သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တီဘီ တိုက်ဖျက်ရေး တာဝန်ရှိမှု


တီဘီရောဂါသည် လူနာ၏ x-ray ကို ဆရာဝန်က စစ်ဆေးကြည့်ရှု (AP Photo/Channi Anand)
တီဘီရောဂါသည် လူနာ၏ x-ray ကို ဆရာဝန်က စစ်ဆေးကြည့်ရှု (AP Photo/Channi Anand)

တီဘီရောဂါ ကူးစက်မှု လျော့ချရေးနဲ့ ပပျောက်စေရေး တာဝန်ယူ၊ တာဝန်ခံမှု ရှိကြဖို့ အရေးကြီးတယ်လို့ ကျန်းမာရေးပညာရှင်တွေက အကြံပြုထောက်ပြနေပါတယ်။

တီဘီဖြစ်နေတဲ့ လူနာတွေ၊ အုပ်ချုပ်သူတွေ၊ လူမှုအဖွဲ့တွေ၊ နိုင်ငံတကာအဖွဲ့တွေမှာ တီဘီ ကူးစက်မှုလျော့ချဖို့နဲ့ ပပျောက်စေဖို့ တာဝန် ရှိပါတယ်။ တီဘီဟာ ပြည်သူ့ကျန်းမာရေး ပြဿနာ ဖြစ်လာပြီး၊ ရောဂါဖြစ်နေသူတွေ ပျောက်ကင်းတဲ့အထိ ကုသမှုရရေး ကျန်းမာရေးဆိုင်ရာ အခွင့်အရေး ရှိလာလို့ပါ။ တချိန်ထဲမှာပဲ ဒီလူနာတွေကလည်း ပျောက်ကင်းတဲ့အထိ ဆေးပတ်ကုန်အောင် ကုသမှုခံယူဖို့ တာဝန် ရှိလာပြန်ပါတယ်။ သို့မှသာ မိမိကိုယ်တိုင် သက်သာတာအပြင်၊ ပတ်ဝန်းကျင်ကိုလည်း ကူးစက်မှု မဖြစ်စေမှာပါ။ အုပ်ချုပ်သူတွေ၊ လူမှုအဖွဲ့တွေအနေနဲ့လည်း နိုင်ငံတကာအဖွဲ့တွေကနေ တီဘီဆိုင်ရာ အကူအညီ ရပိုင်ခွင့် ရှိသလို၊ ကိုယ်တိုင်လည်း တီဘီ ကာကွယ်ကုသရေးမှာ ဘတ်ဂျက်ငွေသုံးဖို့ တာဝန် ရှိပါတယ်။

တီဘီ လူနာတွေအနေနဲ့ ဆေးပတ်ကုန်အောင် ကုသမူခံယူဖို့ လိုတာက တခြားလူကို ကူးစက်မှုလျော့ချဖို့အပြင်၊ ဆေးယဉ်ပါးတီဘီ ကာကွယ်ရေးအတွက်လည်း အရေးကြီးပါတယ်။ ဒီလူနာတချို့က ဆေးပတ်ကုန်အောင် ကုသမှုမခံယူဘဲ အနည်းငယ်သက်သာတာနဲ့ ဆေးတွေကို ရပ်လိုက်တာကြောင့်၊ ဆေးယဉ်ပါး တီဘီပိုးတွေ ဆင့်ကဲပေါ်ပေါက်လာခဲ့ကာ Multi-Drug Resistant (MDR) TB ဖြစ်လာခဲ့ရပါတယ်။ ဒီအတွက် တီဘီ ဖြစ်လာတာနဲ့ ဆေးယဉ်ပါးပိုး ဟုတ်မဟုတ်ပါ ဆက်စစ်ဆေးရကာ၊ နောက်ပေါ်ဆေး တစ်မျိုး နှစ်မျိုးထက်ပိုပေးရတဲ့ ကုသမှု (MDR TB Therapy) ပေးလာရပါတယ်။ တချိန်ထဲမှာ ငုပ်လျိုးတီဘီအတွက် ကာကွယ်ပေးတဲ့ ကုသမှု (TB Preventive Therapy - TPT) လည်း ရှိပါသေးတယ်။

တချိန်ထဲမှာ တီဘီကူးစက်ခံရဖို့ လွယ်နိုင်တဲ့ ဆေးလိပ်သောက်သူနဲ့ ဆီးချိုရောဂါအခံ ရှိသူတွေလည်း ကာကွယ်ဖို့နဲ့ တီဘီဆေးစစ်ခံဖို့ တာဝန်ရှိပါတယ်။ အင်ဒိုနီးရှားမှာ တွေ့ရှိထားချက်အရ တီဘီဖြစ်သူ သုံးပုံတစ်ပုံဟာ ဆေးလိပ်သောက်သူ (သို့မဟုတ်) ဆေးလိပ်သောက်ပြီး ဖြတ်ထားသူတွေ ဖြစ်နေပါတယ်။ ဆေးလိပ်ဆိုတာမှာလည်း နောက်ပေါ် E-စီးကရက် (ဆေးလိပ်ငွေ့ရှုတာ) လည်း ပါဝင်ပါတယ်။ ဆီးချိုသွေးချို လူနာတွေမှာ ခုခံအားစနစ်ကျဆင်းနေပြီး တီဘီပိုးကို မခုခံ မတိုက်ထုတ်နိုင်တာကြာင့် တီဘီ ပိုဖြစ်နိုင်ပါတယ်။ ကူးစက်ပျံပွားမှု မများစေအောင် ဆီးချို (သွေးတွင်းသကြားဓာတ်) ကို ပုံမှန်မှာ ထိန်းထားနိုင်တဲ့ ကုသမှုခံယူပြီး၊ တီဘီ ဆေးစစ်ရှာဖွေမူမှာပါ ပူးပေါင်းပါဝင်ပေးဖို့ တာဝန် ရှိလာပါတယ်။

ဒီအကြောင်း ပိုမိုသိရှိနိုင်ဖို့ ကိုဝင်းမင်းက Health Digest ကျန်းမာရေးနှင့်ဆေးပညာဂျာနယ် အငြိမ်းစားအယ်ဒီတာချုပ်နဲ့ ပြည်သူ့ကျန်းမာရေးဖေါင်ဒေးရှင်း အလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာတင်မောင်ထွေး (ခေါ်) ဒေါက်ထွေး (ဆေး/မန်း) ကို ဆက်သွယ်မေးမြန်းပြီး တင်ပြလိုက်ပါတယ်။

Forum

XS
SM
MD
LG