သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအစိုးရ လူသတ်မိုင်း သုံးဆဲ


မြန်မာအစိုးရ လူသတ်မိုင်း သုံးဆဲ
မြန်မာအစိုးရ လူသတ်မိုင်း သုံးဆဲ

ကမ္ဘာပေါ်မှာ မြေမြှုပ်မိုင်းတွေကို အစိုးရကိုယ်တိုင်က သုံးစွဲနေတဲ့ နိုင်ငံဆိုလို့ မြန်မာနိုင်ငံ တနိုင်ငံတည်းသာ ကျန်တော့တယ်လို့ မြေမြှုပ်မိုင်း ပပျောက်ရေး လှုပ်ရှားမှုအဖွဲ့က ပြောဆိုလိုက်ပါတယ်။

ရုရှားနိုင်ငံက မြေမြှုပ်မိုင်းဗုံးတွေ အသုံးပြုမှုကို တားမြစ်လိုက်တဲ့နောက် အခုလို အစိုးရကိုယ်တိုင် အသုံးပြုခွင့် ပေးထားတဲ့ နိုင်ငံအဖြစ် မြန်မာနိုင်ငံသာ ကျန်တော့တဲ့အကြောင်း နိုင်ငံတကာ မြေမြှုပ်မိုင်း အသုံးပြုမှု တားမြစ်ရေး လှုပ်ရှားမှုအဖွဲ့ (ICBL) က ဗုဒ္ဓဟူးနေ့ နှစ်စဉ် အစီရင်ခံစာ ထုတ်ပြန်ရာမှာ ဖော်ပြလိုက်တာပါ။

လူသတ်မိုင်းတွေကို ထုတ်လုပ်တဲ့ နိုင်ငံတွေ အဖြစ်နဲ့ကတော့ မြန်မာ၊ အိန္ဒိယနဲ့ ပါကစ္စတန် ၃ နိုင်ငံတို့သာ ကျန်တော့တယ်လို့လည်း ဆိုပါတယ်။

အစိုးရမဟုတ်တဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေက မြေမြှုပ်မိုင်းဗုံးတွေ အသုံးပြုနေတဲ့ မြန်မာနိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၆ နိုင်ငံ ရှိတယ်လို့လည်း ဂျနီဗာ အခြေစိုက် ICBL အဖွဲ့ရဲ့ အစီရင်ခံစာက ဖော်ပြခဲ့တာပါ။ ပြီးခဲ့တဲ့ ၂၀၀၉ ခုနှစ်နဲ့ ၂၀၁၀ ပြည့်နှစ်ဝက်အထိ မြေမြှုပ်မိုင်း တားဆီးရေး သဘောတူညီချက်ကို နောက်ထပ် လက်မှတ်ရေးထိုးတဲ့ နိုင်ငံတွေ မရှိပေမဲ့ အသုံးမပြုဖို့ တားမြစ်တာ၊ ဖျက်ဆီးတာတွေတော့ အမြောက်အမြား ရှိခဲ့တယ်လို့လည်း ဆိုပါတယ်။

၂၀၀၉ ခုနှစ်အတွင်း မြေမြှုပ်မိုင်းဗုံးကြောင့် ထိခိုက်သေဆုံးသူ ၄,၀၀၀ နီးပါး ရှိခဲ့ပေမဲ့ ဒါဟာဆိုရင် ICBL အဖွဲ့ စောင့်ကြည့်လေ့လာပြီး အစီရင်ခံစာ စတင်ထုတ်ပြန်ခဲ့တဲ့ လွန်ခဲ့တဲ့ ၁၀ နှစ်ကစလို့ အနည်းဆုံး ဖြစ်တယ်လို့လည်း အစီရင်ခံစာက ဖော်ပြခဲ့ပါတယ်။

XS
SM
MD
LG