သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့မီဒီယာ စတုတ္ထမဏ္ဍိုင် ပီသရမည်


ဈေးဝယ်သူစောင့်ရင်း ဂျာနယ်ဖတ်နေတဲ့ လမ်းဘေးဈေးသည်တဦး။
ဈေးဝယ်သူစောင့်ရင်း ဂျာနယ်ဖတ်နေတဲ့ လမ်းဘေးဈေးသည်တဦး။
ပြည်သူတွေ သတင်းအမှန် သိရှိပိုင်ခွင့်ရှိတဲ့ အခွင့်အရေးကို လေးစားလိုက်နာသွားမယ်လို့ ဒီကနေ့ ရန်ကုန်မြို့မှာလုပ်ခဲ့တဲ့ မြန်မာနိုင်ငံ သတင်းစာဆရာအသင်း နိုင်ငံလုံးဆိုင်ရာညီလာခံမှာ သတင်းစာ ဆရာအသင်း ဗဟိုဦးစီးအဖွဲ့ဝင်တွေက ကတိပြုခဲ့ကြပါတယ်။

ပုံနှိပ်မီဒီယာ၊ ရုပ်/သံမီဒီယာ၊ Online မီဒီယာနဲ့ သတင်းအေဂျင်စီ ကိုယ်စားပြု သတင်းသမားပေါင်း ၄၀ လောက်နဲ့ ဖွဲ့စည်းလိုက်တဲ့ မြန်မာနိုင်ငံ သတင်းစာဆရာအသင်း ဗဟိုဦးစီးအဖွဲ့ဝင်တွေက နိုင်ငံတကာ စံနှုန်းနဲ့အညီ စာနယ်ဇင်းလွတ်လပ်ခွင့်ရရှိရေး၊ စာနယ်ဇင်း ကျင့်ဝတ်တွေကို မြှင့်တင်ပြီး အင်အား တောင့်တင်းတဲ့ စတုတ္ထမဏ္ဍိုင် ပီသရေးအတွက်ကိုလည်း ကတိသစ္စာပြုခဲ့ကြပါတယ်။

အစိုးရက ဖွဲ့စည်းလိုက်တဲ့ မြန်မာနိုင်ငံ အမြုတေ စာနယ်ဇင်းကောင်စီနဲ့ ပတ်သက်လို့လည်း အရင် ကတည်းက သဘောမတူဘူးလို့ ပြောထားတဲ့ စာနယ်ဇင်းကောင်စီ ဖွဲ့စည်းပုံပါအချက်တချို့ကို ပြင်ဆင် မပေးဘူးဆိုရင် မြန်မာနိုင်ငံ သတင်းစာဆရာအသင်းမှာ ကိုယ်စားပြုသူတွေအနေနဲ့ စာနယ်ဇင်း ကောင်စီမှာ ပါဝင်နိုင်မှာ မဟုတ်ဘူးလို့လည်း သဘောထားကြေညာချက်ကို ထုတ်ပြန်လိုက်ပါတယ်။

သတင်းစာဆရာအသင်း ဗဟိုဦးစီးအဖွဲ့ ဥက္ကဋ္ဌ သတင်းစာဆရာ မောင်ဝံသ အပါအဝင် အဖွဲ့ဝင်ချို့ရဲ့ နာမည်စာရင်းတွေကို အမြုတေ စာနယ်ဇင်းကောင်စီထဲမှာ နာမည်စာရင်း ထည့်သွင်းထားတာ ဖြစ် ပါတယ်ရှင်။
XS
SM
MD
LG