သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အလုပ်ကြမ်း အဓမ္မခိုင်းစေမှု တိုင်ကြားချက် ပိုများလာ


အလုပ်ကြမ်း အဓမ္မခိုင်းစေမှု တိုင်ကြားချက် ပိုများလာ

မြန်မာနိုင်ငံမှာ အဓမ္မ အလုပ်ခိုင်းစေတာနဲ့ ဆိုင်တဲ့ ဥပဒေတွေကို လူတွေ ပိုသိလာကြတဲ့အတွက် ရန်ကုန်မှာရှိတဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ် (ILO) ရုံးမှာ လာရောက် တိုင်ကြားမှုတွေ များလာတယ်လို့ ILO က ပြောလိုက်ပါတယ်။

ILO ရုံးကို တိုင်ကြားမှုတွေ များလာတာဟာ အဓမ္မ အခိုင်းခံရတာတွေ များလို့ထက် လူတွေဟာ အဓမ္မ အလုပ်ခိုင်းခံရရင် တိုင်ကြားရမယ်ဆိုတဲ့ အသိ ပိုရှိလာတာကြောင့် ဖြစ်တယ်လို့ ILO က ပြောပါတယ်။

အလုပ်သမားဆိုင်ရာ ဥပဒေတွေ၊ တိုင်ကြားနိုင်မယ့် နည်းလမ်းတွေကို မြန်မာလို လက်ကမ်းစာစောင်တွေ ထုတ်ဝေခွင့် မြန်မာအစိုးရက ခွင့်ပြုထားတာကိုလည်း မြန်မာနိုင်ငံထဲမှာ ပြီးခဲ့တဲ့နှစ်က အခြေအနေတွေကို သုံးသပ်တဲ့ ILO အဖွဲ့က ပြောပါတယ်။

ဒီလိုလုပ်တာတွေ ရှိပေမဲ့လည်း စစ်ဘက်နဲ့ အရပ်ဘက်က အာဏာပိုင်တွေဟာ ပြည်သူတွေကို သူတို့လုပ်ငန်းတွေအတွက် အတင်းအကျပ် လုပ်အားခ မပေးဘဲ ခိုင်းနေတာတွေ ရှိနေဆဲ ဖြစ်တယ်လို့လည်း ပြန်လည်သုံးသပ်ရေး အဖွဲ့က တင်ပြပါတယ်။

အတင်းအကျပ် အလုပ်ခိုင်းတဲ့ သူတွေကို အရေးယူရမယ်ဆိုတဲ့ ဥပဒေကို အစိုးရက ကြပ်ကြပ်မတ်မတ် ဆောင်ရွက်မှု မရှိဘူး ဆိုတာကိုလည်း သူတို့က ထောက်ပြပါတယ်။

ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် အဓမ္မ အလုပ်ခိုင်းတာ တားမြစ်ရေး၊ အဓမ္မ အလုပ်ခိုင်းတာတွေ မဖြစ်အောင် ကာကွယ်ရေးနဲ့ ခိုင်းတဲ့သူတွေကို အရေးယူရေးကို မြန်မာအစိုးရ တာဝန်ရှိသူတွေ အနေနဲ့ ဥပဒေဘောင်ထဲကနေ ဖြစ်အောင်လုပ်ကြဖို့ မြန်မာနိုင်ငံက အခြေအနေကို သုံးသပ်တဲ့ ILO အဖွဲ့က တောင်းဆိုပါတယ်။

XS
SM
MD
LG