အခုရက်ပိုင်း အတွင်း ပြည်သူတွေ စိတ်အဝင်စားဆုံး သတင်းတစ်ပုဒ်ကတော့ ရန်ကုန်မြို့လည်က နာမည်ကြီး အင်း၀ အပ်ချုပ်ဆိုင်မှာ အိမ်အကူ အလုပ် လုပ် ကိုင်နေတဲ့ မိန်းကလေးနှစ်ယောက် နှစ်ပေါင်းများစွာ အကြီးအ ကျယ် နှိပ်စက်ခံ ခဲ့ရတယ် ဆိုတဲ့ သတင်းပါ။ မြန်မာနိုင်ငံမှာ အိမ်ရှင်တွေက အိမ်အကူတွေ ကို နှိပ်စက်တယ်ဆိုတာ သိပ်ပြီး ထူးဆန်းတဲ့ သတင်းမဟုတ်ပေ မယ့် နောက်ဆက် တွဲအနေနဲ့ အဲဒီ မှုခင်း မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်ဆီ ကို ရောက်သွား တာ၊ ကော်မရှင်ကနေ အိမ်ရှင်နဲ့ အိမ်အကူ မိဘတွေကို ခေါ်ယူ တွေ့ဆုံ ညှိနှိုင်းပေးပြီး လျော်ကြေး သိန်း ၅၀ နဲ့ ကြေအေးစေခဲ့တာ၊ ဒီအကြောင်း မီဒီယာ အနှံ့အပြား မှာ ဖော်ပြခဲ့ပြီးနောက် မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်က သတင်းစာ ရှင်းလင်းပွဲလုပ်တာ၊ သတင်းစာ ရှင်းလင်းပွဲမှာ ကော်မရှင် တာဝန်ရှိ သူတွေနဲ့ သတင်းထောက်တွေ အပြန်အလှန် အခြေအ တင်တွေ ဖြစ်ကြ တာ၊ ကော်မရှင်ကို ပြည်သူလူထု ဝေဖန်မှု မြင့်တက်လာပြီး အခုနောက် ဆုံး ကော်မရှင်ကို အရေးယူဖို့ လွှတ်တော်တွင်း အရေးကြီး အဆိုတင်တာ စသဖြင့် ဆင့်ကဲ ဆင့်ကဲ ပြသနာတွေ ပေါ်ခဲ့လို့လဲ ဖြစ်ပါတယ်။ အခုဖြစ်ပေါ်ခဲ့တဲ့ ပြသနာဟာ အိမ်ရှင်က အိမ်အကူကို နှိပ်စက်တယ် ဆိုတဲ့ သေးသေးမွှား မွှား ပြသနာမျိုးလောက် ပဲလား၊ တိုင်းပြည်နဲ့ ချီပြီး သင်ခန်းစာယူဖို့ရော မလိုအပ်ဘူးလား ဆိုတာ ဆွေးနွေး တင်ပြသွားပါ့မယ်။
လတ်တလော ဖြစ်စဉ် ဇတ်လမ်း အကျဉ်းချုပ်ကတော့ ရန်ကုန်မြို့လည်က အင်း၀ အပ်ချုပ်ဆိုင်မှာ အိမ်အကူအဖြစ် သွားရောက် လုပ်ကိုင်နေတဲ့ အသက် ၁၆ နှစ်နဲ့ ၁၇ နှစ် အရွယ် မိန်းကလေးနှစ်ယောက် ကာလကြာရှည် နှိပ်စက်ခံရတယ် ဆိုတဲ့ကိစ္စ Myanmar Now သတင်းထောက်တစ်ယောက် သတင်းအစအန ရသွားတာကနေ အစပြုတာပါ။ သတင်းထောက်က ဆက်ပြီး စုံစမ်းတော့ အဲဒီ မိန်းကလေးနှစ်ယောက်ဟာ ရန်ကုန်တိုင်း ကော့မှူးမြို့နယ် ကျေးရွာတစ်ရွာက မိန်းကလေးတွေဖြစ်တယ်၊ လွန်ခဲ့တဲ့ ၅ နှစ်ကစ အင်း၀ အပ်ချုပ်ဆိုင်မှာ တစ်လ ကျပ် တစ်သောင်းခွဲနဲ့ အိမ်အကူအဖြစ် ဝင်ရောက် လုပ်ကိုင်နေတယ်၊ အိမ်ရှင်တွေရဲ့ ရက်ရက်စက်စက် နှိပ်စက်တာ ခံရတယ်၊ မိဘနဲ့လည်း တွေ့ခွင့်မရ ဆိုတဲ့ အခြေအနေမျိုးဖြစ်ပါတယ်။ အဲလို အချက်အလက်တွေ သိရပြီးနောက်မှာ သတင်းထောက်ဟာ ပထမ အဆင့် ရဲစခန်းမှာ သွားရောက် အမှုဖွင့်တိုင်တန်းခဲ့ ပါတယ်။ ရဲတပ်ဖွဲ့အနေနဲ့ အဲဒီ မိန်းကလေးနှစ်ယောက် ကို ခေါ်တွေ့မေးမြန်းခဲ့ပေ မယ့် နောက်ထပ် ဘာမှ ဆက်ပြီး လုပ်ကိုင်တာ မရှိပါဘူး။ ဒီလိုနဲ့ သတင်းထောက် ဟာ အဲဒီကိစ္စ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်ကို စာရေး သား တိုင်တန်း ပါတယ်။ တိုင်တန်းမှုကြောင့် မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင် ဟာ ရဲစခန်းကို အကြောင်းကြားပြီး ဖြစ်စဉ်ကို စုံစမ်း တင်ပြစေပါတယ်။ ရဲစခန်းကနေ လူ့အခွင့်အရေး ကော်မရှင်ဆီ တင်ပြတဲ့ အစီရင်ခံစာမှာတော့ ဒါဟာ ရာဇဝတ် ပြစ်မှုမြောက်တဲ့ နှိပ်စက်မှုဖြစ်တယ်၊ ကျွန်ပြုမှုဖြစ်တယ်၊ ဒါကြောင့် ဥပဒေကြောင်းအရ အရေးယူသင့်တယ်လို့ တင်ပြခဲ့ပါတယ်။
အစီရင်ခံစာရပြီးနောက် လူ့အခွင့်အရေးကော်မရှင်ဟာ ကော်မရှင် ပြဌာန်းချက်ပါ လုပ်ပိုင်ခွင့်အရ မိန်းကလေးနှစ်ယောက်ကို နှိပ်စက်ခဲ့တဲ့ အိမ်ရှင်ကိုရော၊ အဲဒီ မိန်းကလေးနှစ်ယောက်ရဲ့ မိဘတွေကိုပါ ခေါ်ယူ တွေ့ဆုံေ စပြီး နှစ် ဖက် ပြေလည် မှုရအောင် ညှိနှိုင်းစေခဲ့တယ်လို့ ဆိုပါတယ်။ ဒီနေရာမှာ ထူးခြားတာက လူ့အခွင့် အရေးကော်မရှင်ဟာ ရဲတပ်ဖွဲ့က တင်ပြတဲ့ ရာဇဝတ်မြောက်တဲ့ မှုခင်းတစ်ခုကို တရားဥပဒေအရ အရေးယူရေး နည်းလမ်း ဆိုတာ ထက် လျော်ကြေး ယူပြီး ကျေအေးရေး နည်းလမ်း ကျင့်သုံးအောင် ဆွဲဆောင်ခဲ့တာပါပဲ။ ဒါနဲ့ ပတ်သက်ပြီး ကော်မရှင် အစီရင်ခံစာမှာလည်း ထင်ထင်ရှားရှားမြင်တွေ့ရပါတယ်။ ဒီလိုနဲ့ ၄-၅ နှစ်လောက် ပြင်းပြင်းထန်ထန် နှိပ်စက်ခံထားရပြီး လူစဉ်မ မီလောက်အောင် ဖြစ်ခဲ့ရတဲ့ မိန်းကလေးနှစ်ယောက်ရဲ့ ဒုက္ခကို ကျပ်ငွေ သိန်း ၅၀ နဲ့ လဲလှယ်လိုက်ရတဲ့ အခြေအနေ ရောက်သွားစေပါတော့တယ်။
လတ်တလော ပြသနာ အရင်းခံမှာ ရဲတပ်ဖွဲ့ရဲ့ ပြသနာ၊ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်ရဲ့ ပြသနာကို အတိုင်းသား မြင်ရပါတယ်။ ရဲတပ်ဖွဲ့ဟာ ကနဦး Myanmar Now သတင်းထောက် သွားရောက် တိုင်တန်းခဲ့စဉ်က မိန်းကလေးနှစ်ယောက်ကို ခေါ်ယူမေးမြန်းခဲ့ပေမယ့် သေသေခြာခြာစစ်ဆေးတာမျိုး မလုပ်ခဲ့ဖူးလို့ ဆိုပါတယ်။ လက်ဆယ်ချောင်းစလုံးနဲ့ လက်မောင်းပါကျိုးနေလို့ လူစဉ်မမီဖြစ်ရတဲ့ အနေအထားကို လျစ်လျူရှုပြီး မှုခင်းဆေးဆရာဝန်နဲ့ စစ်ဆေးခိုင်းတာမျိုးတောင် မလုပ်ခဲ့ဖူးလို့ ဝန်ခံထားပါတယ်။ ဒါနဲ့ ပတ်သက်ပြီး အိမ်ရှင်တွေဘက်ကနေ လာဘ်ငွေ လက်ခံလို့ ခုလို လျစ်လျူရှုရတာလို့ စွတ်စွဲမှုတွေလည်း ထွက်ပေါ်ပါတယ်။
မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်ရဲ့ ပြသနာကတော့ တစ်မျိုးပါ။ ဘယ်လောက်အထိ လူ့အခွင့်အရေး ချိုးဖေါက်ခံထားရသလဲ၊ ဘယ်လောက် အထိ နှိပ်စက်ခံထားရသလဲ ကာယကံရှင် မိန်းကလေး ငယ်နှစ်ယောက် ကိုတောင် ခေါ်ယူတွေ့ဆုံထားတဲ့ မှတ်တမ်း မတွေ့ရ ပါဘူး။ ဒါကြောင့် ရာဇဝတ်ပြစ်မှုမြောက်တဲ့ နှိပ်စက်ညှင်းပန်းမှု၊ ကျွန်ပြုမှုကို လျော်ကြေး တစ်စုံတစ်ရာနဲ့ ကြေအေးစေတဲ့ နည်းလမ်း ကျင့်သုံးဖို့ ရေလာမြောင်းပေး လုပ်ပေးလိုက်မိတာမျိုး ဖြစ်နိုင်ပါတယ်။
လတ်တလော ပြသနာရဲ့ အပေါ်ယံလောက် ကြည့်လိုက်ရင်ပဲ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှာ ပြုပြင်စရာတွေရှိတာ တွေ့နိုင်ပါတယ်။ ဆင်းရဲသားတွေ၊ ဗဟုသုတ နည်းသူတွေ၊ အောက်ခြေ ပြည်သူတွေရဲ့ တိုင်တန်းချက်တွေနဲ့ ပတ်သက်ရင် လျစ်လျူရှုတတ်တာ၊ ပြသနာ ဖြစ်လာရင် လာဘ်ငွေပေးနိုင်သူဘက် အကာအ ကွယ်ပေး ဖြေရှင်းပေးတတ်တာ၊ အဂတိလိုက်စားတာ စတဲ့ ပြသနာ မျိုးပါ။ မြန် မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်နဲ့ ပတ်သက်လို့ကတော့ ကော်မရှင်မှာ ပါဝင်တဲ့ သူတွေဟာ လူ့အခွင့်အရေးဆိုတာ ဘယ်လိုမျိုးလည်း နားလည်တဲ့သူတွေ မဟုတ်ကြဘူးလို့ ဝေဖန်မှုတွေလည်း မြင့်တက်နေပါတယ်။ တကယ်လည်း အရင်စစ်အစိုးရခေတ်က လူ့အခွင့်အရေး ချိုးဖေါက်တဲ့ ဌာနတွေမှာ လုပ်ကိုင်ခဲ့ သူတွေ ကော်မရှင် အဖွဲ့ဝင်အဖြစ် ပါဝင်နေတာ ကိုကြည့်ရင် ပြည်သူတွေ ရဲ့ ဝေဖန်မှု မမှားဘူး ဆိုတာ တွေ့နိုင်ပါတယ်။
တကယ့် နောက်ကွယ်က အရင်းခံ ပြသနာကတော့ ဆင်းရဲမွဲတေမှု၊ အလုပ်အကိုင် ရှားပါးမှု၊၊ အသိဉာဏ်ဗဟုသုတ နိမ့်ကျမှု၊ တရားဥပဒေ စိုးမိုးမှု အားနည်းမှု ဆိုတဲ့ အချက်တွေ တွေ့ကြရမှာပါ။ အသက် ၁၁နှစ်၊ ၁၂ နှစ် အရွယ်ကလေးတွေကို မိဘ အုပ်ထိမ်းမှုနဲ့ ဝေးရာ၊ သူစိမ်းတွေအိမ်မှာ မဖြစ်စလောက် ငွေလေးနဲ့ နှစ်နဲ့ချီ သွားပြီး အလုပ်လုပ်ခိုင်းကြတာဟာ အဲဒီ မစန်းကေခိုင်နဲ့ မသဇင်တို့ မိဘတွေချည်းပဲ မဟုတ်ပါဘူး။ မြန်မာနိုင်ငံ အနှံ့အပြား ဆင်းရဲတဲ့ ကျေးရွာတွေက မိဘတွေဟာ သူတို့ကလေးတွေကို ခုလိုပဲ တစ်နယ်တစ်ကျေးပို့ပြီး အိမ်ဖော်အဖြစ် အလုပ်လုပ်စေ ခိုင်းလေ့ ရှိနေတာပါ။ ပြောရရင် ခုလို ကလေးငယ်တွေကို အဝေးတစ်နေရာပို့ပြီး အိမ်ဖော်အဖြစ် လုပ်ကိုင်စေတာဟာ ထမင်းစားကျွန်ခံ အဆင့်မျိုးသာသာလောက် ပါပဲ။ လူအမျိုးမျိုး စိတ်အထွေထွေ ရှိတဲ့ အိမ်ရှင်တွေရဲ့ ညှင်းပန်းနှိပ်စက်နည်းမျိုးစုံ ခံရတာ ရှိသလို၊ အိမ်ရှင်တွေရဲ့ အတင်းအားဓမ္မ သားမယားပြုကျင့်တာ ခံရလို့ အမှုဖွင့် အရေးယူခဲ့တဲ့ ဖြစ်စဉ်တွေကလည်း မနည်းမနောပါပဲ။ အဓိက ကတော့ မြန်မာ့စီးပွားရေး အလွန့်အလွန် နိမ့်ကျမှု၊ အလုပ်အကိုင်ရှား ပါးမှု ပြသ နာကြောင့်ပါ။ နောက်ပြသနာ တစ်ခုက တိုင်းရင်းသားဒေသတွေ အပါအဝင် မြန်မာနိုင်ငံ အနှံ့အပြားက ပြည်သူလူထုကြီးရဲ့ ပညာရေးနဲ့ ဗဟုသုတ ရေချိန်နိမ့်ကျမှုပါ။
ဒါ့အပြင် နောက်ထပ် အရေးကြီးပြသနာ တစ်ခုက တရားဥပဒေ စိုးမိုးမှု အား နည်းနေတာပါ။ အခုလို အရွယ်မရောက်သေးတဲ့ အိမ်ဖော် ကလေး ငယ်တွေ နှိပ်စက်ခံရမှုဖြစ်စဉ် မြန်မာနိုင်ငံ အနှံ့အပြားမှာ နေ့စဉ်နဲ့အမျှ ရှိနေ မှာ သေခြာပါတယ်။ ဒါပေမယ့် ပြစ်မှုကျူးလွန်သူ လက်တစ်ဆုတ်စာ လောက်ပဲ တရားဥပဒေရှေ့မှောက် ရောက်လာတာပါ။ ဒီ ပြသနာတွေ လျော့နည်းသွားဖို့ ဆိုရင်တော့ တိုင်းပြည် စီးပွားရေးကောင်းအောင် လုပ်တာ၊ ပြည်သူတွေ အသိဉာဏ် ဗဟုသုတ မြင့်မားအောင် ဘက်ပေါင်းစုံကနေ မြှင့်တင်ပေးတာ၊ တရားဥပဒေ စိုးမိုးမှု အားကောင်းလာအောင် ဆောင်ရွက်တာ၊ လူ့အခွင့်အရေး ပညာပေးမှုကို ရဲတပ် ဖွဲ့လို လက်နက်ကိုင် အဖွဲ့အစည်းမျိုးတင်မက ပြည်သူတစ်ရပ်လုံးပါ သိရှိ လာအောင် ကျယ်ကျယ်ပြန့်ပြန့် ပညာပေးတာမျိုး လုပ်ဖို့ကလွဲပြီး အခြား ဖြတ်လမ်းနည်း မရှိပါကြောင်း တင်ပြလိုက်ရပါတယ်။