သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာႏိုင္ငံမွာ ေပါက္ကဲြေစတတ္တဲ့ စစ္လက္နက္ အႏၲရာယ္ ယူနီဆက္သတိေပး


ေျမျမွပ္မုိင္းဒဏ္ေၾကာင့္မသန္စြမ္းျဖစ္ခဲ့ရသူတဦးရဲ႔အသက္ ၅ ႏွစ္အရြယ္သမီးငယ္။

ျမန္မာႏုိင္ငံမွာ ေျမျမွပ္မုိင္းေတြ၊ မေပါက္ကဲြေသးတဲ့ စစ္လက္နက္ေတြေၾကာင့္ ထိခိုက္ေသေက်မႈေတြ ၾကံဳေနရတဲ့အေပၚ ကုလသမဂၢ ကေလးမ်ား ရံပုံေငြအဖဲြ႕ (UNICEF) က သတိေပးလိုက္ပါတယ္။ ၿပီးခဲ့တဲ့ တနဂၤေႏြေန႔က မေကြးတိုင္း ဂန္႔ေဂါၿမိဳ႕နယ္မွာ အသက္ ၇ ႏွစ္အရြယ္ ေယာက္်ားေလး ၂ ဦး ဗုံးသီးေတြကို ေဆာ့ကစားရင္း မေတာ္တဆ ေပါက္ကဲြၿပီး ေသဆုံးမႈျဖစ္ခဲ့တဲ့ သတင္းထြက္ေပၚခဲ့ၿပီးေနာက္ ေသာၾကာေန႔မွာ UNICEF က ေၾကညာခ်က္ထုတ္ျပန္ သတိေပးလိုက္တာပါ။
ျမန္မာႏိုင္ငံမွာ ေျမျမႇဳပ္မိုင္းေတြ၊ မေပါက္ကဲြေသးတဲ့ စစ္လက္နက္ေတြေၾကာင့္ ထိခိုက္ေသေက်ရသူ ၃ ပုံ ၁ ပုံေက်ာ္ဟာ ကေလးငယ္ေတြျဖစ္တယ္လို႔လည္း ေျပာပါတယ္။ ျမန္မာႏိုင္ငံမွာ ၿပီးခဲ့တဲ့ႏွစ္ ေဖေဖာ္ဝါရီလထဲ စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း ေျမျမွပ္မႈိင္းနဲ႔ မေပါက္ကြဲေသးတဲ့ စစ္လက္နက္ပစၥည္းေတြေၾကာင့္ ကေလး ၁၁၅ ဦးထက္မနည္းေသဆုံး ဒဏ္ရာရခဲ့ၿပီး ၂၀၂၂ ခုႏွစ္ ဇန္န၀ါရီလကေန ဧၿပီလအတြင္း ေသဆုံးဒဏ္ရာရတဲ့ ကေလးငယ္ ၄၇ ဦးထိရွိတယ္လို႔လည္း ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။ ပဋိပကၡေတြေပၚေပါက္တဲ့အခ်ိန္အတြင္း ေျမျမွပ္မုိင္းနဲ႔ စစ္လက္နက္ပစၥည္းေတြ အပါအ၀င္ ထိိခုိက္မႈအမ်ားအဆုံးနဲ႔ ႀကဳံေတြ႔ရတာလည္း ကေလးငယ္ေတြျဖစ္တယ္လို႔လည္း ေျပာထားပါတယ္။
ခႏၱာကိုယ္အရြယ္အစားေသးငယ္ကေလးေတြဟာ ေပါက္ကြဲမႈဒဏ္ကို ျပင္းျပင္းထန္ထန္ခံစားရၿပီး အသက္ေသဆုံးတာ၊ ကို္ယ္လက္အဂၤါခ်ိဳ႔တဲ့တာေတြ ျဖစ္ႏုိင္ေျခပိုမ်ားတယ္လို႔လည္း UNICEF ကေျပာပါတယ္။ ကေလးငယ္ေတြအပါအ၀င္ ထိခိုက္ေသေက်မႈေတြ ၾကံဳေနရတဲ့အေျခအေနကို ေရွာင္ရွားႏိုင္ေအာင္ သက္ဆိုင္သူေတြ အားလုံးက ေျမျမွပ္မုိင္းေတြနဲ႔ မေပါက္ကဲြေသးတဲ့ စစ္လက္နက္ပစၥည္းေတြကို ရွင္းလင္းၾကဖို႔လည္း တိုက္တြန္းထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

Unicode


မြန်မာနိုင်ငံမှာ မြေမြှပ်မိုင်းတွေ၊ မပေါက်ကွဲသေးတဲ့ စစ်လက်နက်တွေကြောင့် ထိခိုက်သေကျေမှုတွေ ကြုံနေရတဲ့အပေါ် ကုလသမဂ္ဂ ကလေးများ ရံပုံငွေအဖွဲ့ (UNICEF) က သတိပေးလိုက်ပါတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က မကွေးတိုင်း ဂန့်ဂေါမြို့နယ်မှာ အသက် ၇ နှစ်အရွယ် ယောက်ျားလေး ၂ ဦး ဗုံးသီးတွေကို ဆော့ကစားရင်း မတော်တဆ ပေါက်ကွဲပြီး သေဆုံးမှုဖြစ်ခဲ့တဲ့ သတင်းထွက်ပေါ်ခဲ့ပြီးနောက် သောကြာနေ့မှာ UNICEF က ကြေညာချက်ထုတ်ပြန် သတိပေးလိုက်တာပါ။
မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်းတွေ၊ မပေါက်ကွဲသေးတဲ့ စစ်လက်နက်တွေကြောင့် ထိခိုက်သေကျေရသူ ၃ ပုံ ၁ ပုံကျော်ဟာ ကလေးငယ်တွေဖြစ်တယ်လို့လည်း ပြောပါတယ်။ မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလထဲ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြေမြှပ်မှိုင်းနဲ့ မပေါက်ကွဲသေးတဲ့ စစ်လက်နက်ပစ္စည်းတွေကြောင့် ကလေး ၁၁၅ ဦးထက်မနည်းသေဆုံး ဒဏ်ရာရခဲ့ပြီး ၂၀၂၂ ခုနှစ် ဇန်နဝါရီလကနေ ဧပြီလအတွင်း သေဆုံးဒဏ်ရာရတဲ့ ကလေးငယ် ၄၇ ဦးထိရှိတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ပဋိပက္ခတွေပေါ်ပေါက်တဲ့အချိန်အတွင်း မြေမြှပ်မိုင်းနဲ့ စစ်လက်နက်ပစ္စည်းတွေ အပါအဝင် ထိခိုက်မှုအများအဆုံးနဲ့ ကြုံတွေ့ရတာလည်း ကလေးငယ်တွေဖြစ်တယ်လို့လည်း ပြောထားပါတယ်။
ခန္တာကိုယ်အရွယ်အစားသေးငယ်ကလေးတွေဟာ ပေါက်ကွဲမှုဒဏ်ကို ပြင်းပြင်းထန်ထန်ခံစားရပြီး အသက်သေဆုံးတာ၊ ကိုယ်လက်အင်္ဂါချို့တဲ့တာတွေ ဖြစ်နိုင်ခြေပိုများတယ်လို့လည်း UNICEF ကပြောပါတယ်။ ကလေးငယ်တွေအပါအဝင် ထိခိုက်သေကျေမှုတွေ ကြုံနေရတဲ့အခြေအနေကို ရှောင်ရှားနိုင်အောင် သက်ဆိုင်သူတွေ အားလုံးက မြေမြှပ်မိုင်းတွေနဲ့ မပေါက်ကွဲသေးတဲ့ စစ်လက်နက်ပစ္စည်းတွေကို ရှင်းလင်းကြဖို့လည်း တိုက်တွန်းထားပါတယ်။

XS
SM
MD
LG