သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာရွှေ့ပြောင်းအလုပ်သမား ထိုင်းထီ ပထမဆု ပေါက်


(Credit- Thai PBS News)
(Credit- Thai PBS News)

ထိုင်းနိုင်ငံမှာအလုပ်လုပ်နေတဲ့ မြန်မာ ရွှေ့ပြောင်းအလုပ်သမား အမျိုးသမီးတဦးဟာ ဖေဖော်ဝါရီလ ၁ ရက်၊ ကြာသပတေးနေ့က ဖွင့်တဲ့ ထိုင်းထီပထမဆု ဘတ် ၆ သန်းကို ပေါက်သွားတယ်လို့ Thai PBS အွန်လိုင်းသတင်းမှာ ရေးထားပါတယ်။

ထိုင်းနိုင်ငံတောင်ပိုင်း၊ ဟတ်ယိုင်မြို့က စက်ရုံတခုမှာအလုပ်လုပ်နေတဲ့ မသီရိရွှေဆိုတဲ့ အသက် ၂၁ နှစ်အရွယ် မြန်မာအလုပ်သမ ဟာ ဟတ်ယိုင်ခရိုင် ရဲစခန်းကို သူ့မိတ်ဆွေတဦးနဲ့အတူသွားပြီး သူထိုးထားတဲ့ ပထမဆု ထီလက်မှတ်နံပါတ် ၀၂၆၈၅၃ ကို တရား ဝင်မှတ်တမ်းတင်ခဲ့ပါတယ်။

ထီဆုငွေ ဘတ် ၆ သန်းကိုထုတ်ပြီးရင် မြန်မာနိုင်ငံကို အားလုံးပို့လိုက်မှာဖြစ်ပြီး သူလည်းပြန်မယ်လို့ ရဲစခန်းမှာ သတင်းမီဒီယာ တွေကိုပြောပါတယ်။

သူဟာ ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေတာ ၉ လလောက်ပဲရှိသေးပြီး အခုပေါက်တဲ့ ထီလက်မှတ်ကို စက်ရုံရှေ့လာရောင်းတဲ့ ထီသည်ဆီမှာ ထိုးထားတာဖြစ်ပြီးတော့ ဒါနဲ့မှ စုစုပေါင်း ထီသုံးစောင်ပဲ ထိုးဖူးပါသေးတယ်။

ထီဆုငွေ ထိုင်းဘတ် ၆ သန်းဟာ လက်ရှိငွေလဲနှုန်းနဲ့ဆိုရင် မြန်မာကျပ်ငွေ ၂၅၃ သန်းကျော် ရှိပါတယ်။

ထိုင်းနိုင်ငံမှာ တရားဝင်ရော၊ တရားမဝင်ပါ အလုပ်လုပ်နေတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား ထောင်ပေါင်းများစွာရှိပြီး ဒီလို ထီပေါက်တဲ့သတင်းမျိုးတွေ အရင်တုန်းကလည်း ရှိဖူးပေမယ့် အလုပ်သမားတယောက်ထဲက ဆုငွေဒီလောက်များများ ပေါက်တဲ့ သတင်းမျိုးကတော့ ရှားရှားပါးပါးဖြစ်ပါတယ်။

မြန်မာရွှေ့ပြောင်းအလုပ်သမား ထိုင်းထီ ပထမဆု ပေါက်
please wait

No media source currently available

0:00 0:00:47 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG