Zawgyi/Unicode
စစ္အာဏာသိမ္းထားတဲ့ ျမန္မာႏိုင္ငံမွာ စစ္တပ္နဲ႔ ရဲတပ္ဖဲြ႔က အၾကမ္းဖက္ ႏွိမ္ႏွင္းမႈေတြကို အ႐ွိန္ျမွင့္ လုပ္ေနသလို စစ္အာဏာ႐ွင္စနစ္ ဆန္႔က်င္ဆႏၵျပသူေတြကလည္း အၾကမ္းဖက္ၿဖိဳခြင္းမႈေတြကို နည္းလမ္းစံုနဲ႔ ေ႐ွာင္ၿပီး ဆႏၵျပၾကပါတယ္။ မႏၱေလးၿမိဳ႕မွာဆိုရင္ စစ္တပ္ရဲ႕ ၿဖိဳခြဲမႈကို ေ႐ွာင္တဲ့အေနနဲ႔ အၾကမ္းမဖက္ အာဏာဖီဆန္ေရး CDM လႈပ္႐ွားေနတဲ့ က်န္းမာေရးဝန္ထမ္း ရာဂဏန္းေလာက္ အာ႐ံုမတက္ခင္ လမ္းေပၚထြက္ ဆႏၵျပခဲ့ၾကတာပါ။
ဆရာဝန္ေတြ၊ ေဆးေက်ာင္းသားေတြ၊ သူနာျပဳေတြ၊ ေဆးဝန္ထမ္းေတြပါတဲ့ မႏၱေလးၿမိဳ႕က က်န္းမာေရးမိသားစုေတြဟာ ဒီေန႔ မနက္အေစာႀကီး လမ္းေပၚထြက္ဆႏၵျပၿပီး လူစုခဲြခဲ့ၾကပါတယ္။ မႏၱေလး အင္ဂ်င္နီယာအဖဲြ႔ကေတာ့ လူမပါဘဲ ေတာင္းဆိုတဲ့ ဆိုင္းဘုတ္ေတြ လမ္းမွာခ်ၿပီး လူမဲ့သပိတ္ ျပဳလုပ္ခဲ့ၾကပါတယ္။ ခုလိုဆႏၵျပၾကတာအျပင္ လမ္းေပၚထြက္ ဆႏၵျပပဲြေတြလည္း မႏၱေလးအျပင္ စစ္ကိုင္း၊ ျပည္၊ မိထၳီလာ၊ မေကြး၊ တန္႔ဆည္၊ ကေလး၊ ဒိုက္ဦး၊ ဖားကန္႔စတဲ့ ၿမိဳ႕အစံုမွာ ဒီေန႔႐ွိခဲ့ပါတယ္။ မႏၱေလး ေအာင္ပင္လယ္အရပ္က ဆႏၵျပပြဲနဲ႔ ေတာင္ႀကီးၿမိဳ႕က ဆႏၵျပပဲြေတြကို ပစ္ခတ္မႈေၾကာင့္ ထိခိုက္ဒဏ္ရာရသူေတြ႐ွိပါတယ္။
မံု႐ြာၿမိဳ႕မွာေတာ့ ဒီေန႔ မနက္ပိုင္းက နႏၵဝန္ရပ္ကြက္မွာ ခ်ီတက္ ဆႏၵျပသူေတြကို တပ္ေတြပစ္ခတ္ၿဖိဳခြဲလို႔ အသက္ ၂၇ ႏွစ္အ႐ြယ္ အမ်ဳိးသား ၁ ေယာက္ေသဆံုးခဲ့ပါတယ္။ မံု႐ြာမွာ ၂ ေယာက္ထက္မနည္းလည္း ထိခိုက္ဒဏ္ရာ ရခဲ့ၾကပါတယ္။
ရန္ကုန္ၿမိဳ႕မွာလည္း အင္းစိန္၊ ကမာ႐ြတ္၊ လႈိင္၊ သာေကတ စတဲ့ၿမိဳ႕နယ္စံုမွာ စစ္အာဏာ႐ွင္စနစ္ ဆန္႔က်င္လႈပ္႐ွားမႈေတြကို ဆက္ၿပီးလုပ္ေနၾကပါတယ္။
အခုညေနပိုင္းက ရန္ကင္းၿမိဳ႕နယ္ထဲမွာ ေက်ာင္းသားလူငယ္ေတြ ခ်ီတက္ဆႏၵျပခဲ့ၾကတဲ့ အသံေတြျဖစ္ပါတယ္။ ရဲနဲ႔စစ္သားေတြဟာ ရန္ကုန္ၿမိဳ႕ လမ္းေတြေပၚမွာ သူတုိ႔ အလြယ္တကူဝင္မလာႏိုင္ေအာင္ ရပ္ကြက္ေနျပည္သူေတြ တားဆီးထားတဲ့ အတားအဆီးေတြကို အတင္းဖယ္႐ွားတာေတြ၊ လမ္းေတြ၊ အိမ္ေတြထဲ ဝင္ေရာက္႐ွာေဖြ၊ ဖမ္းဆီးတာေတြလည္း လုပ္ခဲ့ၾကတယ္လို႔ ရန္ကုန္ၿမိဳ႕ခံေတြက ေျပာၾကပါတယ္။
Unicode
အကြမ်းဖက်ဖြိုခွဲမှုကြောင့် နည်းလမ်းစုံသုံးဆန္ဒပြ
စစ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့က အကြမ်းဖက် နှိမ်နှင်းမှုတွေကို အရှိန်မြှင့် လုပ်နေသလို စစ်အာဏာရှင်စနစ် ဆန့်ကျင်ဆန္ဒပြသူတွေကလည်း အကြမ်းဖက်ဖြိုခွင်းမှုတွေကို နည်းလမ်းစုံနဲ့ ရှောင်ပြီး ဆန္ဒပြကြပါတယ်။ မန္တလေးမြို့မှာဆိုရင် စစ်တပ်ရဲ့ ဖြိုခွဲမှုကို ရှောင်တဲ့အနေနဲ့ အကြမ်းမဖက် အာဏာဖီဆန်ရေး CDM လှုပ်ရှားနေတဲ့ ကျန်းမာရေးဝန်ထမ်း ရာဂဏန်းလောက် အာရုံမတက်ခင် လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြတာပါ။
ဆရာဝန်တွေ၊ ဆေးကျောင်းသားတွေ၊ သူနာပြုတွေ၊ ဆေးဝန်ထမ်းတွေပါတဲ့ မန္တလေးမြို့က ကျန်းမာရေးမိသားစုတွေဟာ ဒီနေ့ မနက်အစောကြီး လမ်းပေါ်ထွက်ဆန္ဒပြပြီး လူစုခွဲခဲ့ကြပါတယ်။ မန္တလေး အင်ဂျင်နီယာအဖွဲ့ကတော့ လူမပါဘဲ တောင်းဆိုတဲ့ ဆိုင်းဘုတ်တွေ လမ်းမှာချပြီး လူမဲ့သပိတ် ပြုလုပ်ခဲ့ကြပါတယ်။ ခုလိုဆန္ဒပြကြတာအပြင် လမ်းပေါ်ထွက် ဆန္ဒပြပွဲတွေလည်း မန္တလေးအပြင် စစ်ကိုင်း၊ ပြည်၊ မိထ္ထီလာ၊ မကွေး၊ တန့်ဆည်၊ ကလေး၊ ဒိုက်ဦး၊ ဖားကန့်စတဲ့ မြို့အစုံမှာ ဒီနေ့ရှိခဲ့ပါတယ်။ မန္တလေး အောင်ပင်လယ်အရပ်က ဆန္ဒပြပွဲနဲ့ တောင်ကြီးမြို့က ဆန္ဒပြပွဲတွေကို ပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရသူတွေရှိပါတယ်။
မုံရွာမြို့မှာတော့ ဒီနေ့ မနက်ပိုင်းက နန္ဒဝန်ရပ်ကွက်မှာ ချီတက် ဆန္ဒပြသူတွေကို တပ်တွေပစ်ခတ်ဖြိုခွဲလို့ အသက် ၂၇ နှစ်အရွယ် အမျိုးသား ၁ ယောက်သေဆုံးခဲ့ပါတယ်။ မုံရွာမှာ ၂ ယောက်ထက်မနည်းလည်း ထိခိုက်ဒဏ်ရာ ရခဲ့ကြပါတယ်။
ရန်ကုန်မြို့မှာလည်း အင်းစိန်၊ ကမာရွတ်၊ လှိုင်၊ သာကေတ စတဲ့မြို့နယ်စုံမှာ စစ်အာဏာရှင်စနစ် ဆန့်ကျင်လှုပ်ရှားမှုတွေကို ဆက်ပြီးလုပ်နေကြပါတယ်။
အခုညနေပိုင်းက ရန်ကင်းမြို့နယ်ထဲမှာ ကျောင်းသားလူငယ်တွေ ချီတက်ဆန္ဒပြခဲ့ကြတဲ့ အသံတွေဖြစ်ပါတယ်။ ရဲနဲ့စစ်သားတွေဟာ ရန်ကုန်မြို့ လမ်းတွေပေါ်မှာ သူတို့ အလွယ်တကူဝင်မလာနိုင်အောင် ရပ်ကွက်နေပြည်သူတွေ တားဆီးထားတဲ့ အတားအဆီးတွေကို အတင်းဖယ်ရှားတာတွေ၊ လမ်းတွေ၊ အိမ်တွေထဲ ဝင်ရောက်ရှာဖွေ၊ ဖမ်းဆီးတာတွေလည်း လုပ်ခဲ့ကြတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောကြပါတယ်။
#MyanmarMilitaryCoup #MyanmarProtest #WhatIsHappeningInMyanmar #VOABurmese