သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၇၄ နှစ်မြောက် မြန်မာ့လွတ်လပ်ရေးနေ့ နေပြည်တော် အခမ်းအနားကျင်းပ

၇၄ ကြိမ်မြောက် မြန်မာ့လွတ်လပ်ရေးနေ့အခမ်းအနားကို နေပြည်တော်မှာကျင်းပစဉ်။ (ဇန်နဝါရီ ၄၊ ၂၀၂၂)
၇၄ ကြိမ်မြောက် မြန်မာ့လွတ်လပ်ရေးနေ့အခမ်းအနားကို နေပြည်တော်မှာကျင်းပစဉ်။ (ဇန်နဝါရီ ၄၊ ၂၀၂၂)

[[Zawgyi/Unicode]]

ဒီကနေ့ ဇန်နဝါရီလ ၄ ရက်နေ့ဟာ မြန်မာနိုင်ငံ အင်္ဂလိပ်ကိုလိုနီလက်အောက်က လွတ်မြောက်ပြီး လွတ်လပ်ရေးရခဲ့တဲ့ ၇၄ နှစ်မြောက်နေ့ ဖြစ်ပါတယ်။ နှစ်စဉ် ပျော်ပွဲ ရွှင်ပွဲတွေ၊ အားကစားပြိုင်ပွဲတွေနဲ့ တနိုင်ငံလုံး စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိတဲ့ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးနေ့ဟာ ဒီကနေ့မှာ အရင်နှစ်တွေလောက် စည်ကားမှုမရှိပါဘူး။

စစ်ကောင်စီကတော့ ဒီကနေ့ နေပြည်တော်မှာ လွတ်လပ်ရေးနေ့ အခမ်းအနား ကျင်းပတာမှာ အားလုံးပါဝင်နိုင်ပြီး ကျယ်ကျယ်ပြန့်ပြန့် ကိုယ်စားပြုတဲ့ နိုင်ငံရေးစနစ် တည်ဆောက်ဖို့ လိုတဲ့အကြောင်းနဲ့ သက်ဆိုင်ရာနိုင်ငံရေးပါတီတွေနဲ့ ဆွေးနွေးဆောင်ရွက်နေတဲ့အကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ လွတ်လပ်ရေးနေ့ သဝဏ်လွှာကို စစ်ကောင်စီ ဒုတိယအကြီးအကဲ ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက် ဖတ်ကြားခဲ့ပါတယ်။

နိုင်ငံရေးအယူအဆနဲ့ ပဋိပက္ခတွေကြောင့် တိုင်းပြည်ဖွံ့ဖြိုးမှု နောက်ကျနေတဲ့အကြောင်းနဲ့ အချုပ်အခြာအာဏာတည်မြဲရေးကို စစ်ကောင်စီ အကြီးအကဲက အဓိထား ပြောဆိုပါတယ်။

နိုင်ငံတကာကတော့ နိုင်ငံရေး ဖိနှိပ်မှုတွေ တိုးလာတာ၊ တိုင်းရင်းသားဒေသ စစ်တပ်ရဲ့ ထိုးစစ်ဆင်မှုတွေကြား လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ၊ ဖမ်းဆီးနှိပ်စက်မှုတွေကို အဓိက ဝေဖန်ပြောဆိုနေတာပါ။ ဗြိတိလျှ ကိုလိုနီလက်အောက်က လွတ်လပ်ရေးရခဲ့တာ ၇၄ နှစ် ရှိခဲ့ပေမဲ့ တိုင်းရင်းသား ပြည်သူတွေရဲ့ လွတ်လပ်ခွင့်တွေ ဆုံးရှုံးနေတယ်ဆိုတာကို လူ့အခွင့်အရေးဖွဲ့တွေက ထောက်ပြပါတယ်။

ဒီကနေ့ ကျရောက်တဲ့ လွတ်လပ်ရေးနေ့မှာ ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ယာယီသမ္မတ ဒူဝါလရှီးလကလည်း အွန်လိုင်းကတဆင့် မြန်မာပြည်သူတွေကို မိန့်ခွန်း ပြောကြားခဲ့တာမှာ - နိုင်ငံဟာ အချုပ်အခြာအရ လွတ်လပ်သောနိုင်ငံတခုအဖြစ် ရပ်တည်ခဲ့ပေမယ့် အချုပ်အခြာအာဏာရဲ့ မူလပိုင်ရှင်တွေဖြစ်တဲ့ တိုင်းရင်းသား ပြည်သူလူထုအပေါင်းရဲ့ လွတ်လပ်ရေးဟာ စစ်အာဏာသိမ်းမှုတွေအောက်မှာ ပျောက်ဆုံးနေရဆဲ၊ ရုန်းကန်နေရဆဲဖြစ်တယ်လို့ ထည့်သွင်း ပြောကြားခဲ့ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ကလည်း လွတ်လပ်ရေးနေ့ အခါသမယမှာမြန်မာနိုင်ငံတွင်း ဒီမိုကရေစီရေး၊ ငြိမ်ချမ်းရေးနဲ့ တရားဥပဒေစိုးမိုးမှုတွေ ပြန်လည်ရရှိစေဖို့ ကြိုးပမ်းအားထုတ်နေကြသူ မြန်မာနိုင်ငံသားတွေကို ဂုဏ်ပြုတဲ့အကြောင်း မနေ့ ဇန်နဝါရီလ ၃ ရက်နေ့ ရက်စွဲနဲ့ထုတ်ပြန်တဲ့ သဝဏ်လွှာမှာ ဖော်ပြပါတယ်။ ဆိုးဝါးပြင်းထန်တဲ့ မတရားမှုတွေကို ခါးဆီးခံရတဲ့ ကြားကပဲ ပိုမိုကောင်းမွန်တဲ့ အနာဂတ်အတွက် အရှုံးမပေးတဲ့ မြန်မာပြည်သူတွေကို ဆက်လက် ထောက်ခံတဲ့အကြောင်း နိုင်ငံခြားရေး ဝန်ကြီး Blinken ရဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

၇၄ နှစ်မြောက် မြန်မာ့လွတ်လပ်ရေးနေ့ နေပြည်တော် အခမ်းအနားကျင်းပ
please wait

No media source currently available

0:00 0:01:46 0:00
တိုက်ရိုက် လင့်ခ်

===========

[[Unicode]]








#MyanmarIndepedenceDay #MyanmarMilitary #VOABurmese


===========

XS
SM
MD
LG