သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့လွတ်လပ်ရေးနေ့ ကန်ဝန်ကြီး Rex Tillerson ရဲ့သဝဏ်လွှာ


ဇန်နဝါရီလ ၄ ရက်နေ့မှာ ကျရောက်တဲ့ မြန်မာနိုင်ငံရဲ့ အကြိမ် ၇၀ မြောက် လွတ်လပ်ရေးနေ့ အခါသမယမှာ သမ္မတကြီး ဦးထင်ကျော်နဲ့ တကွ မြန်မာပြည်သူ ပြည်သား အားလုံးကို အမေရိကန်ပြည်ထောင်စု ကိုယ်စား ချီးကျူး ဂုဏ်ပြုပါကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Rex W. Tillerson က အင်္ဂါနေ့မှာ သဝဏ်လွှာ ပေးပို့လိုက်ပါတယ်။

ငြိမ်းချမ်းရေး၊ လွတ်လပ်ရေးနဲ့ တရားမျှတမှု ရရေးအတွက် တစိုက်မတ်မတ် ကြိုးပမ်းနေတဲ့ မြန်မာပြည်သူတွေနဲ့ အတူ အမေရိကန် ပြည်ထောင်စုက ရပ်တည်ခဲ့တာ ဆယ်စုနှစ်ပေါင်းများစွာ ကြာရှည်ခဲ့ပြီဖြစ်ကြောင်းနဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအသွင် ကူးပြောင်းရေး ရှေ့ဆက်နိုင်စေဖို့ ဆက်လက် ကူညီမှာ ဖြစ်ကြောင်း ကတိပေးလိုက်ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ ဆယ်စုနှစ်နဲ့ ချီနေပြီဖြစ်တဲ့ ပဋိပက္ခတွေ အဆုံးသတ်နိုင်ရေး၊ လူ့အခွင့်ရေး လေးစားမှု ခိုင်မာလာရေး၊ ပွင့်လင်းမြင်သာမှု ရှိရေးနဲ့ တရာဥပဒေစိုးမိုးရေးနဲ့ အတူ ပြည့်စုံတဲ့ စီးပွါးရေးဖွံ့ဖြိုးမှု ရှိအောင် အရပ်ဘက် အစိုးရရဲ့ လုပ်ဆောင်နေမှု တွေကို အမေရိကန် အစိုးရက ဆက်လက် ပံ့ပိုးပေးနေမှာ ဖြစ်ကြောင်း လည်း ဖေါ်ပြထားပါတယ်။

တချိန်ထဲမှာပဲ နိုင်ငံတွင်း နေထိုင်သူအားလုံး အခွင့်အလမ်း ညီတူညီမျှ အပြည့်အဝ ရှိစေရေးနဲ့ ဒီမိုကရေစီ လူမှု အသိုင်းအဝိုင်းရဲ့ အကျိုး အမြတ်တွေကို ခံစားစေရေးအတွက် ရှေ့ဆက် တဆင့်တိုး လုပ်ဆောင်ဖို့ အာဏာပိုင်တွေကို တိုက်တွန်းခဲ့ပါတယ်။

လာမယ့် နှစ်မှာ မြန်မာ ပြည်သူအားလုံး ငြိမ်းချမ်းမှု လုံခြုံမှုနဲ့ ချမ်းသာကြွယ်ဝမှု ရှိစေဖို့ ဆုတောင်း ပေးလိုက်ကြောင်း သဝဏ်လွှာမှာ ဖေါ်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG