သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီလက်ထက် ကျင်းပမယ့် အာဇာနည်နေ့


Myanmar Martyrs Day
Myanmar Martyrs Day

ဒီကနေ့ကျရောက်တဲ့ (၇၅)နှစ်မြောက်အာဇာနည်နေ့ကို ရန်ကုန်မြို့အာဇာနည်ဗိမာန်မှာ မနက်၈ နာရီမှာကျင်းပမှာ ဖြစ်ပြီး အခမ်းအနားကို အစိုးရမီဒီယာတွေမှာထုတ်လွှင့်ပြသမှာ ဖြစ်ကြောင်း စစ်ကောင်စီ သတင်းစဉ်မှာ ဖေါ်ပြထားပါတယ်။ စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် ဒုတိယအကြိမ် ကျင်းပမယ့် အာဇာနည်နေ့လည်း ဖြစ်ပါတယ်။
ကိုဗစ်ကပ်ရောဂါကူးစက်မှုမြင့်တက်နေပြီး စစ်အုပ်ချုပ်မှုအောက် ပြန်ပြီးကျရောက်ခဲ့တဲ့ မနှစ်တုန်းကတော့ အာဇာနည်နေ့ကို အကျဉ်းရုံးသာကျင်းပခဲ့ကြပါတယ်။ ရန်ကုန်အပါအဝင် မြို့တော်တော်များများမှာ ပြည်သူတွေက အာဇာနည်နေ့ အထိမ်းအမှတ် ချီတက်ပြီး လွမ်းသူပန်းခွေချတာ၊ ဟွန်းသံရှည်တီးပြီးအလေးပြုတာတွေမျိုးရှိခဲ့ပေမယ့် တချို့နေရာတွေမှာ အာဇာနည်နေ့ အထိမ်းအမှတ်လုပ်လို့ ဖမ်းဆီးခံရသူတွေလည်းရှိခဲ့ပါတယ်။ နိုင်ငံတော်အခမ်းအနားအဖြစ် ရန်ကုန်မြို့ အာဇာနည်ဗိမာန်မှာ ကျင်းပတဲ့ အခမ်းအနားမှာ အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့ မိသားစုတချို့နဲ့ စစ်ကောင်စီ တာဝန်ရှိသူတချို့သာ တက်ရောက်ခဲ့ပြီး နိုင်ငံခြားသံတမန်တွေ၊ တက်ရောက်တာလည်းမတွေရပါဘူး။
NLD အစိုးရလက်ထက်ကအာဇာနည်နေ့အခမ်းအနားတွေမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ဂါရဝပြုခဲ့ပေမဲ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း တက်ရောက်ခြင်း မရှိသလို နိုင်ငံခြားသတင်းထောက်တွေကိုလည်း သတင်းယူဖို့ ဖိတ်ကြားတာ မရှိခဲ့ပါဘူး။
ရန်ကုန်အမေရိကန်သံရုံးကတော့ အာဇာနည်နေ့မှာ နိုင်ငံအတွက် အသက်ပေးခဲ့ကြတဲ့ အာဇာနည် (၉ )ဦးကို ဂုဏ်ပြုပါကြောင်း ထုတ်ပြန်ပါတယ်။ မြန်မာ့ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးအတွက် ကျိုးပမ်းအားထုတ်နေကြတဲ့ မြန်မာပြည်သူတွေအနေနဲ့လည်း ဒီလိုအမွေအနှစ်တွေကနေ ခွန်အားတွေရရှိနိုင်ကြပါစေလို့လည်း ဆုမွန်ကောင်းတောင်းထားပါတယ်။

တိုက်ရိုက် လင့်ခ်

Unicode

#Martyr's Day

XS
SM
MD
LG