သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာဒုက္ခသည် ၃၀၀ ကျော် အိန္ဒိယပြန်ပို့


သတင်းဓါတ်ပုံ-Hindustan Times
သတင်းဓါတ်ပုံ-Hindustan Times

မကြာသေးခင်က အိန္ဒိယနိုင်ငံ မီဇိုရမ်ဘက်ကို ထွက်ပြေးခဲ့ကြတဲ့ မြန်မာနိုင်ငံက ဒုက္ခသည် ၃၄၀ လောက်ကို အိန္ဒိယ အစိုးရက နေရပ်ရင်း ပြန်ပို့ခဲ့တယ်လို့ အာသံရိုင်ဖယ်တပ်က အရာရှိတွေရဲ့ ပြောကြားချက်ကို ကိုးကားပြီး Hindustan Times သတင်းမှာ ဖေါ်ပြပါတယ်။

မီဇိုရမ် ဒေသမှာ ဒုက္ခသည် ပြဿနာ ပေါ်လာမှာကို တားဆီးတဲ့ အနေနဲ့ အခုလို အမျိုးသမီးနဲ့ ကလေးငယ် အများအပြားပါဝင်တဲ့ ဒုက္ခသည်တွေကို ပြန်ပို့တာလို့ အိန္ဒိယ မြန်မာ ၂ နိုင်ငံကြားက ကီလိုမီတာ ၁၆၀၀ ကျော်ရှည်တဲ့ နယ်စပ်ဒေသစောင့် အာသံရိုင်ဖယ်တပ်က ပြောပါတယ်။

တောင်ပိုင်း မီဇိုရမ်ပြည်နယ် Saiha အရပ်မှာ နေထိုင်တဲ့ Mara လူမျိုးစုတွေနဲ့ အမျိုးတူတဲ့ ဒီဒုက္ခသည်တွေဟာ မြန်မာနိုင်ငံ ချင်းပြည်နယ်ထဲက Ralie ရွာကနေ မေလ ၁၉ နဲ့ ၂၀ ရက်တွေမှာ ရောက်လာတာ ဖြစ်ပြီး သူတို့ကို Saiha အရပ်က Khaikhy နဲ့ Lungpuk ရွာသားတွေက လက်ခံထားခဲ့တာ ဖြစ်ပါတယ်။

အိန္ဒိယနဲ့ မြန်မာ ၂ နိုင်ငံ သဘောတူညီချက်အရ တဖက်နိုင်ငံတွင်း ၁၅ ကီလိုမီတာ အထိသာ သွားရောက်ခွင့် ပြုထားတာ ဖြစ်ပါတယ်။ ဒီဒုက္ခသည်တွေကို အာသံ ရိုင်ဖယ်တပ်က လုံခြုံရေးအပြင် ဆေးဝါးနဲ့ လူသားချင်း စာနာမှု အကူညီတွေ ပေးခဲ့တယ်လို့ ဖေါ်ပြထားပါတယ်။

ဒုက္ခသည်တွေကို ပြန်ပို့ရာမှာ သူတို့ကို Ralie ရွာသူကြီးက နယ်စပ်ဒေသမှာ လာခေါ်ယူခဲ့တယ်လို့ ဒေသအာဏာပိုင်တွေက ပြောပါတယ်။ ဒီရွာဟာ အိန္ဒိယ မြန်မာနယ်စပ်နားမှာ တည်ရှိပြီး ရခိုင်နဲ့ ချင်းပြည်နယ်ကို ခြားထားတဲ့ နေရာမှာ ရှိတာပါ။ ဒီဒေသမှာ ရခိုင်လက်နက်ကိုင် တပ်ဖွဲ့ တွေနဲ့ အစိုးရတပ်တွေကြား ရင်ဆိုင်တိုက်ခိုက်မှုတွေ ဖြစ်ပွါးလေ့ ရှိပါတယ်။

မြန်မာဒုက္ခသည် ၃၀၀ ကျော် အိန္ဒိယပြန်ပို့
please wait

No media source currently available

0:00 0:00:44 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG