သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စင်္ကာပူမှာ အခြေမလှကြတဲ့ မြန်မာအိမ်အကူတွေရဲ့ဘဝ


စင်္ကာပူမှာ အိမ်အကူတွေအဖြစ် သွားရောက်လုပ်ကိုင်နေကြတဲ့ မြန်မာအမျိုးသမီးငယ်ပေါင်း လေးသောင်း ကျော် ရှိရာမှာ အိမ်ရှင်တွေရဲ့ နှိပ်စက်ညှဉ်းပန်းခံကြရတဲ့သတင်းတွေ မကြာ ခဏ ထွက်ပေါ်ခဲ့ပါတယ်။ ၂၀၁၆ ခု သြဂုတ်လနဲ့ အောက်တိုဘာလအတွင်း စင်္ကာပူ အိမ် ရှင်တွေဖြစ်ကြတဲ့ Linda Seah နဲ့ ခင်ပွန်းဖြစ်သူ Lim Toon Leng တို့ဟာ မြန်မာအိမ်အကူ မဖြူဖြူမာကို ကိုယ်ထိလက်ရောက်စော်ကားမှုနဲ့ နှိပ်စက်ညှဉ်းပန်းမှု စွဲချက်ပေါင်း ၆ ချက် ကျူးလွန်ခဲ့တယ်လို့ စင်္ကာပူတရားရုံးက ဇန်နဝါရီလ ၁၈ ရက်နေ့က ပြစ်မှုထင်ရှား တွေ့ရှိခဲ့ပါ တယ်။ တရားရုံးစီရင်ချက်ကိုတော့ ဒီလ ၁၁ ရက်နေ့မှာ ချမှာဖြစ်ပါ တယ်။ ဒီဖြစ်ရပ်အပါအဝင် လတ်တလောအကျဆုံး စင်္ကာပူမှာ သွားရောက်လုပ်ကိုင်ခဲ့ကြတဲ့ မြန်မာအမျိုးသမီးငယ်တွေ ကြုံတွေ့ခဲ့ရတဲ့ ကြေကွဲဖွယ်ဖြစ်ရပ်တချို့နဲ့ ပတ်သက်လို့ Home လို့ အတိုကောက်ခေါ်တဲ့ ပြောင်းရွှေ့ အခြေချနေထိုင်သူများ စီးပွါးရေးဆိုင်ရာ လူ့အခွင့် အရေး အကျိုးတော်ဆောင် အဖွဲ့အပြင် Helping Hands for Migrant Workers အဖွဲ့တို့မှာ စေတနာ့ ဝန်ထမ်း ဆောင်ရွက်ပေးနေတဲ့ ကိုတင်မောင်ဝင်းကို ဒေါ်လှလှသန်းက ဆက်သွယ်မေးမြန်းပြီး ဒီသီတင်းပတ်ရဲ့ အမျိုးသမီးကဏ္ဍမှာ တင်ပြထားပါတယ်။

စင်္ကာပူမှာ အခြေမလှကြတဲ့ မြန်မာအိမ်အကူတွေရဲ့ဘဝ
please wait

No media source currently available

0:00 0:09:31 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG