သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၆၈ ကြိမ်မြောက် မြန်မာ့ လွတ်လပ်ရေးနေ့


၆၈ နှစ်မြောက် လွတ်လပ်ရေးနေ့ (သတင်းဓါတ်ပုံ -MOI)
၆၈ နှစ်မြောက် လွတ်လပ်ရေးနေ့ (သတင်းဓါတ်ပုံ -MOI)

ဒီကနေ့ ဇန်နဝါရီလ ၄ ရက်နေ့ဟာ မြန်မာနိုင်ငံ ဗြိတိသျှကိုလိုနီလက်အောက်က လွှတ်မြောက်တဲ့ ၆၈ နှစ်မြောက် လွတ်လပ်ရေးနေ့ ဖြစ်ပါတယ်။

အစဉ်အလာအားဖြင့် ဇန်နဝါရီလ ၄ ရက်နေ့ မနက် ၄ နာရီ မိနစ် ၂၀ မှာ လွှတ်လပ်ရေးနဲ့ အထိမ်းအမှတ်အဖြစ်နဲ့ အလံတင်ပွဲအခမ်းအနား ကျင်းပလေ့ရှိတာနဲ့အညီ ဒီကနေ့မနက် ၄ နာရီ ၂၀ မိနစ်အချိန်က နေပြည်တော်မှာရှိတဲ့ မြို့တော်ခမ်းမရှေ့နဲ့ ရန်ကုန်မြို့၊ ရွှေတိဂုံဘုရားအနီးမှာရှိတဲ့ ပြည်သူ့ရင်ပြင်တို့မှာ အလံတင်ပွဲ အခမ်းအနားကို မကြာသေးခင်ကပဲ ကျင်းပ ပြီးစီးသွားပြီ ဖြစ်ပါတယ်။

နေပြည်တော်မှာတော့ နိုင်ငံတော်သမ္မ ဦးသိန်းစိန်ဦးဟာ လွှတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ်နဲ့ ဗိုလ်ရှုသဘင် ဆင်ယင် ကျင်းပမှာဖြစ်ပြီး ၊ မကြာခင်မှာ တိုင်းပြည် အာဏာကို လွဲပြောင်းရယူတော့မယ့် NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်း ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး လွှတ်လပ်ရေးနေ့ အခမ်းအနားကို ရန်ကုန်မြို့၊ အနောက်ရွှေဂုံတိုင်လမ်းမှာရှိတဲ့ အဖွဲ့ချုပ် ရုံးချုပ်မှာ ကျင်းပသွားမယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ လွှတ်လပ်ရေးနေ့ အခါသမယမှာ အမေရိကန်ပြည်ထောင်စုအပါအဝင် နိုင်ငံတကာ အသိုင်းဝိုင်းကလည်း လွှတ်လပ်ရေးနေ့ ဆုတောင်း သဝဏ်လွှာတွေ နှစ်ဆန်းကတည်းက တဖြည်းဖြည်း ပေးပို့နေခဲ့ကြတာ ဖြစ်ပါတယ်။

လွှတ်လပ်ရေးနေ့ အားလပ်ရက် အခါသမယဖြစ်တာနဲ့အညီ ဒီကနေ့မှာ နိုင်ငံတဝှမ်း ပျော်ပွဲ ရွှင်ပွဲတွေ၊ တီးမှုတ် ကခုန်ပွဲတွေ၊ အားကစားပြိုင်ပွဲတွေ ဆင်နွဲကြမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံအတွင်းက တချို့နေရာတွေမှာ မနေ့ ဇန်နဝါရီလ ၃ ရက်နေ့ညကစပြီး ပျော်ပွဲရွှင်ပွဲတွေ၊ မီးရှုးမီးပန်းတွေ ပစ်လွတ်တာတွေ ပြုလုပ်နေကြပြီ ဖြစ်ပါတယ်။

XS
SM
MD
LG