သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဏာသိမ်းအပြီးတနှစ်အတွင်း မူးယစ်ဆေးဝါးထုတ်လုပ်ရောင်းဝယ်မှု ပိုများလာ (UNODC) 


မြန်မာပြည်တွင်း ဖမ်းဆီးရမိတဲ့ တရားမဝင် မူးယစ်ဆေးဝါးများကို နိုင်ငံတကာမူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့မှာ ဖျက်ဆီးရန်ပြင်ဆင်ထားပုံ။ (ယခင်ပုံဟောင်း)
မြန်မာပြည်တွင်း ဖမ်းဆီးရမိတဲ့ တရားမဝင် မူးယစ်ဆေးဝါးများကို နိုင်ငံတကာမူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့မှာ ဖျက်ဆီးရန်ပြင်ဆင်ထားပုံ။ (ယခင်ပုံဟောင်း)

[[Zawgyi/Unicode]]

အာဏာသိမ်းအပြီး တနှစ်အတွင်းမှာ တည်ငြိမ်မှုပျက်ပြားလာတဲ့အတိုင်း မူးယစ်ဆေးဝါးထုတ်လုပ်မှုနဲ့ အရှေ့တောင်အာရှမှာ အရောင်းအဝယ်ကလည်း တက်လာတယ်လို့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုများဆိုင်ရာရုံး UNODC က ရိုက်တာသတင်းဌာနကို ပြောပါတယ်။

အနည်းဆုံး methamphetamine ဆေးပြားသန်း ၉၀ နဲ့ ဆေးခဲ ၄.၄ တန်ကို အရင်လက ဖမ်းဆီးမိခဲ့တယ်လို့ လာအို၊ ထိုင်းနဲ့ မြန်မာအာဏာပိုင်တွေက ပြောကြပါတယ်။ ဒီ မူးယစ်ဆေးတွေက ရှမ်းပြည်နယ် နယ်စပ်ဒေသတွေမှာ ထုတ်ကြတာပါ။

မြန်မာပြည် မြောက်ပိုင်းမှာ Meth ထုတ်လုပ်မှုက ပြီးခဲ့တဲ့နှစ်မှာ တိုးများလာပြီး နည်းသွားမယ့်လက္ခဏာ မတွေ့ရသေးဘူးလို့ UNODC ရဲ့ အရှေ့တောင်အာရှ ကိုယ်စားလှယ် Jeremy Douglas က ပြောပါတယ်။ “မြန်မာနိုင်ငံမှ မူးယစ်ဆေးဝါးနဲ့ပဋိပက္ခက ခွဲလို့မရပါဘူး။ တခုကိုတခု အကျိုးပြုနေတယ်” လို့ သူက ဆိုပါတယ်။ ကသောင်းကနင်းနဲ့ မတည်ငြိမ်လေ မူးယစ်ဆေး သယ်သူတွေ အတွက် ကောင်းလေပါ။

ထိုင်းနိုင်ငံမှာ methamphetamine ဆေးပြား သန်း ၅၂၀ ကို ၂၀၂၁ မှာ ဖမ်းမိပါတယ်။ ၂၀၂၀ တုန်းက ၃၆၁ သန်းပဲ မိခဲ့တာပါ။ ဝပြည်သွေးစည်းညီညွတ်ရေး တပ် UWSA ရဲ့ ထိန်းချုပ်မှုအောက်က နယ်မြေတွေဟာ မူးယစ်ဆေးဝါး ထုတ်လုပ်မှုနဲ့ ဆက်စပ်နေတယ်လို့ သိကြပြီး သူ့ရဲ့နယ်မြေကို တောင်ပိုင်းကို တိုးချဲ့ခဲ့တယ်လို့ သုံးသပ်သူတွေက ရိုက်တာသတင်းဌာနကို ပြောကြပါတယ်။

တိုက်ရိုက် လင့်ခ်

=============

[[Unicode]]







=============

XS
SM
MD
LG