သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအပေါ် ပြင်းပြင်းထန်ထန်ဒဏ်ခတ်ဖို့ ကုလကို RSF တောင်းဆို


မြန်မာအပေါ် ပြင်းပြင်းထန်ထန်ဒဏ်ခတ်ဖို့ ကုလကို RSF တောင်းဆို
မြန်မာအပေါ် ပြင်းပြင်းထန်ထန်ဒဏ်ခတ်ဖို့ ကုလကို RSF တောင်းဆို

မြန်မာနိုင်ငံမှာ သီတင်းပတ် ၁ ပတ်အတွင်း ဦးဟံသာငြိမ်းအပါအဝင် သတင်းသမား ၄ ဦးကိုထောင်ဒဏ်တွေချမှတ်ခဲ့ပြီး၊ သတင်းလွတ်လပ်ခွင့်နဲ့သတင်းသမားအများပေါ် မြန်မာစစ်ခေါင်းဆောင်တွေကဆက်လက် အကြမ်းဖက်ဖိနှိပ်နေတဲ့ အတွက် ကုလသမဂ္ဂအနေနဲ့ မြန်မာစစ်ခေါင်းဆောင်တွေအပေါ် ပိုမိုထိရောက်ပြင်းထန်တဲ့ရေးယူမှုတွေလုပ်ဖို့ နယ်စည်း မခြားသတင်းသမားအများအဖွဲ့ RSF အင်္ဂါနေ့မှာ ကြေငြာချက်တစောင်ထုတ်ပြန်တိုက်တွန်းလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာပိုင်တွေကသတင်းမားတွေကို အတောမသတ် ဆက်လက်ဖမ်းဆီးထောင်ချနေတဲ့လုပ်ရပ်တွေ ဟာအလွန်ကိုစက်ဆုပ်ဖွယ်ရာဖြစ်တယ်လို့ RSF ရဲ့အာရှပစ္စဖိတ်ဒေသဆိုင်ရာအကြီးအကဲ Daniel Bastard ကပြောဆို ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၆ ရက်နေ့က ဦးဟံသာငြိမ်းကို အီလက်ထရောနစ်ပုဒ်မ၊ ၃၃(က)နဲ့ နောက်ထပ်ထောင်ဒဏ် ၅ နှစ်ချမှတ်ခဲ့တဲ့အတွက် စုစုပေါင်းထောင်ဒဏ် ၇ နှစ်ရှိသွားပြီဖြစ်ပါတယ်။ ဦးဟံသာငြိမ်းကိုလွန်ခဲ့တဲ့ မတ်လထဲတုန်းက ၅၀၅ (ခ)နဲ့ ထောင်ဒဏ် ၂ နှစ်ချမှတ်ခဲ့ပါတယ်။ ဦးဟံသာငြိမ်းဟာ RSF ရဲ့ ၂၀၂၂ - သတင်းလွတ်လပ်ခွင့်ဆုအတွက် အမည်စာရင်းတင်သွင်းခံရသူဖြစ်ပါတယ်။ ဒါ့အပြင်ပြီးခဲ့တဲ့ဒီဇင်ဘာလ ၂၅ ရက်နေ့က ကမ္ဘောဇတိုမ်းသတင်းစာရဲ့ အယ်ဒီတာဦးကျော်ဇေယျကို ပဲခူးတိုင်းအနောက်ခြမ်း၊ ကြို့ပင်ကောက်မြို့မှာဖမ်းဆီးခဲ့ပါတယ်။

ကမ္ဘောဇတိုမ်းသတင်းဌာနကို စစ်တပ်ကအာဏာသိမ်းပြီးပြီး ခြင်းပိတ်ပစ်ခဲ့သလို သတင်းဌာနအဖွဲ့ဝင် ၅ ဦးကိုပါ ထောင်ဒဏ်တွေချမှတ်ခဲ့ပါတယ်။ ဒါ့အပြင်သတင်းသမား မမှုးရတနာခက်မို့မို့ထွန်းနဲ့ ကိုကောင်းစက်လင်းတို့ကို ဒီဇင်ဘာလ ၂၁ ရက်နေ့ကအလုပ်ကြမ်းနဲ့ထောင်ဒဏ် ၃ နှစ်စီချမှတ်ခဲ့ပါတယ်။

မြန်မာနိုင်မှာ လောလောဆယ်သတင်းသမား ၆၃ ဦးကိုဖမ်းဆီးထားပြီး တိုင်းပြည်လူဦးရေ အချိုးနဲ့ကြည့်ရင် မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာသတင်းသမားအများဆုံး ဖမ်းဆီးထောင်ချထားတဲ့နိုင်ငံဖြစ်တယ်လို့ နယ်စည်းမခြားသတင်းသမားများအဖွဲ့ RSF ရဲ့ကြေငြာချက်မှာဖေါ်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

Unicode






XS
SM
MD
LG