သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကယားျပည္နယ္ေက်း႐ြာေတြက ေျမျမႇဳပ္မိုင္းျပႆနာ


ကယားျပည္နယ္အတြင္းက စစ္ေဘးေရွာင္ျပည္သူမ်ား

[[ZAWGYI]]

စစ္ေရးတင္းမားေနတဲ့ ကယား(ကရင္နီ)ျပည္နယ္မွာ စစ္ေကာင္စီက ေျမျမႇဳပ္မိုင္းအသုံးျပဳမႈေတြ မ်ားလာၿပီး ေျမျမႇဳပ္မိုင္းေၾကာင့္ အရပ္သားျပည္သူ ထိခိုက္ေသဆုံးမႈေတြရွိေနပါတယ္။ ေသဆုံးသူနဲ႔ ဒဏ္ရာရရွိသူေတြ ခန႔္မွန္ ၅၀ ေလာက္ရွိတယ္လို႔ KNDF က ေျပာပါတယ္။ ကယားျပည္နယ္အတြင္းက ေျမျမႇဳပ္မိုင္းအသုံးျပဳမႈအေျခအေန စုံစမ္းေမးျမန္းၿပီး ရန္ကုန္က သတင္းေပးပို႔ပါတယ္။ ကို စံေက်ာ္ေျပာျပပါမယ္။

စစ္တပ္ကအာဏာသိမ္းမႈကိုဆန႔္က်င္တဲ့ ဆႏၵျပမႈေတြ အၾကမ္းဖက္ၿဖိဳခြဲခံရၿပီးတဲ့ေနာက္ ျမန္မာႏိုင္ငံေဒသအေတာ္မ်ားမ်ားမွာ ဆႏၵျပလူငယ္ေတြဟာ ျပည့္သူကာကြယ္ေရးအဖြဲ႕ေတြဖြဲ႕ၿပီး စစ္ေကာင္စီကို ျပန္လည္ခုခံတိုက္ခိုက္ခဲ့ၾကပါတယ္။ အဲဒီကတည္းက ကယားျပည္နယ္တြင္း ေနရာအေတာ္မ်ားမ်ားမွာ တိုက္ပြဲေတြျဖစ္လာခဲ့ၿပီး၊ ေဒသခံအေတာ္မ်ားမ်ားဟာ ေဘးလြတ္ရာ ေရွာင္တိမ္းခဲ့ၾကရပါတယ္။

တိုက္ပြဲေၾကာင့္ စစ္ေျပးေရွာင္ေနတဲ့ ျပည္သူေတြဟာ တိုက္ပြဲတည္ၿငိမ္တဲ့အခ်ိန္မွာ သူတို႔ေနရပ္ျပန္ၿပီး လိုအပ္တဲ့ပစၥည္းေတြ ျပန္လာယူရင္း ေျမျမႇဳပ္မိုင္းနင္းမိတဲ့ ျဖစ္စဥ္ေတြ မၾကာခဏျဖစ္ပြားေနၿပီး လက္ရွိအခ်ိန္ထိ ေျမျမႇဳပ္မိုင္းေၾကာင့္ ခန႔္မွန္း အရပ္သားျပည္သူ ၅၀ ေလာက္ ထိခိုက္မႈရွိေနတယ္လို႔ ကရင္နီအမ်ိဳးသားမ်ား ကာကြယ္ေရးတပ္ (KNDF) ျပန္ၾကားေရးတာဝန္ခံက VOA ကို အခုလို ေျပာပါတယ္။

“အဓိကေတာ့ စစ္ေကာင္စီက ဒီတိုက္ပြဲျဖစ္ပြားတဲ့ေနရာေတြမွာ သူတို႔ေထာင္ပါတယ္။ သူတို႔စစ္ေၾကာင္းထိုးလာခဲ့တဲ့ ႐ြာေတြမွာ သူတို႔ အဓိကေျမျမႇဳပ္မိုင္းကိုေထာင္တယ္။ ၿပီးရင္ သူတို႔တပ္စခန္းပတ္ဝန္းက်င္ သူ႔ရဲ႕ ကင္းစခန္းပတ္ဝန္းက်င္မွာ ေျမျမႇဳပ္မိုင္းေတြကို ေထာင္ေလ့ရွိတယ္ေပါ့ေနာ္။ ႐ြာသားေတြကေတာ့ ဟိုဟာေပါ့ေနာ္ အထူးသျဖင့္တိုက္ပြဲပြားၿပီးေတာ့ တိုက္ပြဲေတြမရွိေတာ့တဲ့ အခ်ိန္မွာ ကိုယ့္႐ြာကို ျပန္တဲ့အခါ ေျမျမႇဳပ္မိုင္းေတြ နင္းမိတာမ်ိဳးေတြ ျဖစ္ေလ့ရွိတယ္ေပါ့ေနာ္။ ဆိုေတာ့ အေရအတြက္အတိအက်ကိုေတာ့ အခုေလာေလာဆယ္က်ေနာ္တို႔ဆီမွာ စာရင္းမရွိေသးေပါ့ေနာ္ က်ေနာ္တို႔မေျပာျပႏိုင္ဘူး၊ (ခန႔္မွန္းျပည္သူ)၅၀ ဝန္းက်င္ေလာက္ေတာ့ က်ေနာ္တို႔ မွန္းလို႔ရတယ္ေပါ့ေနာ္ ျပည္သူဖက္က ဒါေျမျမႇဳပ္မိုင္းနင္းမိတာေတြ ၅၀ဦးေလာက္ရွိတယ္ဗ်။”

အရပ္သားျပည္သူေတြ မိုင္းနင္းမိလို႔ ပြဲခ်င္းၿပီးေသဆုံးသြားတာရွိသလို ထိခိုက္ဒဏ္ရာရၿပီး ေဆးကုသေနရင္းနဲ႔ ဆုံးသြားတာလည္း ရွိေနပါတယ္။

တိုက္ပြဲျဖစ္ေနတဲ့ ကယားျပည္နယ္အတြင္း စစ္ေကာင္စီတပ္ဘက္က ေျမျမႇဳပ္မိုင္း အမ်ားအျပား အသုံးျပဳေနတာဟာ စစ္ရာဇဝတ္မႈေျမာက္တယ္လို႔ Amnesty International ႏိုင္ငံတကာလူ႔အခြင့္အေရးအဖြဲ႕ႀကီးက ဇူလိုင္ ၂၀ ရက္ေန႔က ထုတ္ျပန္ပါတယ္။ ျမန္မာႏိုင္ငံတြင္း စစ္ျဖစ္ေနတဲ့ ေဒသေတြမွာ စစ္ဘက္အရပ္ဘက္ ပစ္မွတ္မခြဲဘဲ ေျမျမႇဳပ္မိုင္းသုံးေနတာေၾကာင့္ အရပ္သားထိခိုက္ေသဆုံးမႈမ်ားလာတယ္လို႔လည္း Amnesty International ေျပာပါတယ္။ ကယားျပည္နယ္အတြင္း လူေနအိမ္ေတြ လယ္ကြင္းေတြနဲ႔ ခရစ္ယာန္ဘုရားေက်ာင္းေတြပါမခ်န္ မိုင္းေထာင္ထားတာကို ကိုယ္တိုင္ႀကဳံခဲ့သူ ၄၀ ေက်ာ္ေလာက္ ေတြ႕ဆုံေမးျမန္းခဲ့ၿပီးမွ အခုလို ထုတ္ျပန္တာလို႔ AI အဖြဲ႕က ေျပာပါတယ္။

ဒီေမာ့ဆိုၿမိဳ႕နယ္ ကုန္းသာေက်း႐ြာက အသက္ ၄၁ႏွစ္အ႐ြယ္ ေဒၚေဌးေဌးဝင္းဟာ ၿပီးခဲ့တဲ့ႏွစ္ ေအာက္တိုဘာလက ေက်း႐ြာကိုျပန္လာစဥ္ သူ႔ရဲ႕ဦးေလးၿခံဝင္းအိမ္ေရွ႕မွာ မိုင္းနင္းမိၿပီး ညာေျခေထာက္ ျပတ္ရွ၊ က်န္တစ္ဖက္မွာ ျပင္းထန္တဲ့ မိုင္းစထိမွန္ဒဏ္ရာရရွိခဲ့ပါတယ္။မိုင္းဒဏ္ရာရရွိထားတဲ့ ေဒၚေဌးေဌးဝင္းဟာ စစ္ေရွာင္ေနရာမွာ ေဆးကုသမႈခံယူေနရတာပါ။ စစ္ေရွာင္ေနရာမွာ ေဆးပစၥည္းေတြ မျပည့္စုံတာမို႔ ဒဏ္ရာေတြ ပိုဆိုးလာၿပီး ၁၅ ရက္အၾကာမွာ ကြယ္လြန္ခဲ့တယ္လို႔ သူငယ္ခ်င္းျဖစ္သူ ေဒၚကြယ္ျမာက VOA ကို ေျပာပါတယ္။

“ေဆးကုသခြင့္ခံယူတဲ့ အခ်ိန္မွာလည္း ဒဏ္ရာကလည္း မသက္သာဘူး။ ေျခေထာင္ကေတာ့ တဖက္လုံးလုံးျဖတ္သြားတယ္။ ျဖတ္သြားတဲ့ဖက္ကေတာ့ အနာေတာ့ နည္းနည္းသက္သာလာတယ္။ အဲ့ဒီမိုင္းစေတြ ထိတဲ့ဖက္က ဟိုဖက္မျပတ္တဲ့ ဖက္ကေတာ့ ပိုဆိုးသြားတာေပါ့ေနာ္ သူ႔ဒဏ္ရာက ၁၃ ရက္ ၁၄ ရက္ေနေတာ့ သူကမခံႏိုင္ေတာ့လို႔ အဲ့ေနရာလည္း ေဆးေတြကလည္း ျပည့္ျပည့္စုံစုံမရွိဘူးေလး မရွိေတာ့ သူ႔ကို ေကာင္းတဲ့ေနရာကို ပို႔ေပးပါတဲ့ ဒဏ္ရာတအားကို ပိုဆိုးလာတာေပါ့ေနာ္ သူ႔မခံစားႏိုင္ေတာ့ အဲ့လိုေျပာေတာ့ ေတာင္ႀကီးကိုေခၚသြားလိုက္တာ ၿမိဳ႕အဝင္မွာပဲ ဆုံးသြားတာ။”

စစ္တပ္ေတြက ေက်း႐ြာေတြမွာ တပ္စြဲေနထိုင္ၿပီး ျပန္ထြက္ခြာတဲ့အခ်ိန္ ေျမျမႇဳပ္မိုင္းေထာင္ထားခဲ့တာလို႔ ဆိုပါတယ္။ ကုန္းသာေက်း႐ြာပတ္ဝန္းက်င္မွာပဲ မိုင္းနင္းမိလို႔ ေသဆုံး ၂ဦး၊ ဒဏ္ရာရရွိသူ ၂ဦး ေတြ႕ရတယ္လို႔ ေဒၚကြယ္ျမာက ေျပာပါတယ္။
ဒါေၾကာင့္ ေျမျမႇဳပ္မိုင္း အႏၲရာယ္ေတြ ေၾကာက္ရလို႔ စစ္ေျပးေဒသခံေတြ အခုခ်ိန္ထိ ေနရပ္မျပန္ႏိုင္ဘဲ တိမ္းေရွာင္ေနၾကဆဲျဖစ္တယ္လို႔ ေဒၚကြယ္ျမာက ေျပာပါတယ္။

“က်မတို႔က အဲ့အခ်ိန္ကတည္းက အခုခ်ိန္ထိ ႐ြာျပန္လာလို႔မရေတာ့ဘူး၊ စစ္ေရွာင္တဲ့ေနရာပဲ ရွိေနတာပဲ။ က်မတို႔ ႐ြာမျပန္ႏိုင္တာက စစ္တပ္ေတြက ႐ြာမွာကို သူတို႔က အဲ့မွာလာတည္ၾကတာေလး အဲ့မွာလာေနၾကေတာ့ က်မတို႔က ျပန္လာလို႔မရေတာ့ဘူး။ ၿပီးရင္ ႐ြာေဘးပတ္ပတ္လည္ေတြလည္း သူတို႔မိုင္းေတြ ေထာင္ထားတယ္ အဲ့လိုမ်ိဳးလည္း ေျပာသံလည္း ၾကားရတာေပါ့ေနာ္။ အဲ့နဲ႔႐ြာကိုလည္း သူတို႔လည္းရွိေနခါက်ေတာ့ ကိုယ္ကလည္း ႐ြာျပန္လို႔လည္းမျဖစ္ မိုင္းေၾကာက္ရတာ တဖက္နဲ႔ တိုက္ပြဲကလည္း ခဏခဏပစ္ေနရတယ္ အဲ့မွာလည္း ပစ္ေနတုန္းပဲ အခုခ်ိန္ထိပဲ။”

အျခားတဖက္မွာေတာ့ ေဒသခံျပည္သူေတြ သြားလာလို႔ အဆင္ေျပေစဖို႔ ကရင္နီကာကြယ္ေရးတပ္ေတြက မိုင္းရွင္းလင္းေရးေတြ လုပ္ေဆာင္ေပးေနပါတယ္။ ဇူလိုင္ ၁၉ ရက္ေန႔က ေဒါင္ခါးေက်း႐ြာေတြဘက္ ဒီးေမာ့ဆို PDF ေတြ မိုင္းရွင္းလင္းေရးလုပ္ရင္း ရဲေဘာ္တဦး မိုင္းနင္းမိေပါက္ကြဲလို႔ ေျခလက္ေတြ ပ်က္စီးသြားပါတယ္။ ဒီလို မိုင္းရွင္းလင္းေရးလုပ္ရင္းနဲ႔ ဒီးေမာ့ဆို PDF က အနည္းဆုံး ၁၃ ဦး ထိခိုက္ဒဏ္ရာရရွိခဲ့တယ္လို႔ ဒီးေမာ့ဆို PDF ျပန္ၾကားေရးတာဝန္ခံက ေျပာပါတယ္။

“ အဓိကေတာ့ ႐ြာသားေတြေပါ့ေနာ္ ျပည္သူေတြက ဥပမာ အိမ္ျပန္ၾကည့္ခ်င္တယ္၊ ၿပီးေတာ့ အိမ္ထဲမွာ ရွိတဲ့ ပစၥည္းပစၥယေတြ နည္းနည္းပါးပါးျပန္ယူခ်င္တယ္ဆိုလို႔ က်ေနာ္တို႔ အဲ့ဒီအပိုင္းမွာ နယ္ေျမရွင္းလင္းေရးေျပာရမွာေတာ့ မိုင္းရွင္းလင္းေရးအပိုင္းမွာ ဦးစားေပးၿပီး လုပ္ေနတယ္ေပါ့ေနာ္။ ဆိုေတာ့ မေန႔ကပဲ က်ေနာ္တို႔ ရဲေဘာတစ္ေယာက္ ႐ြာထဲမွာပဲေပါ့ေနာ္ ရွင္းလင္းေရးလုပ္ရင္းနဲ႔ မိုင္းသြားနင္းမိတာ ၁၆ မိုင္းျဖစ္ဖို႔မ်ားတယ္၊ ဘာျဖစ္လဲ ေျခေထာက္လည္းျပတ္သြားတယ္ လက္လည္းျပတ္သြားတယ္ ေနာက္ၿပီးေတာ့ ေသနတ္လည္းပ်က္သြားတယ္ဆိုေတာ့ အဲ့ဒီနည္းနည္းျပင္းထန္တဲ့ ေျမျမႇဳပ္မိုင္းျဖစ္ဖို႔ မ်ားတယ္ေပါ့ေနာ္။ ေအာ္ မိုင္းနင္းမိလို႔ က်ေနာ္တို႔က ၁၂ ေယာက္ ၁၃ ေယာက္လာမသိဘူး အဲ့ေလာက္ေတာ့ ထိသြားတယ္ က်ေနာ္တို႔ PDF ေပါ့ေနာ္။”

ကယား(ကရင္နီ)ျပည္နယ္ထဲ စစ္ေကာင္စီတပ္ေတြ စစ္ေၾကာင္းထိုးခဲ့တဲ့ေနရာေတြ တိုက္ပြဲျဖစ္တဲ့ ဧရိယာေတြနဲ႔ သူတို႔တပ္စြဲေနထိုင္ခဲ့တဲ့ ေက်း႐ြာေတြမွာ ေျမျမႇဳပ္မိုင္းေတြ အမ်ားအျပား ေတြ႕ရွိရတယ္လို႔ ကရင္နီကာကြယ္ေရးတပ္ေတြက ေျပာပါတယ္။ ဒီလို မိုင္းရွင္းလင္းေရးလုပ္တဲ့ေနရာမွာ စက္ပစၥည္းကိရိယာေတြ မရွိဘဲ လူအားနဲ႔ရွင္းလင္းေနရတာမို႔ အခက္အခဲျဖစ္ေနတယ္လို႔လည္း ကရင္နီကာကြယ္ေရးတပ္ေတြက ေျပာဆိုၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

[[UNICODE]]

စစ်ရေးတင်းမားနေတဲ့ ကယား(ကရင်နီ)ပြည်နယ်မှာ စစ်ကောင်စီက မြေမြှုပ်မိုင်းအသုံးပြုမှုတွေ များလာပြီး မြေမြှုပ်မိုင်းကြောင့် အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုတွေရှိနေပါတယ်။ သေဆုံးသူနဲ့ ဒဏ်ရာရရှိသူတွေ ခန့်မှန် ၅၀ လောက်ရှိတယ်လို့ KNDF က ပြောပါတယ်။ ကယားပြည်နယ်အတွင်းက မြေမြှုပ်မိုင်းအသုံးပြုမှုအခြေအနေ စုံစမ်းမေးမြန်းပြီး ရန်ကုန်က သတင်းပေးပို့ပါတယ်။ ကို စံကျော်ပြောပြပါမယ်။

စစ်တပ်ကအာဏာသိမ်းမှုကိုဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေ အကြမ်းဖက်ဖြိုခွဲခံရပြီးတဲ့နောက် မြန်မာနိုင်ငံဒေသအတော်များများမှာ ဆန္ဒပြလူငယ်တွေဟာ ပြည့်သူကာကွယ်ရေးအဖွဲ့တွေဖွဲ့ပြီး စစ်ကောင်စီကို ပြန်လည်ခုခံတိုက်ခိုက်ခဲ့ကြပါတယ်။ အဲဒီကတည်းက ကယားပြည်နယ်တွင်း နေရာအတော်များများမှာ တိုက်ပွဲတွေဖြစ်လာခဲ့ပြီး၊ ဒေသခံအတော်များများဟာ ဘေးလွတ်ရာ ရှောင်တိမ်းခဲ့ကြရပါတယ်။

တိုက်ပွဲကြောင့် စစ်ပြေးရှောင်နေတဲ့ ပြည်သူတွေဟာ တိုက်ပွဲတည်ငြိမ်တဲ့အချိန်မှာ သူတို့နေရပ်ပြန်ပြီး လိုအပ်တဲ့ပစ္စည်းတွေ ပြန်လာယူရင်း မြေမြှုပ်မိုင်းနင်းမိတဲ့ ဖြစ်စဉ်တွေ မကြာခဏဖြစ်ပွားနေပြီး လက်ရှိအချိန်ထိ မြေမြှုပ်မိုင်းကြောင့် ခန့်မှန်း အရပ်သားပြည်သူ ၅၀ လောက် ထိခိုက်မှုရှိနေတယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ပြန်ကြားရေးတာဝန်ခံက VOA ကို အခုလို ပြောပါတယ်။

“အဓိကတော့ စစ်ကောင်စီက ဒီတိုက်ပွဲဖြစ်ပွားတဲ့နေရာတွေမှာ သူတို့ထောင်ပါတယ်။ သူတို့စစ်ကြောင်းထိုးလာခဲ့တဲ့ ရွာတွေမှာ သူတို့ အဓိကမြေမြှုပ်မိုင်းကိုထောင်တယ်။ ပြီးရင် သူတို့တပ်စခန်းပတ်ဝန်းကျင် သူ့ရဲ့ ကင်းစခန်းပတ်ဝန်းကျင်မှာ မြေမြှုပ်မိုင်းတွေကို ထောင်လေ့ရှိတယ်ပေါ့နော်။ ရွာသားတွေကတော့ ဟိုဟာပေါ့နော် အထူးသဖြင့်တိုက်ပွဲပွားပြီးတော့ တိုက်ပွဲတွေမရှိတော့တဲ့ အချိန်မှာ ကိုယ့်ရွာကို ပြန်တဲ့အခါ မြေမြှုပ်မိုင်းတွေ နင်းမိတာမျိုးတွေ ဖြစ်လေ့ရှိတယ်ပေါ့နော်။ ဆိုတော့ အရေအတွက်အတိအကျကိုတော့ အခုလောလောဆယ်ကျနော်တို့ဆီမှာ စာရင်းမရှိသေးပေါ့နော် ကျနော်တို့မပြောပြနိုင်ဘူး၊ (ခန့်မှန်းပြည်သူ)၅၀ ဝန်းကျင်လောက်တော့ ကျနော်တို့ မှန်းလို့ရတယ်ပေါ့နော် ပြည်သူဖက်က ဒါမြေမြှုပ်မိုင်းနင်းမိတာတွေ ၅၀ဦးလောက်ရှိတယ်ဗျ။”

အရပ်သားပြည်သူတွေ မိုင်းနင်းမိလို့ ပွဲချင်းပြီးသေဆုံးသွားတာရှိသလို ထိခိုက်ဒဏ်ရာရပြီး ဆေးကုသနေရင်းနဲ့ ဆုံးသွားတာလည်း ရှိနေပါတယ်။

တိုက်ပွဲဖြစ်နေတဲ့ ကယားပြည်နယ်အတွင်း စစ်ကောင်စီတပ်ဘက်က မြေမြှုပ်မိုင်း အများအပြား အသုံးပြုနေတာဟာ စစ်ရာဇဝတ်မှုမြောက်တယ်လို့ Amnesty International နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့ကြီးက ဇူလိုင် ၂၀ ရက်နေ့က ထုတ်ပြန်ပါတယ်။ မြန်မာနိုင်ငံတွင်း စစ်ဖြစ်နေတဲ့ ဒေသတွေမှာ စစ်ဘက်အရပ်ဘက် ပစ်မှတ်မခွဲဘဲ မြေမြှုပ်မိုင်းသုံးနေတာကြောင့် အရပ်သားထိခိုက်သေဆုံးမှုများလာတယ်လို့လည်း Amnesty International ပြောပါတယ်။ ကယားပြည်နယ်အတွင်း လူနေအိမ်တွေ လယ်ကွင်းတွေနဲ့ ခရစ်ယာန်ဘုရားကျောင်းတွေပါမချန် မိုင်းထောင်ထားတာကို ကိုယ်တိုင်ကြုံခဲ့သူ ၄၀ ကျော်လောက် တွေ့ဆုံမေးမြန်းခဲ့ပြီးမှ အခုလို ထုတ်ပြန်တာလို့ AI အဖွဲ့က ပြောပါတယ်။

ဒီမော့ဆိုမြို့နယ် ကုန်းသာကျေးရွာက အသက် ၄၁နှစ်အရွယ် ဒေါ်ဌေးဌေးဝင်းဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက ကျေးရွာကိုပြန်လာစဉ် သူ့ရဲ့ဦးလေးခြံဝင်းအိမ်ရှေ့မှာ မိုင်းနင်းမိပြီး ညာခြေထောက် ပြတ်ရှ၊ ကျန်တစ်ဖက်မှာ ပြင်းထန်တဲ့ မိုင်းစထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်။မိုင်းဒဏ်ရာရရှိထားတဲ့ ဒေါ်ဌေးဌေးဝင်းဟာ စစ်ရှောင်နေရာမှာ ဆေးကုသမှုခံယူနေရတာပါ။ စစ်ရှောင်နေရာမှာ ဆေးပစ္စည်းတွေ မပြည့်စုံတာမို့ ဒဏ်ရာတွေ ပိုဆိုးလာပြီး ၁၅ ရက်အကြာမှာ ကွယ်လွန်ခဲ့တယ်လို့ သူငယ်ချင်းဖြစ်သူ ဒေါ်ကွယ်မြာက VOA ကို ပြောပါတယ်။

“ဆေးကုသခွင့်ခံယူတဲ့ အချိန်မှာလည်း ဒဏ်ရာကလည်း မသက်သာဘူး။ ခြေထောင်ကတော့ တဖက်လုံးလုံးဖြတ်သွားတယ်။ ဖြတ်သွားတဲ့ဖက်ကတော့ အနာတော့ နည်းနည်းသက်သာလာတယ်။ အဲ့ဒီမိုင်းစတွေ ထိတဲ့ဖက်က ဟိုဖက်မပြတ်တဲ့ ဖက်ကတော့ ပိုဆိုးသွားတာပေါ့နော် သူ့ဒဏ်ရာက ၁၃ ရက် ၁၄ ရက်နေတော့ သူကမခံနိုင်တော့လို့ အဲ့နေရာလည်း ဆေးတွေကလည်း ပြည့်ပြည့်စုံစုံမရှိဘူးလေး မရှိတော့ သူ့ကို ကောင်းတဲ့နေရာကို ပို့ပေးပါတဲ့ ဒဏ်ရာတအားကို ပိုဆိုးလာတာပေါ့နော် သူ့မခံစားနိုင်တော့ အဲ့လိုပြောတော့ တောင်ကြီးကိုခေါ်သွားလိုက်တာ မြို့အဝင်မှာပဲ ဆုံးသွားတာ။”

စစ်တပ်တွေက ကျေးရွာတွေမှာ တပ်စွဲနေထိုင်ပြီး ပြန်ထွက်ခွာတဲ့အချိန် မြေမြှုပ်မိုင်းထောင်ထားခဲ့တာလို့ ဆိုပါတယ်။ ကုန်းသာကျေးရွာပတ်ဝန်းကျင်မှာပဲ မိုင်းနင်းမိလို့ သေဆုံး ၂ဦး၊ ဒဏ်ရာရရှိသူ ၂ဦး တွေ့ရတယ်လို့ ဒေါ်ကွယ်မြာက ပြောပါတယ်။
ဒါကြောင့် မြေမြှုပ်မိုင်း အန္တရာယ်တွေ ကြောက်ရလို့ စစ်ပြေးဒေသခံတွေ အခုချိန်ထိ နေရပ်မပြန်နိုင်ဘဲ တိမ်းရှောင်နေကြဆဲဖြစ်တယ်လို့ ဒေါ်ကွယ်မြာက ပြောပါတယ်။

“ကျမတို့က အဲ့အချိန်ကတည်းက အခုချိန်ထိ ရွာပြန်လာလို့မရတော့ဘူး၊ စစ်ရှောင်တဲ့နေရာပဲ ရှိနေတာပဲ။ ကျမတို့ ရွာမပြန်နိုင်တာက စစ်တပ်တွေက ရွာမှာကို သူတို့က အဲ့မှာလာတည်ကြတာလေး အဲ့မှာလာနေကြတော့ ကျမတို့က ပြန်လာလို့မရတော့ဘူး။ ပြီးရင် ရွာဘေးပတ်ပတ်လည်တွေလည်း သူတို့မိုင်းတွေ ထောင်ထားတယ် အဲ့လိုမျိုးလည်း ပြောသံလည်း ကြားရတာပေါ့နော်။ အဲ့နဲ့ရွာကိုလည်း သူတို့လည်းရှိနေခါကျတော့ ကိုယ်ကလည်း ရွာပြန်လို့လည်းမဖြစ် မိုင်းကြောက်ရတာ တဖက်နဲ့ တိုက်ပွဲကလည်း ခဏခဏပစ်နေရတယ် အဲ့မှာလည်း ပစ်နေတုန်းပဲ အခုချိန်ထိပဲ။”

အခြားတဖက်မှာတော့ ဒေသခံပြည်သူတွေ သွားလာလို့ အဆင်ပြေစေဖို့ ကရင်နီကာကွယ်ရေးတပ်တွေက မိုင်းရှင်းလင်းရေးတွေ လုပ်ဆောင်ပေးနေပါတယ်။ ဇူလိုင် ၁၉ ရက်နေ့က ဒေါင်ခါးကျေးရွာတွေဘက် ဒီးမော့ဆို PDF တွေ မိုင်းရှင်းလင်းရေးလုပ်ရင်း ရဲဘော်တဦး မိုင်းနင်းမိပေါက်ကွဲလို့ ခြေလက်တွေ ပျက်စီးသွားပါတယ်။ ဒီလို မိုင်းရှင်းလင်းရေးလုပ်ရင်းနဲ့ ဒီးမော့ဆို PDF က အနည်းဆုံး ၁၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒီးမော့ဆို PDF ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

“ အဓိကတော့ ရွာသားတွေပေါ့နော် ပြည်သူတွေက ဥပမာ အိမ်ပြန်ကြည့်ချင်တယ်၊ ပြီးတော့ အိမ်ထဲမှာ ရှိတဲ့ ပစ္စည်းပစ္စယတွေ နည်းနည်းပါးပါးပြန်ယူချင်တယ်ဆိုလို့ ကျနော်တို့ အဲ့ဒီအပိုင်းမှာ နယ်မြေရှင်းလင်းရေးပြောရမှာတော့ မိုင်းရှင်းလင်းရေးအပိုင်းမှာ ဦးစားပေးပြီး လုပ်နေတယ်ပေါ့နော်။ ဆိုတော့ မနေ့ကပဲ ကျနော်တို့ ရဲဘောတစ်ယောက် ရွာထဲမှာပဲပေါ့နော် ရှင်းလင်းရေးလုပ်ရင်းနဲ့ မိုင်းသွားနင်းမိတာ ၁၆ မိုင်းဖြစ်ဖို့များတယ်၊ ဘာဖြစ်လဲ ခြေထောက်လည်းပြတ်သွားတယ် လက်လည်းပြတ်သွားတယ် နောက်ပြီးတော့ သေနတ်လည်းပျက်သွားတယ်ဆိုတော့ အဲ့ဒီနည်းနည်းပြင်းထန်တဲ့ မြေမြှုပ်မိုင်းဖြစ်ဖို့ များတယ်ပေါ့နော်။ အော် မိုင်းနင်းမိလို့ ကျနော်တို့က ၁၂ ယောက် ၁၃ ယောက်လာမသိဘူး အဲ့လောက်တော့ ထိသွားတယ် ကျနော်တို့ PDF ပေါ့နော်။”

ကယား(ကရင်နီ)ပြည်နယ်ထဲ စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးခဲ့တဲ့နေရာတွေ တိုက်ပွဲဖြစ်တဲ့ ဧရိယာတွေနဲ့ သူတို့တပ်စွဲနေထိုင်ခဲ့တဲ့ ကျေးရွာတွေမှာ မြေမြှုပ်မိုင်းတွေ အများအပြား တွေ့ရှိရတယ်လို့ ကရင်နီကာကွယ်ရေးတပ်တွေက ပြောပါတယ်။ ဒီလို မိုင်းရှင်းလင်းရေးလုပ်တဲ့နေရာမှာ စက်ပစ္စည်းကိရိယာတွေ မရှိဘဲ လူအားနဲ့ရှင်းလင်းနေရတာမို့ အခက်အခဲဖြစ်နေတယ်လို့လည်း ကရင်နီကာကွယ်ရေးတပ်တွေက ပြောဆိုကြပါတယ်။

#ေျမျမွဳပ္မိုင္း #ကယားစစ္ေဘးေရွာင္ #ကရင္နီ #ဒီးေမာ့ဆို #KNDF #PDF #Amnesty_International

XS
SM
MD
LG