သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံမှာ စာနာမှုအကူအညီ လိုအပ်သူ ၁၈ သန်းခွဲကျော်ရှိကြောင်း ကုလခန့်မှန်း


မြန်မာနိုင်ငံ စာနာမှုအကူအညီ လိုအပ်နေသူများတိုး
မြန်မာနိုင်ငံ စာနာမှုအကူအညီ လိုအပ်နေသူများတိုး

လက်နက်ကိုင် ပဋိပက္ခတွေနဲ့ ငွေကြေးဖောင်းပွမှုတွေ ကြုံနေရတဲ့ မြန်မာနိုင်ငံမှာ စာနာမှုအကူအညီ လိုအပ်နေသူ ၁၈ သန်းခွဲကျော် ရှိနေတယ်လို့ ကုလသမဂ္ဂက ဒီကနေ့ပဲ သတင်းထုတ်ပြန်ပါတယ်။

ပဋိပက္ခတွေ၊ လုံခြုံရေးပျက်ပြားမှုတွေ၊ အရပ်သားပြည်သူတွေ လုံခြုံရေးနဲ့ အကာအကွယ် ရရှိရေးမှာ ခြိမ်းခြောက်မှုတွေအပြင် ငွေကြေးဖောင်းပွမှု မြင့်မားလာနေရာက စားဝတ်နေရေး အခြေခံလိုအပ်ချက် ပြည့်မီဖို့ အခက်ကြုံနေရတာကြောင့် ဒီနှစ် ၂၀၂၄ ခုနှစ်မှာ စာနာမှု အကူအညီလိုအပ်နေသူ ၁၈.၆ သန်းရှိနေကြောင်း ကုလသမဂ္ဂ စာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး (UNOCHA) က သတင်းထုတ်ပြန်ခဲ့တာပါ။

မြန်မာနိုင်ငံအနှံ့ ပဋိပက္ခတွေ ပေါ်ပေါက်နေရာမှာ ရခိုင်ပြည်နယ်မှာ အခြေအနေတွေ ပိုဆိုးလာနေသလို၊ နိုင်ငံ အနောက်မြောက်ဘက်နဲ့ အရှေ့တောင်ဘက် ဒေသတွေမှာလည်း တိုက်ပွဲတွေကြောင့် အခုဆိုရင် တနိုင်ငံလုံးမှာ နေရပ်စွန့်ခွာရသူ ၂.၇ သန်းကျော် ရှိနေပြီလို့လည်း ပြောပါတယ်။ ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကစ ပဋိပက္ခတွေ ပေါ်ပေါက်ခဲ့ရာက ကုန်းကြောင်း၊ ရေကြောင်း လမ်းပိတ်ဆို့မှုတွေကြောင့် စားနပ်ရိက္ခာနဲ့ အသုံးအဆောင်တွေ ရှားပါးလာပြီး၊ အခြေခံစားကုန်ဈေးတွေလည်း ကြီးမြင့်လာခဲ့ကြောင်း ပြောပါတယ်။

တိုက်ပွဲတွေ၊ သက်ဆိုင်ရာ အဖွဲ့အစည်းတွေက အာဏာပိုင်တွေရဲ့ ကန့်သတ်မှုတွေ၊ အကြမ်းဖက်မှုတွေနဲ့ ခြိမ်းခြောက်မှုတွေကြောင့် အကူအညီပေးရေး လုပ်ငန်းတွေမှာ အခက်အခဲတွေ ကြုံတွေ့နေရတယ်လို့လည်း UNOCHA ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Forum

XS
SM
MD
LG