သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

 ျမန္မာႏိုင္ငံသားေတြကို စာနာမႈအကူအညီေပးဖို႔ ေဒၚလာ သန္း ၈၀၀ ေက်ာ္ လိုအပ္ (UNOCHA)


ဒီးေမာ့ဆိုၿမိဳ႕က စစ္ေဘးဒုကၡသည္မ်ား

[[Zawgyi/Unicode]]

သန္းနဲ႔ခ်ီတဲ့ ျမန္မာႏိုင္ငံသားေတြကို အကူအညီေပးဖို႔ ဒီႏွစ္အတြက္ အေမရိကန္ေဒၚလာ သန္း ၈၀၀ ေက်ာ္ လိုအပ္တဲ့အေၾကာင္းနဲ႔ ဒီပမာဏဟာ ၿပီးခဲ့တဲ့ႏွစ္ကထက္ ၂ ဆပိုမ်ားၿပီး ျမန္မာႏိုင္ငံအတြက္ ေတာင္းဆိုတဲ့ အမ်ားဆုံး ပမာဏ ျဖစ္တဲ့အေၾကာင္း ကုလသမဂၢလူသားခ်င္းစာနာမႈဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္ေရးအဖြဲ႔ UN (OCHA) က ေျပာပါတယ္။

၂၀၂၂ ခုႏွစ္ ျမန္မာႏိုင္ငံ လူသားခ်င္းစာနာမႈ အကူအညီေပးေရး တုံ႔ျပန္ေဆာင္႐ြက္မယ့္ အစီအစဥ္ကို ထုတ္ျပန္လိုက္ၿပီျဖစ္ၿပီး ဒီႏွစ္မွာ လူေပါင္း ၆ သန္း ၂ သိန္းကို အကူအညီေပးႏိုင္ဖို႔ အေမရိကန္ ေဒၚလာ ၈၂၆ သန္းလိုအပ္ေနပါတယ္ဆိုၿပီး ကုလသမဂၢ လူသားခ်င္းစာနာမႈဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္ေရးအဖြဲ႔ (OCHA) ရဲ႕ ေျပာခြင့္ရ Jens Laerke က မေန႔က ဂ်နီဗာမွာက်င္းပတဲ့ သတင္းစာရွင္းလင္းပြဲမွာ ေျပာပါတယ္။

ႏိုင္ငံတဝွမ္း ပဋိပကၡေတြ ပိုၿပီး ႀကီးထြားလာတဲ့အတြက္ လူေပါင္း ၁၄.၄ သန္း ေလာက္ လူသားခ်င္းစာနာမႈ အေရးေပၚ အကူအညီလို အပ္ေနေၾကာင္းနဲ႔ အဲဒီအထဲက ၅ သန္းေလာက္ဟာ ကေလးငယ္ေတြ ျဖစ္တဲ့အေၾကာင္းလည္း UN OCHA ႐ုံး ေျပာခြင့္ရ Jens Laerke က ေျပာပါတယ္။ ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းၿပီးတႏွစ္အတြင္း သန္းနဲ႔ခ်ီတဲ့ ျပည္သူေတြ အသက္အႏၲရာယ္နဲ႔ ရင္ဆိုင္ေနၿပီး မႀကဳံစဖူးတဲ့ လူမႈေဘးဒုကၡအက်ပ္အတည္းကို ရင္ဆိုင္ေနရတဲ့အေၾကာင္း ကုလသမဂၢလူသားခ်င္းစာနာမႈဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္ေရးအဖြဲ႔ OCHA ရဲ႕ ဇန္နဝါရီလ ၃၀ ရက္ေန႔က ထုတ္ျပန္တဲ့ အစီရင္ခံစာမွာလည္း ေဖၚျပထားပါတယ္။

တခ်ိန္တည္းမွာပဲ - စစ္တပ္အာဏာရယူခဲ့တဲ့ ၁ ႏွစ္အတြင္း ျမန္မာႏိုင္ငံမွာ လူ ၁,၅၀၀ ေလာက္ အသတ္ခံခဲ့ရၿပီး အဲဒီသူေတြထဲမွာ အက်ဥ္းေထာင္အတြင္း ႏွိပ္စက္ညႇဥ္းပန္းခံရလို႔ ေသဆုံးသူ ၂၀၀ ေလာက္ပါဝင္တဲ့အေၾကာင္း လူ႔အခြင့္အေရးဆိုင္ရာ ကုလသမဂၢ မဟာမင္းႀကီး႐ုံး (OHCHR) က ေျပာဆိုပါတယ္။ ဒါက ဆႏၵျပပြဲမွာပါဝင္လို႔ အသတ္ခံရတဲ့သူေတြ၊ လုံၿခဳံေရးတပ္ဖြဲ႔ဝင္ေတြ ေနအိမ္မွာ ဝင္စီးနင္းၿပီး သတ္တာခံရတဲ့သူေတြ၊ စစ္တပ္ရဲ႕အက်ဥ္းေထာင္ထဲမွာ ခ်ဳပ္ေႏွာင္ခံေနရတဲ့အခ်ိန္ ေသဆုံးတဲ့သူေတြ ပါဝင္ပါတယ္လို႔ လူ႔အခြင့္အေရးဆိုင္ ရာ ကုလသမဂၢမဟာမင္းႀကီး႐ုံး (OHCHR) ေျပာေရးဆိုခြင့္ရွိသူ Ravina Shamdasani က မေန႔က ဂ်နီဗာမွာ က်င္းပတဲ့ သတင္းစာရွင္းလင္းပြဲမွာ ေျပာဆိုသြားတာပါ။

လက္နက္ကိုင္ တိုက္ပြဲေတြအတြင္း ေသဆုံးတဲ့ အေရအတြက္ကိုေတာ့ အတည္ျပဳခ်က္မေပးႏိုင္တဲ့အေၾကာင္း Shamdasani က ေျပာဆိုပါတယ္။ ၂၀၂၁ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ေနာက္ပိုင္း ျမန္မာႏိုင္ငံမွာ ဖမ္းဆီး ထိန္းသိမ္းခံရသူ ၁၁,၀၀၀ ေက်ာ္ရွိတာမွာ ၈,၀၀၀ ေက်ာ္က ဆက္ၿပီး ထိန္းသိမ္းခံထားရဆဲျဖစ္တယ္လို႔ လူ႔အခြင့္အေရးဆိုင္ ရာ ကုလသမဂၢမဟာမင္းႀကီး႐ုံး (OHCHR) ကေျပာဆိုပါတယ္။

တိုက္႐ိုက္ လင့္ခ္

=========

[[Zawgyi/Unicode]]

မြန်မာနိုင်ငံသားတွေကို စာနာမှုအကူအညီပေးဖို့ ဒေါ်လာ သန်း ၈၀၀ ကျော် လိုအပ် (UNOCHA)

သန်းနဲ့ချီတဲ့ မြန်မာနိုင်ငံသားတွေကို အကူအညီပေးဖို့ ဒီနှစ်အတွက် အမေရိကန်ဒေါ်လာ သန်း ၈၀၀ ကျော် လိုအပ်တဲ့အကြောင်းနဲ့ ဒီပမာဏဟာ ပြီးခဲ့တဲ့နှစ်ကထက် ၂ ဆပိုများပြီး မြန်မာနိုင်ငံအတွက် တောင်းဆိုတဲ့ အများဆုံး ပမာဏ ဖြစ်တဲ့အကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ UN (OCHA) က ပြောပါတယ်။

၂၀၂၂ ခုနှစ် မြန်မာနိုင်ငံ လူသားချင်းစာနာမှု အကူအညီပေးရေး တုံ့ပြန်ဆောင်ရွက်မယ့် အစီအစဉ်ကို ထုတ်ပြန်လိုက်ပြီဖြစ်ပြီး ဒီနှစ်မှာ လူပေါင်း ၆ သန်း ၂ သိန်းကို အကူအညီပေးနိုင်ဖို့ အမေရိကန် ဒေါ်လာ ၈၂၆ သန်းလိုအပ်နေပါတယ်ဆိုပြီး ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OCHA) ရဲ့ ပြောခွင့်ရ Jens Laerke က မနေ့က ဂျနီဗာမှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

နိုင်ငံတဝှမ်း ပဋိပက္ခတွေ ပိုပြီး ကြီးထွားလာတဲ့အတွက် လူပေါင်း ၁၄.၄ သန်း လောက် လူသားချင်းစာနာမှု အရေးပေါ် အကူအညီလို အပ်နေကြောင်းနဲ့ အဲဒီအထဲက ၅ သန်းလောက်ဟာ ကလေးငယ်တွေ ဖြစ်တဲ့အကြောင်းလည်း UN OCHA ရုံး ပြောခွင့်ရ Jens Laerke က ပြောပါတယ်။ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးတနှစ်အတွင်း သန်းနဲ့ချီတဲ့ ပြည်သူတွေ အသက်အန္တရာယ်နဲ့ ရင်ဆိုင်နေပြီး မကြုံစဖူးတဲ့ လူမှုဘေးဒုက္ခအကျပ်အတည်းကို ရင်ဆိုင်နေရတဲ့အကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OCHA ရဲ့ ဇန်နဝါရီလ ၃၀ ရက်နေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာလည်း ဖေါ်ပြထားပါတယ်။

တချိန်တည်းမှာပဲ - စစ်တပ်အာဏာရယူခဲ့တဲ့ ၁ နှစ်အတွင်း မြန်မာနိုင်ငံမှာ လူ ၁,၅၀၀ လောက် အသတ်ခံခဲ့ရပြီး အဲဒီသူတွေထဲမှာ အကျဉ်းထောင်အတွင်း နှိပ်စက်ညှဉ်းပန်းခံရလို့ သေဆုံးသူ ၂၀၀ လောက်ပါဝင်တဲ့အကြောင်း လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး (OHCHR) က ပြောဆိုပါတယ်။ ဒါက ဆန္ဒပြပွဲမှာပါဝင်လို့ အသတ်ခံရတဲ့သူတွေ၊ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ နေအိမ်မှာ ဝင်စီးနင်းပြီး သတ်တာခံရတဲ့သူတွေ၊ စစ်တပ်ရဲ့အကျဉ်းထောင်ထဲမှာ ချုပ်နှောင်ခံနေရတဲ့အချိန် သေဆုံးတဲ့သူတွေ ပါဝင်ပါတယ်လို့ လူ့အခွင့်အရေးဆိုင် ရာ ကုလသမဂ္ဂမဟာမင်းကြီးရုံး (OHCHR) ပြောရေးဆိုခွင့်ရှိသူ Ravina Shamdasani က မနေ့က ဂျနီဗာမှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားတာပါ။

လက်နက်ကိုင် တိုက်ပွဲတွေအတွင်း သေဆုံးတဲ့ အရေအတွက်ကိုတော့ အတည်ပြုချက်မပေးနိုင်တဲ့အကြောင်း Shamdasani က ပြောဆိုပါတယ်။ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်နေ့နောက်ပိုင်း မြန်မာနိုင်ငံမှာ ဖမ်းဆီး ထိန်းသိမ်းခံရသူ ၁၁,၀၀၀ ကျော်ရှိတာမှာ ၈,၀၀၀ ကျော်က ဆက်ပြီး ထိန်းသိမ်းခံထားရဆဲဖြစ်တယ်လို့ လူ့အခွင့်အရေးဆိုင် ရာ ကုလသမဂ္ဂမဟာမင်းကြီးရုံး (OHCHR) ကပြောဆိုပါတယ်။

#UNOCHA #RavinaShamdasani #လူသားချင်းစာနာမှု #ဒေါ်လာသန်း၈၀၀ #စစ်အာဏာသိမ်း #လူမှုဘေးဒုက္ခ #အကျပ်အတည်း #ဗွီအိုအေ

=========

XS
SM
MD
LG