တိုက်ခန်းတွေကို အရစ်ကျနဲ့ ၀ယ်နိုင်ဖို့ အတွက် ဘဏ်တွေက ငွေချေးပေးနေပါပြီ။ ကိုယ့်ရဲ့ ၀င်ငွေ အတိုင်းအတာ အလိုက် ဘဏ်ချေးငွေ လျှောက်လို့ ရတယ်ဆိုပေမယ့် ဘဏ်တိုးနှုန်းကတော့ ကြီးနေပါသေးတယ်လို့ အိမ်ခြံမြေ လုပ်ငန်းရှင် အ၀န်းအ၀ိုင်းက ပြောပါတယ်။ ဒါပေမယ့် အိမ်ခြံမြေ ဈေးအေးနေချိန်မှာ တကယ်နေမယ့်သူတွေ အတွက် ၀ယ်ယူဖို့ တန်တဲ့ အခြေအနေလား ရင်းနှီးမြှပ်နှံသူတွေ အတွက် အချိန်ကောင်းလားဆိုတာကို Myanmar Developer Association ရဲ့ အတွင်းရေးမှူး ဦးဇော်ရဲဝင်းနဲ့ ဆွေးနွေးထားတာကို ဒီသတင်းပတ် စီးပွားရေး ကဏ္ဍမှာ နားဆင်ကြရပါမယ်။ မသိင်္ဂီထိုက် စီစဉ် တင်ဆက်ထားပါတယ်။