ျမန္မာႏိုင္ငံမွာ အရပ္သားေတြကို ေသနတ္ကိုင္ေဆာင္ခြင့္ လိုင္စင္ထုတ္ေပးဖို႔ျပဳတဲ့ ဗြီအိုေအအေနနဲ႔ေတာ့ သီးျခားတည္ျပဳလို႔မရေသးတဲ့ စစ္ေကာင္စီ ဥပေဒမူတခု ထြက္ေနၿပီး သတင္းမီဒီယာေတြမွာလည္း ဒါကို ေဖာ္ျပေနၾကပါတယ္။
စာမ်က္ႏွာ ၁၅ မ်က္ႏွာပါတဲ့ "ႏိုင္ငံေတာ္အေပၚ သစၥာေစာင့္သိ"တဲ့ အရပ္သားေတြအတြက္ လက္နက္ကိုင္ေဆာင္ခြင့္ လိုင္စင္ဥပေဒမူၾကမ္း ထြက္လာတာနဲ႔ ပတ္သက္လို႔ မွန္ကန္မႈ႐ွိမ႐ွိ စစ္ေကာင္စီ ေျပာခြင့္ရကို ဗြီအိုေအက ဆက္သြယ္ေမးျမန္းတာမွာေတာ့ ဒီကိစၥ သူ႔အေနနဲ႔ ေသခ်ာမသိ႐ွိထားေသးတဲ့ အေၾကာင္းသာ တုံ႔ျပန္ပါတယ္။
စစ္ေကာင္စီ ျပည္ထဲေရးဝန္ႀကီးဌာနက ေပါက္ၾကားလာဖြယ္႐ွိတဲ့ ဒီဥပေဒမူၾကမ္း စာ႐ြက္စာတမ္းထဲမွာ ေသနတ္လိုင္စင္ရဖို႔ ေလွ်ာက္ထားသူေတြအတြက္ စံသတ္မွတ္ခ်က္ေတြ ပါဝင္ပါတယ္။ အသက္ ၁၈ ႏွစ္ျပည့္သူေတြ ေသနတ္ကိုင္ေဆာင္ခြင့္လိုင္စင္ကို ေလွ်ာက္ထားႏိုင္ၿပီး ႏိုင္ငံေတာ္သစၥာ ေစာင့္သိမႈဆိုတဲ့အခ်က္ လိုအပ္တဲ့အျပင္ လုံျခဳံေရးအရ ေသနတ္တလက္ ကိုင္ဆိုင္ခြင့္ လိုအပ္ေၾကာင္း သက္ေသျပႏိုင္ရမယ္ဆိုတဲ့ သတ္မွတ္ခ်က္ေတြကို ေဖာ္ျပထားပါတယ္။
ဒါအျပင့္ တန္ျပန္ႏွိမ္နင္းေရးအဖြဲ႔ေတြ၊ ျပည္သူ႔စစ္အဖြဲ႔ေတြနဲ႔ စစ္တပ္ကေန အၿငိမ္းစားယူထားသူေတြအေနနဲ႔ လိုင္စင္ခြင့္ျပဳခ်က္ရထားသေ႐ြ႕ ပစၥတို၊ ႐ိုက္ဖယ္နဲ႔ စက္ေသနတ္ေတြကို ကိုင္ေဆာင္ခြင့္႐ွိေၾကာင္းလည္း အဲဒီ ဥပေဒမူၾကမ္းမွာ ေရးသားထားပါတယ္။
ေလ့လာသုံးသပ္သူေတြကေတာ့ အရပ္သားေတြကို ေသနတ္ကိုင္ခြင့္ျပဳတာဟာ စစ္ေကာင္စီကို လိုလားတဲ့ အဖြဲ႔ေတြကို အခြင့္အာဏာေပးရာ ေရာက္ႏိုင္ၿပီး ႏိုင္ငံတဝန္း ျဖစ္ေပၚေနတဲ့ စစ္တပ္နဲ႔ လက္နက္ကိုင္ေတာ္လွန္ေရးတပ္ဖြဲ႔ေတြၾကား ေန႔စဥ္နီးပါး အျပန္အလွန္ တိုက္ခိုက္မႈေတြကို ပိုၿပီးအ႐ွိန္ျမင့္လာမြာ စိုးရိမ္ရတယ္လို႔ သုံးသပ္ေျပာဆိုေနၾကပါတယ္။
=== Unicode ====
မြန်မာနိုင်ငံမှာ အရပ်သားတွေကို သေနတ်ကိုင်ဆောင်ခွင့် လိုင်စင်ထုတ်ပေးဖို့ပြုတဲ့ ဗွီအိုအေအနေနဲ့တော့ သီးခြားတည်ပြုလို့မရသေးတဲ့ စစ်ကောင်စီ ဥပဒေမူတခု ထွက်နေပြီး သတင်းမီဒီယာတွေမှာလည်း ဒါကို ဖော်ပြနေကြပါတယ်။
စာမျက်နှာ ၁၅ မျက်နှာပါတဲ့ "နိုင်ငံတော်အပေါ် သစ္စာစောင့်သိ"တဲ့ အရပ်သားတွေအတွက် လက်နက်ကိုင်ဆောင်ခွင့် လိုင်စင်ဥပဒေမူကြမ်း ထွက်လာတာနဲ့ ပတ်သက်လို့ မှန်ကန်မှုရှိမရှိ စစ်ကောင်စီ ပြောခွင့်ရကို ဗွီအိုအေက ဆက်သွယ်မေးမြန်းတာမှာတော့ ဒီကိစ္စ သူ့အနေနဲ့ သေချာမသိရှိထားသေးတဲ့ အကြောင်းသာ တုံ့ပြန်ပါတယ်။
စစ်ကောင်စီ ပြည်ထဲရေးဝန်ကြီးဌာနက ပေါက်ကြားလာဖွယ်ရှိတဲ့ ဒီဥပဒေမူကြမ်း စာရွက်စာတမ်းထဲမှာ သေနတ်လိုင်စင်ရဖို့ လျှောက်ထားသူတွေအတွက် စံသတ်မှတ်ချက်တွေ ပါဝင်ပါတယ်။ အသက် ၁၈ နှစ်ပြည့်သူတွေ သေနတ်ကိုင်ဆောင်ခွင့်လိုင်စင်ကို လျှောက်ထားနိုင်ပြီး နိုင်ငံတော်သစ္စာ စောင့်သိမှုဆိုတဲ့အချက် လိုအပ်တဲ့အပြင် လုံခြုံရေးအရ သေနတ်တလက် ကိုင်ဆိုင်ခွင့် လိုအပ်ကြောင်း သက်သေပြနိုင်ရမယ်ဆိုတဲ့ သတ်မှတ်ချက်တွေကို ဖော်ပြထားပါတယ်။
ဒါအပြင့် တန်ပြန်နှိမ်နင်းရေးအဖွဲ့တွေ၊ ပြည်သူ့စစ်အဖွဲ့တွေနဲ့ စစ်တပ်ကနေ အငြိမ်းစားယူထားသူတွေအနေနဲ့ လိုင်စင်ခွင့်ပြုချက်ရထားသရွေ့ ပစ္စတို၊ ရိုက်ဖယ်နဲ့ စက်သေနတ်တွေကို ကိုင်ဆောင်ခွင့်ရှိကြောင်းလည်း အဲဒီ ဥပဒေမူကြမ်းမှာ ရေးသားထားပါတယ်။
လေ့လာသုံးသပ်သူတွေကတော့ အရပ်သားတွေကို သေနတ်ကိုင်ခွင့်ပြုတာဟာ စစ်ကောင်စီကို လိုလားတဲ့ အဖွဲ့တွေကို အခွင့်အာဏာပေးရာ ရောက်နိုင်ပြီး နိုင်ငံတဝန်း ဖြစ်ပေါ်နေတဲ့ စစ်တပ်နဲ့ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေကြား နေ့စဉ်နီးပါး အပြန်အလှန် တိုက်ခိုက်မှုတွေကို ပိုပြီးအရှိန်မြင့်လာမွာ စိုးရိမ်ရတယ်လို့ သုံးသပ်ပြောဆိုနေကြပါတယ်။