သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရန္ကုန္မွာ အထက္တန္းျပဆရာမတေယာက္ ေသနတ္ပစ္ခံရၿပီး ကြယ္လြန္


ေမလ (၇) ရက္၊ ရန္ကုန္ လမ္းေတြေပၚမွာ ေတြ႔ေနရတဲ့ စစ္နဲ႔ရဲတပ္ဖြဲ႔ဝင္မ်ား။ (ယခင္ပံုေဟာင္း)

{{Zawgyi/Unicode}}

ရန္ကုန္၊ ဒဂုံၿမိဳ႕သစ္အေ႐ွ႕ပိုင္းက အထက္တန္းေက်ာင္း ဆရာမတေယာက္ ဒီေန႔ ႏုိင္ဝင္ဘာ ၅ ရက္မွာ ေသနတ္နဲ႔ ပစ္သတ္ခံရပါတယ္။ ရန္ကုန္ၿမိဳ႕ထဲက ဘဏ္တခုေ႐ွ႕မွာလည္း အေသးစား ေပါက္ကြဲမႈတခုရွိခဲ့ပါတယ္။ တည္ၿငိမ္လံုၿခံဳေရးအတြက္ သက္ဆိုင္ရာလံုၿခံဳေရးအဖဲြ႔အစည္းေတြနဲ႔ ျပည္သူေတြ ပူးေပါင္းေဆာင္႐ြက္ဖုိ႔ စစ္ေကာင္စီက ထပ္ၿပီးတိုက္တြန္းပါတယ္။ ဒီအေၾကာင္း ရန္ကုန္ကလာတဲ့သတင္းကို ကိုရန္ႏုိင္က တင္ျပေပးထားပါတယ္။

ရန္ကုန္၊ ဒဂုံၿမိဳ႕သစ္ၿမိဳ႕နယ္အေရွ႕ပိုင္း၊ အမွတ္ (၂) အထက္တန္းေက်ာင္းက ဆရာမတဦး ဒီေန႔မနက္ပိုင္း ေက်ာင္းကိုအသြားမွာ ေသနတ္နဲ႔အပစ္ခံရပါတယ္။ အငွားယာဥ္နဲ႔ လိုက္ပါလာတဲ့ ဒီေက်ာင္းဆရာမဟာ ေျမာက္ဥကၠလာ၊ သုဓမၼာလမ္းမွာ ယာဥ္ေၾကာပိတ္ဆို႔တာကို ေစာင့္ေနခ်ိန္ လက္နက္ကိုင္ အၾကမ္းဖက္တဦးရဲ႕ ပစ္ခတ္တာကိုခံရေၾကာင္းနဲ႔ ေျမာက္ဥကၠလာ အေထြေထြေဆး႐ုံႀကီးမွာ ေဆးကုသခံေနတုန္းမွာပဲ ေသဆုံးသြားေၾကာင္းစစ္ေကာင္စီက သတင္းထုတ္ျပန္ထားပါတယ္။

လႈိင္သာယာၿမိဳ႕နယ္ (၇) ရပ္ကြက္ မီးခြက္ေဈးအနီးက ပါရမီေဆးခန္းမွာလည္း ဒီေန႔မ နက္ ၁၀ နာရီေလာက္က ပစ္ခတ္မႈတခုျဖစ္ခဲ့ၿပီး ေဆးခန္းက သူနာျပဳ ဆရာမတဦး ေသဆုံးခဲ့ပါတယ္။ ပစ္ခတ္သတ္ျဖတ္မႈ ၂ ခုလုံးမွာ ဘာအေၾကာင္းေၾကာင့္ ဘယ္သူ႔ လက္ခ်က္နဲ႔ ခုလို ပစ္သတ္ခံခဲ့ၾကရသလဲဆိုတာကိုေတာ့ မသိရေသးပါဘူး။

ဒီအခင္းျဖစ္ၿပီး ခ်က္ခ်င္းဆိုသလိုပဲ လုံၿခဳံေရးတပ္ဖြဲ႔ေတြေရာက္လာၿပီး စစ္ေဆးမႈေတြ လုပ္ခဲ့ပါတယ္။ အနီးနားက လုံၿခဳံေရးကင္မရာ မွတ္တမ္းတခ်ိဳ႕ကိုလည္း ယူေဆာင္သြားခဲ့ေၾကာင္း လႈိင္သာယာေဒသခံတခ်ဳိ႕က ေျပာပါတယ္။

“ျဖစ္စဥ္ကေတာ့ေလ အဲဒီမွာ ဆရာမကိုေတာ့ ဝင္ပစ္တယ္လို႔ပဲ ၾကားလိုက္ရတယ္။ လုံၿခဳံေရး အေျခအေနကေတာ့ ဒီ စေနမဘက္မွာ စစ္ေဆးတာတို႔၊ ခဏတျဖဳတ္ပါပဲ အဲဒါက။”

သူေျပာသြားတဲ့ထဲက စေနမဆုိတာကေတာ့ ေဒသခံေတြအေခၚ စေနမ ကားမွတ္တိုင္ေနရာကို ေျပာတာျဖစ္ပါတယ္။ လႈိင္သာယာၿမိဳ႕နယ္အတြင္းက ေနရာအမ်ားစုမွာ ကားနဲ႔ ဆိုင္ကယ္ေတြကို တားဆီးစစ္ေဆးတာ၊ ဖမ္းဆီးတာတခ်ိဳ႕လည္း ရွိခဲ့ပါတယ္။ လႈိင္သာယာၿမိဳ႕နယ္ထဲမွာ ဆိုင္ကယ္စီးခြင့္မျပဳဘူးဆိုတာကို စစ္တပ္နဲ႔ရဲက အသံခ်ဲ႕စက္နဲ႔ ေၾက ညာေနတာပါ။ လႈိင္သာယာ ဘုရင့္ေနာင္ျမစ္ကူးတံတားေပၚမွာ စီးနင္းသြားတဲ့ ဆိုင္ကယ္ သမားကို စစ္တပ္က မေန႔က ေသနတ္နဲ႔ပစ္ခတ္ခဲ့လို႔ ေသဆုံးခဲ့ပါတယ္။

ဘုရင့္ေနာင္တံတားေအာက္မွာ က်ဴးေက်ာ္ေနထိုင္ေနသူေတြကိုလည္း ဒီရက္ပိုင္းမွာ စစ္ေကာင္စီတပ္ဖြဲ႔ေတြက လုံၿခဳံေရးအေၾကာင္းျပၿပီး အင္အားသုံး ရွင္းလင္းခဲ့ပါတယ္။ ဒါကိုလက္တုံ႔ျပန္တဲ့အေနနဲ႔ လႈိင္သာယာ အတြင္းပဒံရပ္ကြက္က အုပ္ခ်ဳပ္ေရးမွဴး႐ုံးမွာ ႏိုဝင္ဘာလ ၄ ရက္က ဗုံးခြဲတိုက္ခိုက္ခဲ့တယ္လို႔ အမည္မေဖာ္တဲ့ အဖြဲ႔အစည္းတခ်ိဳ႕က သူတို႔ရဲ႕ လူမႈကြန္ရက္ေပၚမွာ ေရးသားခဲ့ပါတယ္။

ဒီေန႔မနက္ ၁၀ နာရီေလာက္ကလည္း ရန္ကုန္ၿမိဳ႕ မင္းဓမၼလမ္းမွာရွိတဲ့ ေ႐ႊကမာၻအိမ္ယာက ကေမာၻဇဘဏ္ေရွ႕မွာ ဗုံးေပါက္ကြဲမႈျဖစ္ပြားခဲ့ၿပီး ATM ေငြထုတ္စက္တခ်ိဳ႕ ပ်က္စီးသြားပါတယ္။ ဒီေပါက္ကြဲမႈေၾကာင့္ လူထိခိုက္မႈမရွိေၾကာင္း အနီးအနားေနထိုင္သူတဦးက ဗြီအိုေအကို ေျပာပါတယ္။

“က်ေနာ့႐ုံးေရွ႕မွာပါပဲ ျဖစ္သြားတာကေတာ့။ ေ႐ႊကမာၻအိမ္ရာ မင္းဓမၼလမ္း ကေမာၻဇဘဏ္ေရွ႕မွာပါ။ ATM စက္ရွိတဲ့နားမွာ ေပါက္တာ။ လူေတာ့ မထိဘူးဗ်။”

ရန္ကုန္ၿမိဳ႕ရဲ႕ အေျခအေနဟာ တေန႔တျခား တရားဥပေဒစိုးမိုးေရးနဲ႔ ေဝးကြာလာတယ္လို႔ လႈိင္သာယာမွာေနထိုင္သူတဦးက ဗြီအိုေအကို ေျပာပါတယ္။

“မင္းမဲ့တိုင္းျပည္လိုျဖစ္ေနတယ္။ တိုက္ခိုက္မႈေတြဟာလည္း ျပည္သူလူထုက ထင္ေယာင္ထင္မွားျဖစ္တယ္။ ဟိုဘက္ကပဲတိုက္သလား၊ ဒီဘက္ကပဲတိုက္သလား။ လူစုလူ႐ုန္းဆိုရင္ ေတာ္ေတာ္မ်ားမ်ား ေၾကာက္လန႔္ၿပီး ေရွာင္ေနၾကတယ္ အခုကာလမွာ။ ဒီေန႔ဆိုလည္း လႈိင္သာယာတံတားေဘး စစ္ေၾကာေရးေတြ စစ္ေနတယ္။ ၿပီးရင္ ၇ နာရီ ၈ နာရီဆိုရင္ ေ႐ႊျပည္သာစစ္တယ္။ အဲဒီလို သူတို႔ ေနရာမလပ္ အကုန္စစ္ေနတယ္။ အခုက်ဴးေက်ာ္ေတြ ဖ်က္ၿပီးတဲ့ေနာက္ပိုင္း စစ္ေဆးေရးေတြ တအားလုပ္တယ္။ ကားတိုင္းလိုလို စစ္ေနတယ္။”

ျမန္မာျပည္တြင္းက တျခားေဒသမွာေတြမွာလည္း ေဒသခံလက္နက္ကိုင္အဖြဲ႔ေတြနဲ႔ စစ္ေကာင္စီ တိုက္ပြဲေတြရွိေနတာ၊ အဖြဲ႔အစည္းတခုနဲ႔တခု ပစ္မွတ္ထားၿပီး ဗုံးခြဲတိုက္ခိုက္တာ၊ သတ္ျဖတ္တာေတြဟာ ေန႔တိုင္းလိုလို ရွိေနပါတယ္။

ႏိုဝင္ဘာ ၄ ရက္ေန႔ကလည္း MyTel ဆက္သြယ္ေရးလုပ္ငန္းရဲ႕ အႀကီးတန္းအရာ႐ွိ ဦးသိန္းေအာင္ သူ႔အိမ္ေ႐ွ႕မွာ ေသနတ္နဲ႔ပစ္ခံရလို႔ ေသဆံုးခဲ့သလို သူ႔ဇနီးလည္း ဒဏ္ရာရ႐ွိခဲ့ပါတယ္။ ခုလို တရားလက္လြတ္ သတ္ျဖတ္မႈေတြျဖစ္ေနတာနဲ႔ပတ္သက္လို႔ တရားလႊတ္ေတာ္ ေ႐ွ႕ေနတေယာက္က ခုလိုေျပာပါတယ္။

“က်ေနာ္တို႔ကေတာ့ ဥပေဒသမားျဖစ္တဲ့အတြက္ ဥပေဒနဲ႔ညီၫြတ္စြာ ေျပာႏိုင္ဖို႔ဆိုရင္ေတာ့ ဒီ ႏိုင္ငံသားတေယာက္ေပါ့၊ လူပုဂၢိဳလ္တဦးတေယာက္ကို သူ႔ရဲ႕ ခုခံေခ်ပခြင့္ တစုံတရာမရရွိဘဲနဲ႔ ဥပေဒနဲ႔ အညီ ခုခံေခ်ပခြင့္မရရွိဘဲနဲ႔ လြယ္လြယ္ကူကူ ရွင္းလင္းတာ၊ သတ္ျဖတ္တာေတြသည္ ဘယ္ေလာက္ပဲ စစ္ေရးအျမင္အရ လိုအပ္တယ္ပဲဆိုဆို ဒါ ဥပေဒနဲ႔ ညီၫြတ္တဲ့ကိစၥ မဟုတ္ဘူးလို႔ က်ေနာ္ကေတာ့ ဒီအတိုင္းပဲ ခိုင္ခိုင္ၿမဲၿမဲ ယုံၾကည္ပါတယ္။ သို႔ေသာ္ တဘက္မွာက်ေတာ့လည္း ဒါက ႏိုင္ငံေရးအသြင္သ႑န္ မေဆာင္ေတာ့ဘဲနဲ႔ စစ္ေရးအသြင္သ႑န္ေဆာင္ၿပီးေတာ့မွ စစ္ေရးအျမင္နဲ႔ ေဆာင္႐ြက္ေနၾကတာဆိုေတာ့ ဒါကေတာ့ က်ေနာ္တို႔ ၾကည့္တဲ့ဘက္ရဲ႕ သေဘာထားအေပၚမွာ မူတည္ၿပီးေတာ့ အေျဖေတြကေတာ့ ကြဲျပားလိမ့္မယ္လို႔ ထင္ပါတယ္။”

စစ္ေကာင္စီေျပာခြင့္ရ ဗို္လ္ခ်ဳပ္ေဇာ္မင္းထြန္းကလည္ လက္႐ွိမွာ လံုၿခံဳေရးနဲ႔ပတ္သက္လို႔ ခ်ဳိ႕ယြင္းအားနည္းခ်က္ေတြ႐ွိေနတယ္လို႔ ဗီြအိုေအကို ေျပာပါတယ္။

“အဖ်က္လုပ္ငန္းေတြ လုပ္ေဆာင္ေနတဲ့သူေတြေပါ့ေနာ္၊ အဖ်က္လုပ္ငန္းေတြလုပ္ေနသူေတြရွိေနသမွ်ကေတာ့ လံုၿခံဳေရးနဲ႔ပတ္သက္ၿပီး ခၽြတ္ယြင္းအားနည္းခ်က္တခ်ုိ႕ေတာ့ ရွိေနအံုးမွာပဲ။ သို႔ေသာ္ က်ေနာ္ ျပည္သူလူထုကိုတိုက္တြန္းလိုတာက ျပည္သူလူထုအေနနဲ႔ ယခင္ကလိုပဲ လံုၿခံဳေရးကိစၥေတြမွာ သက္ဆုိင္ရာ လံုၿခံဳေရးအဖြဲ႔အစည္းမ်ားနဲ႔ ပူးေပါင္းေဆာင္ရြက္သြားမယ္ဆိုရင္ ဒါ တည္ၿငိမ္ေအးခ်မ္းတဲ့အေျခအေနကို မၾကာခင္မွာ ျပန္လည္ ေရာက္ရွိလာမွာပါခင္ဗ်။”

ျမန္မာႏိုင္ငံမွာ အာဏာသိမ္းခံရတဲ့ ေဖေဖာ္ဝါရီ ၁ ရက္ ေနာက္ပိုင္းကစလို႔ စစ္ေကာင္စီတပ္ဖြဲ႕ေတြနဲ႔ လက္နက္ကိုင္ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ေတြၾကား အျပန္အလွန္တိုက္ခိုက္မႈေတြလည္း တျဖည္းျဖည္း အရွိန္ျမင့္လာေနသလို ၿမိဳ႕ေပၚေတြမွာ ပစ္ခတ္ သတ္ျဖတ္မႈေတြလည္း ပိုမ်ားလာေနပါတယ္။

တိုက္႐ိုက္ လင့္ခ္


***************

{{Unicode}}

ရန်ကုန်မှာ အထက်တန်းပြဆရာမတယောက် သေနတ်ပစ်ခံရပြီး ကွယ်လွန်

ရန်ကုန်၊ ဒဂုံမြို့သစ်အရှေ့ပိုင်းက အထက်တန်းကျောင်း ဆရာမတယောက် ဒီနေ့ နိုင်ဝင်ဘာ ၅ ရက်မှာ သေနတ်နဲ့ ပစ်သတ်ခံရပါတယ်။ ရန်ကုန်မြို့ထဲက ဘဏ်တခုရှေ့မှာလည်း အသေးစား ပေါက်ကွဲမှုတခုရှိခဲ့ပါတယ်။ တည်ငြိမ်လုံခြုံရေးအတွက် သက်ဆိုင်ရာလုံခြုံရေးအဖွဲ့အစည်းတွေနဲ့ ပြည်သူတွေ ပူးပေါင်းဆောင်ရွက်ဖို့ စစ်ကောင်စီက ထပ်ပြီးတိုက်တွန်းပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို ကိုရန်နိုင်က တင်ပြပေးထားပါတယ်။

ရန်ကုန်၊ ဒဂုံမြို့သစ်မြို့နယ်အရှေ့ပိုင်း၊ အမှတ် (၂) အထက်တန်းကျောင်းက ဆရာမတဦး ဒီနေ့မနက်ပိုင်း ကျောင်းကိုအသွားမှာ သေနတ်နဲ့အပစ်ခံရပါတယ်။ အငှားယာဉ်နဲ့ လိုက်ပါလာတဲ့ ဒီကျောင်းဆရာမဟာ မြောက်ဥက္ကလာ၊ သုဓမ္မာလမ်းမှာ ယာဉ်ကြောပိတ်ဆို့တာကို စောင့်နေချိန် လက်နက်ကိုင် အကြမ်းဖက်တဦးရဲ့ ပစ်ခတ်တာကိုခံရကြောင်းနဲ့ မြောက်ဥက္ကလာ အထွေထွေဆေးရုံကြီးမှာ ဆေးကုသခံနေတုန်းမှာပဲ သေဆုံးသွားကြောင်းစစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။

လှိုင်သာယာမြို့နယ် (၇) ရပ်ကွက် မီးခွက်ဈေးအနီးက ပါရမီဆေးခန်းမှာလည်း ဒီနေ့မ နက် ၁၀ နာရီလောက်က ပစ်ခတ်မှုတခုဖြစ်ခဲ့ပြီး ဆေးခန်းက သူနာပြု ဆရာမတဦး သေဆုံးခဲ့ပါတယ်။ ပစ်ခတ်သတ်ဖြတ်မှု ၂ ခုလုံးမှာ ဘာအကြောင်းကြောင့် ဘယ်သူ့ လက်ချက်နဲ့ ခုလို ပစ်သတ်ခံခဲ့ကြရသလဲဆိုတာကိုတော့ မသိရသေးပါဘူး။

ဒီအခင်းဖြစ်ပြီး ချက်ချင်းဆိုသလိုပဲ လုံခြုံရေးတပ်ဖွဲ့တွေရောက်လာပြီး စစ်ဆေးမှုတွေ လုပ်ခဲ့ပါတယ်။ အနီးနားက လုံခြုံရေးကင်မရာ မှတ်တမ်းတချို့ကိုလည်း ယူဆောင်သွားခဲ့ကြောင်း လှိုင်သာယာဒေသခံတချို့က ပြောပါတယ်။

“ဖြစ်စဉ်ကတော့လေ အဲဒီမှာ ဆရာမကိုတော့ ဝင်ပစ်တယ်လို့ပဲ ကြားလိုက်ရတယ်။ လုံခြုံရေး အခြေအနေကတော့ ဒီ စနေမဘက်မှာ စစ်ဆေးတာတို့၊ ခဏတဖြုတ်ပါပဲ အဲဒါက။”

သူပြောသွားတဲ့ထဲက စနေမဆိုတာကတော့ ဒေသခံတွေအခေါ် စနေမ ကားမှတ်တိုင်နေရာကို ပြောတာဖြစ်ပါတယ်။ လှိုင်သာယာမြို့နယ်အတွင်းက နေရာအများစုမှာ ကားနဲ့ ဆိုင်ကယ်တွေကို တားဆီးစစ်ဆေးတာ၊ ဖမ်းဆီးတာတချို့လည်း ရှိခဲ့ပါတယ်။ လှိုင်သာယာမြို့နယ်ထဲမှာ ဆိုင်ကယ်စီးခွင့်မပြုဘူးဆိုတာကို စစ်တပ်နဲ့ရဲက အသံချဲ့စက်နဲ့ ကြေ ညာနေတာပါ။ လှိုင်သာယာ ဘုရင့်နောင်မြစ်ကူးတံတားပေါ်မှာ စီးနင်းသွားတဲ့ ဆိုင်ကယ် သမားကို စစ်တပ်က မနေ့က သေနတ်နဲ့ပစ်ခတ်ခဲ့လို့ သေဆုံးခဲ့ပါတယ်။

ဘုရင့်နောင်တံတားအောက်မှာ ကျူးကျော်နေထိုင်နေသူတွေကိုလည်း ဒီရက်ပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့တွေက လုံခြုံရေးအကြောင်းပြပြီး အင်အားသုံး ရှင်းလင်းခဲ့ပါတယ်။ ဒါကိုလက်တုံ့ပြန်တဲ့အနေနဲ့ လှိုင်သာယာ အတွင်းပဒံရပ်ကွက်က အုပ်ချုပ်ရေးမှူးရုံးမှာ နိုဝင်ဘာလ ၄ ရက်က ဗုံးခွဲတိုက်ခိုက်ခဲ့တယ်လို့ အမည်မဖော်တဲ့ အဖွဲ့အစည်းတချို့က သူတို့ရဲ့ လူမှုကွန်ရက်ပေါ်မှာ ရေးသားခဲ့ပါတယ်။

ဒီနေ့မနက် ၁၀ နာရီလောက်ကလည်း ရန်ကုန်မြို့ မင်းဓမ္မလမ်းမှာရှိတဲ့ ရွှေကမ္ဘာအိမ်ယာက ကမ္ဘောဇဘဏ်ရှေ့မှာ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ATM ငွေထုတ်စက်တချို့ ပျက်စီးသွားပါတယ်။ ဒီပေါက်ကွဲမှုကြောင့် လူထိခိုက်မှုမရှိကြောင်း အနီးအနားနေထိုင်သူတဦးက ဗွီအိုအေကို ပြောပါတယ်။

“ကျနော့ရုံးရှေ့မှာပါပဲ ဖြစ်သွားတာကတော့။ ရွှေကမ္ဘာအိမ်ရာ မင်းဓမ္မလမ်း ကမ္ဘောဇဘဏ်ရှေ့မှာပါ။ ATM စက်ရှိတဲ့နားမှာ ပေါက်တာ။ လူတော့ မထိဘူးဗျ။”

ရန်ကုန်မြို့ရဲ့ အခြေအနေဟာ တနေ့တခြား တရားဥပဒေစိုးမိုးရေးနဲ့ ဝေးကွာလာတယ်လို့ လှိုင်သာယာမှာနေထိုင်သူတဦးက ဗွီအိုအေကို ပြောပါတယ်။

“မင်းမဲ့တိုင်းပြည်လိုဖြစ်နေတယ်။ တိုက်ခိုက်မှုတွေဟာလည်း ပြည်သူလူထုက ထင်ယောင်ထင်မှားဖြစ်တယ်။ ဟိုဘက်ကပဲတိုက်သလား၊ ဒီဘက်ကပဲတိုက်သလား။ လူစုလူရုန်းဆိုရင် တော်တော်များများ ကြောက်လန့်ပြီး ရှောင်နေကြတယ် အခုကာလမှာ။ ဒီနေ့ဆိုလည်း လှိုင်သာယာတံတားဘေး စစ်ကြောရေးတွေ စစ်နေတယ်။ ပြီးရင် ၇ နာရီ ၈ နာရီဆိုရင် ရွှေပြည်သာစစ်တယ်။ အဲဒီလို သူတို့ နေရာမလပ် အကုန်စစ်နေတယ်။ အခုကျူးကျော်တွေ ဖျက်ပြီးတဲ့နောက်ပိုင်း စစ်ဆေးရေးတွေ တအားလုပ်တယ်။ ကားတိုင်းလိုလို စစ်နေတယ်။”

မြန်မာပြည်တွင်းက တခြားဒေသမှာတွေမှာလည်း ဒေသခံလက်နက်ကိုင်အဖွဲ့တွေနဲ့ စစ်ကောင်စီ တိုက်ပွဲတွေရှိနေတာ၊ အဖွဲ့အစည်းတခုနဲ့တခု ပစ်မှတ်ထားပြီး ဗုံးခွဲတိုက်ခိုက်တာ၊ သတ်ဖြတ်တာတွေဟာ နေ့တိုင်းလိုလို ရှိနေပါတယ်။

နိုဝင်ဘာ ၄ ရက်နေ့ကလည်း MyTel ဆက်သွယ်ရေးလုပ်ငန်းရဲ့ အကြီးတန်းအရာရှိ ဦးသိန်းအောင် သူ့အိမ်ရှေ့မှာ သေနတ်နဲ့ပစ်ခံရလို့ သေဆုံးခဲ့သလို သူ့ဇနီးလည်း ဒဏ်ရာရရှိခဲ့ပါတယ်။ ခုလို တရားလက်လွတ် သတ်ဖြတ်မှုတွေဖြစ်နေတာနဲ့ပတ်သက်လို့ တရားလွှတ်တော် ရှေ့နေတယောက်က ခုလိုပြောပါတယ်။

“ကျနော်တို့ကတော့ ဥပဒေသမားဖြစ်တဲ့အတွက် ဥပဒေနဲ့ညီညွတ်စွာ ပြောနိုင်ဖို့ဆိုရင်တော့ ဒီ နိုင်ငံသားတယောက်ပေါ့၊ လူပုဂ္ဂိုလ်တဦးတယောက်ကို သူ့ရဲ့ ခုခံချေပခွင့် တစုံတရာမရရှိဘဲနဲ့ ဥပဒေနဲ့ အညီ ခုခံချေပခွင့်မရရှိဘဲနဲ့ လွယ်လွယ်ကူကူ ရှင်းလင်းတာ၊ သတ်ဖြတ်တာတွေသည် ဘယ်လောက်ပဲ စစ်ရေးအမြင်အရ လိုအပ်တယ်ပဲဆိုဆို ဒါ ဥပဒေနဲ့ ညီညွတ်တဲ့ကိစ္စ မဟုတ်ဘူးလို့ ကျနော်ကတော့ ဒီအတိုင်းပဲ ခိုင်ခိုင်မြဲမြဲ ယုံကြည်ပါတယ်။ သို့သော် တဘက်မှာကျတော့လည်း ဒါက နိုင်ငံရေးအသွင်သဏ္ဍန် မဆောင်တော့ဘဲနဲ့ စစ်ရေးအသွင်သဏ္ဍန်ဆောင်ပြီးတော့မှ စစ်ရေးအမြင်နဲ့ ဆောင်ရွက်နေကြတာဆိုတော့ ဒါကတော့ ကျနော်တို့ ကြည့်တဲ့ဘက်ရဲ့ သဘောထားအပေါ်မှာ မူတည်ပြီးတော့ အဖြေတွေကတော့ ကွဲပြားလိမ့်မယ်လို့ ထင်ပါတယ်။”

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကလည် လက်ရှိမှာ လုံခြုံရေးနဲ့ပတ်သက်လို့ ချို့ယွင်းအားနည်းချက်တွေရှိနေတယ်လို့ ဗွီအိုအေကို ပြောပါတယ်။

“အဖျက်လုပ်ငန်းတွေ လုပ်ဆောင်နေတဲ့သူတွေပေါ့နော်၊ အဖျက်လုပ်ငန်းတွေလုပ်နေသူတွေရှိနေသမျှကတော့ လုံခြုံရေးနဲ့ပတ်သက်ပြီး ချွတ်ယွင်းအားနည်းချက်တချို့တော့ ရှိနေအုံးမှာပဲ။ သို့သော် ကျနော် ပြည်သူလူထုကိုတိုက်တွန်းလိုတာက ပြည်သူလူထုအနေနဲ့ ယခင်ကလိုပဲ လုံခြုံရေးကိစ္စတွေမှာ သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့အစည်းများနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်ဆိုရင် ဒါ တည်ငြိမ်အေးချမ်းတဲ့အခြေအနေကို မကြာခင်မှာ ပြန်လည် ရောက်ရှိလာမှာပါခင်ဗျ။”

မြန်မာနိုင်ငံမှာ အာဏာသိမ်းခံရတဲ့ ဖေဖော်ဝါရီ ၁ ရက် နောက်ပိုင်းကစလို့ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ လက်နက်ကိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကြား အပြန်အလှန်တိုက်ခိုက်မှုတွေလည်း တဖြည်းဖြည်း အရှိန်မြင့်လာနေသလို မြို့ပေါ်တွေမှာ ပစ်ခတ် သတ်ဖြတ်မှုတွေလည်း ပိုများလာနေပါတယ်။

#WhatIsHappeningInMyanmar #MyanmarMilitaryCoup #voaburmese #စစ်အာဏာသိမ်းမှု #ဗွီအိုအေမြန်မာပိုင်း

***************

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG