သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စုံစမ်းရေး ကော်မရှင်ဖွဲ့ဖို့ အဆိုပြုချက် ထောက်ခံ ၂ နိုင်ငံ တိုး


Thi&ecirc;n nga vỗ c&aacute;nh bơi trong một hồ nước tại c&ocirc;ng vi&ecirc;n Palace ở Moers, miền t&acirc;y nước Đức.<br />
Thi&ecirc;n nga vỗ c&aacute;nh bơi trong một hồ nước tại c&ocirc;ng vi&ecirc;n Palace ở Moers, miền t&acirc;y nước Đức.<br />

မြန်မာစစ်အစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ စစ်ဆေးဖို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်က မနှစ်တုန်းက အထွေထွေ ညီလာခံမှာ တောင်းဆိုခဲ့တာကို ဒီနှစ် အစီရင်ခံစာထဲမှာလည်း ထပ်မံ ထည့်သွင်း တောင်းဆိုလိုက်ပါတယ်။ တချိန်တည်းမှာပဲ EU ဥရောပသမဂ္ဂ အဖွဲ့ဝင် ဒိန်းမတ်နဲ့ လတ်ဗီးယား နိုင်ငံတွေက ကုလသမဂ္ဂ ကော်မရှင်ဖွဲ့ စုံစမ်းစစ်ဆေးရေးကို ထောက်ခံလိုက်တာမို့ အခု မစ္စတာ တောမတ်စ် အိုဟေး ကင်တားနား (Tomas Ojea Quintana) ရဲ့ အဆိုကို လက်ခံတဲ့ နိုင်ငံဟာ စုစုပေါင်း ၁၆ နိုင်ငံ ရှိသွားပြီ ဖြစ်ပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနားက မြန်မာစစ်အစိုးရဟာ လူမဆန်တဲ့ ရာဇဝတ်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေ ကျူးလွန်နိုင်ခြေ ရှိတာမို့ ကုလသမဂ္ဂက ကော်မရှင်တရပ် ဖွဲ့ပြီး စုံစမ်းစစ်ဆေးဖို့ ပြီးခဲ့တဲ့ နှစ်တုန်းက အကြံပြုခဲ့သလို ဒီနှစ်မှာလည်း ထပ်ပြီး တောင်းဆိုလိုက်ပါတယ်။

“ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းက နယူးယောက်ခ်မှာ ကျင်းပတဲ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံကြီးမှာ ဒီအကြံပြုချက်ကို တင်ပြခဲ့ပြီးပါပြီ။ ဒီနှစ်ရဲ့ အစီရင်ခံစာမှာလည်း ဒါကို ဆက်ပြီး ကျနော် တိုက်တွန်းခဲ့တာက စိုးရိမ်ဖွယ်ရာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေလို့ပါ။ ကမ္ဘာတဝန်းမှာ ဒီမိုကရေစီ ကူးပြောင်းရာမှာ လူ့အခွင့်အရေး ချိုးဖောက်မှု ပြဿနာကို အရင်ကိုင်တွယ် ဖြေရှင်းဖို့ လိုအပ်ပါတယ်။

“စစ်အာဏာရှင် စနစ်အောက် ရောက်ခဲ့တဲ့ ကျနော့်ရဲ့နိုင်ငံ အာဂျင်တီးနား အပါအဝင် ကမ္ဘာ့နိုင်ငံတွေ အတော်များများမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေပါတယ်။ ဒီမိုကရေစီ အသွင်ကူးပြောင်းတဲ့ အခါမှာ တရားဥပဒေ စိုးမိုးရေးနဲ့ ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအပေါ် တာဝန်ခံနိုင်ဖို့ သိပ်ကို အရေးကြီးပါတယ်။”

ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာထဲမှာ မစ္စတာ ကင်တားနားက မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေတွေဟာ အထူးစိုးရိမ်ရတဲ့ အနေအထားမှာ ရှိနေဆဲပဲလို့ ဖော်ပြထားပါတယ်။ မြန်မာစစ်အစိုးရ အနေနဲ့ ပြီးခဲ့တဲ့နှစ်မှာ ရွေးကောက်ပွဲလုပ်ပြီး နိုင်ငံရေး ပြုပြင်ပြောင်းလဲချင်တဲ့ ဆန္ဒ ရှိတာကို ပြသခဲ့တာမို့ ဒါဟာ အကောင်းလက္ခဏာ ဆောင်ပေမဲ့ အခုထိ လူ့အခွင့်အရေးဆိုင်ရာ တိုးတက်မှုတွေ မရှိသေးတဲ့အတွက် ကုလသမဂ္ဂ စုံစမ်းရေး ကော်မရှင်တရပ် ထူထောင်ပြီး စုံစမ်းစစ်ဆေးရေးဟာ မြန်မာစစ်အစိုးရ ပြောင်းလဲလာစေမယ့် ရွေးချယ်စရာ နည်းလမ်းတခု ဖြစ်တယ်လို့လည်း ဆိုပါတယ်။

တချိန်တည်းမှာပဲ EU ဥရောပသမဂ္ဂ နိုင်ငံတွေထဲက ဒိန်းမတ်နဲ့ လတ်ဗီးယား နိုင်ငံတွေကလည်း မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် နိုင်ငံတကာ စုံစမ်းစစ်ဆေးရေး ကော်မရှင်တရပ် ထူထောင် စုံစမ်းဖို့ ထောက်ခံတာမို့ အခုဆိုရင် မစ္စတာ ကင်တားနားရဲ့ အဆိုပြုချက်ကို ထောက်ခံတဲ့ နိုင်ငံပေါင်း ၁၆ နိုင်ငံ ရှိသွားပြီလို့ ဗြိတိန်အခြေစိုက် မြန်မာ့အရေး လှုပ်ရှားတဲ့အဖွဲ့ Burma Campaign UK က တာဝန်ခံ မာ့ခ် ဖာမနာ (Mark Farminer) က ပြောပါတယ်။

“အခု နောက်ထပ် ၂ နိုင်ငံကပါ ထောက်ခံတာမို့ အခုဆိုရင် ထောက်ခံတဲ့နိုင်ငံ စုစုပေါင်း ၁၆ နိုင်ငံ ရှိသွားပါပြီ။ ဒီအထဲက နိုင်ငံ ၁၂ နိုင်ငံဟာ ဥရောပသမဂ္ဂထဲက နိုင်ငံတွေ ဖြစ်နေတာက ထူးခြားသလို အရေးလည်း ကြီးပါတယ်။ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီနဲ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ မြန်မာနိုင်ငံဆိုင်ရာ အဆိုပြုချက် မူကြမ်းကို တင်သွင်းတဲ့ အဖွဲ့က EU ဥရောပသမဂ္ဂပါ။ ဒါကြောင့် မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ စုံစမ်းရေး ကော်မရှင် တရပ်ကို ထူထောင်ဖို့ဆိုရင် ပထမဆုံး EU က ထောက်ခံပံ့ပိုးမှုရဖို့ လိုပါတယ်။”

ဥရောပသမဂ္ဂ နိုင်ငံပေါင်း ၂၇ နိုင်ငံထဲက ၁၂ နိုင်ငံက ထောက်ခံနေပြီမို့ နောက်ထပ် ၂ နိုင်ငံရဲ့ ထောက်ခံမှုကိုသာ ရရင် ထက်ဝက်ကျော်မဲနဲ့ EU ရဲ့ ထောက်ခံမှုကို ရဖို့ရှိတယ်လို့လည်း ပြောပါတယ်။ Burma Campaign UK က ကြာသပတေးနေ့မှာ EU နိုင်ငံတွေထဲက ထောက်ခံမှု မပေးသေးတဲ့ နိုင်ငံ ၆ နိုင်ငံရဲ့ ထောက်ခံမှုရအောင် ကြိုးစားခဲ့ပါတယ်။ ဒီအထဲက ဒိန်းမတ်သံအမတ်ကြီးက စာနဲ့ရေးသား ထောက်ခံကြောင်း ပြောကြားခဲ့သလို လတ်ဗီးယားနိုင်ငံဆိုင်ရာ သံရုံးကလည်း ထောက်ခံကြောင်း ပြောကြားခဲ့ပါတယ်။ ဆွီဒင်၊ လူဇင်ဘာ့ဂ်နဲ့ နော်ဝေနိုင်ငံတွေကတော့ မကြာခင်မှာပဲ အကြောင်းပြန်မှာဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

မစ္စတာ ကင်တားနားဟာ မနှစ်က ဖေဖော်ဝါရီလထဲမှာ မြန်မာနိုင်ငံကို သွားရောက်ပြီး လူ့အခွင့်အရေး အခြေအနေတွေကို ကိုယ်တိုင်ကိုယ်ကျ လေ့လာခွင့် ရခဲ့ပေမဲ့ ဒီနှစ်မှာတော့ မြန်မာအာဏာပိုင်တွေက လာရောက်ခွင့် မပေးခဲ့ပါဘူး။

မစ္စတာ ကင်တားနားဟာ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အစီရင်ခံစာကို မတ်လ ၁၄ ရက်နေ့မှာ ဂျီနီဗာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီမှာ ကိုယ်တိုင် တင်ပြဖို့ ရှိပါတယ်။

XS
SM
MD
LG