မှာ တိုက်ခိုက်ခံရတဲ့ညက စားသောက်နေသူတဦးကလည်း စားသောက်ဆိုင်မှာ စားသောက်နေသူတဦး ပြင်းထန်တဲ့ဦးခေါင်းဒဏ်ရာနဲ့ ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်လိုက်တာကို မျက်မြင်တွေ့ခဲ့ကြောင်း ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။ ဖမ်းဆီးခံရမယ့်အရေး စိုးရိမ်ချက်ကြောင့် သူ့ရဲ့နာမည်ကိုတော့ ထုတ်ဖော် မပြောပါဘူး။

နိုင်ငံတဝန်းက မြို့တွေမှာ လတ်တလော လပိုင်းတွေအတွင်း ပစ်မှတ်ထား သတ်ဖြတ်မှုတွေနဲ့ ဗုံးခွဲတိုက်ခိုက်မှုတွေကို အလားတူ လက်နက်ကိုင်အဖွဲ့တွေက လုပ်နေကြပါတယ်။ စစ်တပ်နဲ့ ပူးပေါင်းဆောင်ရွက်သူတွေ ဒါမှမဟုတ်လည်း သတင်းပေးတွေအဖြစ် ယူဆခံရသူတွေကို ပစ်မှတ်ထား တိုက်ခိုက်ခံရလေ့ ရှိပါတယ်။

စစ်ကောင်စီလက်နက်ပွဲစားယူဆရသူ စီးပွားရေးသမားတဦးလုပ်ကြံခံရ
please wait

No media source currently available

0:00 0:01:18 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG