သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လောက်ကိုင်ကနေ ထိုင်း ၅၀၀ ကျော်အချိန်မှီ ထွက်သွားနိုင်ခဲ့


Laukkai, capital of Myanmar's Kokang region
Laukkai, capital of Myanmar's Kokang region

မြန်မာနိုင်ငံ ရှမ်းပြည်မြောက်ပိုင်းမှာရှိတဲ့ လောက်ကိုင်မြို့ကို MNDAA ကိုးကန့်တပ်ဖွဲ့တွေ ဇန်နဝါရီလ ၄ ရက်နေ့က အပြီးပိုင်မသိမ်းပိုက်ခင်အထိ အဲဒီမှာ ပိတ်မိနေတဲ့ ထိုင်းနိုင်ငံသား ၅၄၉ ဦး လုံးကို အချိန်မှီ ကယ်ထုတ်ပေးနိုင်ခဲ့တယ်လို့ ထိုင်းနိုင်ငံခြားရေးဌာနက ပြောပါတယ်။

လက်ရှိ လောက်ကိုင်မြို့မှာ ထိုင်းနိုင်ငံသား တယောက်မှ ရှိမနေတော့ဘူးလို့လည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Kanchana Patarachoke မနေ့ ဇန်နဝါရီ ၁၂ ရက်နေ့မှာ ပြုလုပ်တဲ့ အပတ်စဉ် ပုံမှန်သတင်းစာရှင်းလင်းပွဲအတွင်း ပြောဆိုခဲ့ပါတယ်။

လောက်ကိုင်နဲ့ အနီးဝန်းကျင်က မြို့တွေမှာ ထိုင်းနိုင်ငံသားတွေ ကျန်ရှိနေသေးသလား၊ တကယ်လို့ ကျန်နေသေးရင် သူတို့ကို ကယ်တင်ဖို့ လိုမလို ဆိုတာကိုလည်း ရန်ကုန်မှာရှိတဲ့ ထိုင်းသံရုံးနဲ့ နိုင်ငံခြားရေးဌာန ကောင်စစ်ဝန်ရုံးတို့က Focus Foundation နဲ့ Immanuel Foundation တို့နဲ့ လက်တွဲ ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။

ဒါ့အပြင် ဒေသခံတွေအနေနဲ့ အိမ်နီးချင်းနိုင်ငံတွေမှာ လစာကောင်းကောင်းနဲ့ မက်လုံးပေး လိမ်ညာအလုပ်အကိုင် ခေါ်ယူတာတွေကို သတိထား ရှောင်ရှားနိုင်ဖို့အတွက် Chiang Rai ခရိုင်၊ Mae Fah Luang တက္ကသိုလ်ကလည်း Focus Foundation နဲ့ ပူးပေါင်းပြီး ပညာပေး အစီအစဉ်တွေ လုပ်ဆောင်သွားဖို့ စီစဉ်ထားတယ်လို့လည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Kanchana Patarachoke က ပြောကြားခဲ့ပါတယ်။

XS
SM
MD
LG