သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘာသာရေးလွတ်လပ်ခွင့်ချိုးဖောက်မှု အထူးစိုးရိမ်စာရင်းထဲ မြန်မာပါ


ကယားပြည်နယ်အတွင်းက ခရစ်ယာန်ဘုရားကျောင်းတစ်ကျောင်း မီးရှို့ခံထားရသည်ကိုတွေ့ရစဉ်
ကယားပြည်နယ်အတွင်းက ခရစ်ယာန်ဘုရားကျောင်းတစ်ကျောင်း မီးရှို့ခံထားရသည်ကိုတွေ့ရစဉ်

ဘာသာရေးလွတ်လပ်မှုကို ပြင်းပြင်းထန်ထန်ချိုးဖောက်နေတဲ့အတွက် မြန်မာနိုင်ငံအပါအဝင် နိုင်ငံ ၁၂ နိုင်ငံကို အထူးစိုးရိမ်ရတဲ့စာရင်းမှာ ထည့်သွင်းထားကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ဇန်နဝါရီ ၄ ရက်နေ့က ထုတ်ပြန်ကြေညာပါတယ်။ ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရတဲ့ ၁၂ နိုင်ငံထဲမှာ မြန်မာအပြင် အာရှက တရုတ်၊ မြောက်ကိုရီးယား၊ ပါကစ္စတန်နိုင်ငံတွေလည်းပါဝင်ပါတယ်။

ဘာသာကိုးကွယ်မှုကြောင့် နှိပ်စက်တာ၊ နှစ်ရှည်ထောင်ချတာ၊ လူ့ဂုဏ်သိက္ခာမဲ့အောင်တာ စတဲ့ လုပ်ရပ်တွေကို သာသာရေးလွတ်လပ်ခွင့် ပြင်းပြင်းထန်ထန်ချိုးဖောက်တဲ့လုပ်ရပ်တွေလို့ သတ်မှတ်တာဖြစ်ပါတယ်။ ဘာသာရေးလွတ်လပ်ခွင့်ကို ပြင်းပြင်းထန်ထန်ချိုးဖောက်နေလို့ အထူးစောင့်ကြည့်ရမယ့်စာရင်းမှာတော့ အာရှက ဗီယက်နမ်အပါအဝင် နိုင်ငံ ၅ နိုင်ငံကို ထည့်သွင်းလိုက်ပါတယ်။

al-Shabab, Boko Haram, Houthis, ISIS စတဲ့အဖွဲ့တွေကိုလည်း ဘာသာရေးချိုးဖောက်နေတဲ့ အထူးစိုးရိမ်ရတဲ့အဖွဲ့အစည်းတွေအဖြစ် အမေရိကန်နိုင်ငံခြားရေး Blinken က သတ်မှတ်လိုက်ပါတယ်။ အခုလို စာရင်းထဲမပါတဲ့နိုင်ငံတွေမှာလည်း ဘာသာရေးလွတ်လပ်မှုကို သိသိသာသာ ချိုးဖောက်မှုရှိနေတယ်လို့ သူက ထောက်ပြထားပါတယ်။ ဘာသာရေးအရ လူနည်းစုအသိုင်းအဝိုင်းတွေ၊ သူတို့ဝတ်ပြုတဲ့နေရာတွေအပေါ် အစိုးရတွေအနေနဲ့ တိုက်ခိုက်နေတာကို ရပ်ရမှာဖြစ်သလို နှစ်ရှည်ထောင်ဒဏ်ချတာ၊ ဖိနှိပ်တာ ဘာသာရေးလူနည်းစုတွေအပေါ် အကြမ်းဖက်ဖို့ တိုက်တွန်းတာအပါအဝင် လွတ်လပ်ခွင့်ချိုးဖောက်နေမှုတွေကိုလည်း ရပ်ရမယ်လို့ ဇန်နဝါရီ ၄ ရက်နေ့က အမေရိကန်နိုင်ငံခြားရေးဝန်ကြီးရဲ့ ထုတ်ပြန်ချက်မှာ ပြောကြားထားပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ ၁၉၉၈ ခုနှစ်ထဲက ပြဋ္ဌာန်းထားတဲ့ နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့် အက်ဥပဒေအရ ဘာသာရေး လွတ်လပ်ခွင့်ကို ပြင်းပြင်းထန်ထန် ချိုးဖေါက်တဲ့နိုင်ငံတွေကို စိုးရိမ်ရတဲ့ နိုင်ငံတွေအဖြစ် သတ်မှတ်ပြီး၊ စောင့်ကြည့် အရေးယူ ဒဏ်ခတ်မှုတွေ လုပ်နေတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG