သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲကာလ အင်တာနက် ခက်ခဲ

ရွေးကောက်ပွဲကာလ အင်တာနက် ခက်ခဲ
ရွေးကောက်ပွဲကာလ အင်တာနက် ခက်ခဲ

ရွေးကောက်ပွဲ ကျင်းပဖို့ ရက်ပိုင်းအလို မြန်မာနိုင်ငံမှာ ပြင်ပကမ္ဘာနဲ့ ဆက်သွယ်တဲ့ ကွန်ပြူတာ အင်တာနက် ဆက်သွယ်မှု အလွန်နှေးကွေးပြီး အနှောင့်အယှက်တွေနဲ့ ကြုံတွေ့နေရပါတယ်။

မြန်မာနိုင်ငံ စီးပွားရေး အချက်အချာမြို့တော် ရန်ကုန်က အင်တာနက် ကဖေးတွေကို ပိတ်ထားရပြီး ဟိုတယ်တွေ၊ လေယာဉ်လိုင်းတွေ၊ လူနေဆောင်တွေနဲ့ သတင်းဌာနတွေရဲ့ အင်တာနက်ကိုပါ ထိခိုက်စေတယ်လို့ Weekly Eleven News စာစောင်မှာ ဖော်ပြထားပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး စစ်အစိုးရကတော့ တစုံတရာ ရှင်းလင်းပြောဆိုမှု မရှိပါဘူး။ ဒါပေမဲ့ လူ့အခွင့်အရေး အုပ်စုတွေကတော့ ဒါဟာ နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲ သတင်းတွေ မှောင်ချချင်လို့ တမင်လုပ်ထားတာ ဖြစ်တယ်လို့ ဝေဖန်နေကြပါတယ်။

စစ်အစိုးရဟာ ဒီလအတွင်း Visa on Arrival လို့ခေါ်တဲ့ ဆိုက်ရောက်ဗီဇာ ဒါမှမဟုတ် လေဆိပ်ရောက်မှ ပြည်ဝင်ခွင့် ထုတ်ပေးတာကိုလည်း ရပ်ဆိုင်းထားပြီး ရွေးကောက်ပွဲကို စောင့်ကြည့်မယ့် ပြည်ပ သတင်းသမားတွေ၊ သံတမန်တွေကိုလည်း လာရောက်ခွင့် ပိတ်ပင်ထားပါတယ်။

This item is part of
XS
SM
MD
LG