သုံးရလွယ်ကူစေသည့် Link များ

site logo site logo
 
စစ်အစိုးရ ဖမ်းဆီးသွားတဲ့ KIA အရာရှိတွေ ဘယ်ရောက်နေသလဲ
နောက်ဆုံးရသတင်း

စစ်အစိုးရ ဖမ်းဆီးသွားတဲ့ KIA အရာရှိတွေ ဘယ်ရောက်နေသလဲ


စစ်အစိုးရ ဖမ်းဆီးသွားတဲ့ KIA အရာရှိတွေ ဘယ်ရောက်နေသလဲ
စစ်အစိုးရ ဖမ်းဆီးသွားတဲ့ KIA အရာရှိတွေ ဘယ်ရောက်နေသလဲ

ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) က အဖွဲ့ဝင် ၃ ယောက်ကို မြန်မာစစ်အစိုးရ အာဏာပိုင်တွေက တနင်္လာနေ့က ဖမ်းဆီးသွားခဲ့ပြီးတဲ့နောက် အခု ဒီလူတွေ ဘယ်ရောက်နေတယ်ဆိုတာ မသိရဘဲ ပျောက်နေတယ်လို့ KIA အဖွဲ့က ပြောပါတယ်။

ရဲတွေက KIA အဖွဲ့ရဲ့ ရုံးခန်းတွေကို ဝင်ရောက်စီးနင်းပြီး ကချင်အရာရှိ ၂ ယောက်နဲ့ တပ်သားတဦးကို ဖမ်းဆီးသွားခဲ့တာ ဖြစ်တယ်လို့ KIA အဖွဲ့ဝင်တွေက ပြောပါတယ်။ သူတို့ကို ဖမ်းဆီးပြီး နောက်တရက်မှာပဲ ဒီလူတွေ ထွက်ပြေးသွားခဲ့ပြီး အခု သူတို့ ဘယ်မှာရှိနေတယ် ဆိုတာကို မသိဘူးလို့ မြန်မာစစ်တပ်က ပြောပါတယ်။

အောက်တိုဘာလ ၁၂ ရက်နေ့က မြေမြှုပ်မိုင်း ပေါက်ကွဲလို့ လူ ၂ ယောက် သေဆုံးပြီး တယောက် ဒဏ်ရာရခဲ့တဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး KIA ကို မြန်မာစစ်အစိုးရက ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ပြစ်တင်ဝေဖန်ခဲ့ပါတယ်။

ကချင်ပြည်နယ် မြောက်ပိုင်းမှာ ကချင် လက်နက်ကိုင် သူပုန်တွေက မိုင်းတွေကို ထောင်ထားတာ ဖြစ်တယ်လို့ မြန်မာစစ်အစိုးရ သတင်းစာက ရေးသားဖော်ပြခဲ့ပါတယ်။

နယ်ခြားစောင့်တပ် အသွင်ပြောင်းဖို့ KIA အဖွဲ့က ငြင်းဆန်ခဲ့ပြီးတဲ့ နောက်ပိုင်း မြန်မာစစ်အစိုးရနဲ့ ကချင်တပ်ဖွဲ့တွေ အကြားက ဆက်ဆံရေးဟာ တင်းမာနေခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG