သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေးရှားနိုင်ငံ မြန်မာအလုပ်သမားစေလွှတ်မှု ပြန်စတင်


မလေးရှားနိုင်ငံတွင်လုပ်ကိုင်နေသော မြန်မာအလုပ်သမားများကို လေဆိပ်တွင်တွေ့ရစဉ် (၂၀၁၆-သြဂုတ်လ) (Myanmar Embassy in Kuala Lumpur, Malaysia)
မလေးရှားနိုင်ငံတွင်လုပ်ကိုင်နေသော မြန်မာအလုပ်သမားများကို လေဆိပ်တွင်တွေ့ရစဉ် (၂၀၁၆-သြဂုတ်လ) (Myanmar Embassy in Kuala Lumpur, Malaysia)

မြန်မာ အလုပ်သမားလူဝင်မူကြီးကြပ်ရေးနဲ့ ပြည်သူအင်အားဝန်ကြီးဌာန အလုပ်သမားညွန်ကြားမူဦးစီးဌာနက မလေးရှားကို စေလွတ်မူတွေ တနှစ်ကျော်ကြာ ရပ်နားထားရာကနေ အလုပ်သမား စေလွှတ်မှု ပြန်လည်စတင်နေပြီဖြစ်ကြောင်း မလေးရှားနိုင်ငံမှာရှိတဲ့မြန်မာသံရုံးက တည်ပြုပြောကြားပါတယ်။ ထိုင်းအခြေစိုက် VOA သတင်းထောက် မအေးအေးမာကသတင်းပေးပို့ထားပါတယ်။

မြန်မာ အလုပ်သမားလူဝင်မူကြီးကြပ်ရေးနဲ့ ပြည်သူအင်အားဝန်ကြီးဌာန အလုပ်သမားညွန်ကြားမူဦးစီးဌာနက မလေးရှားကို အလုပ်သမားတွေကို စေလွတ်မူတွေစတင်နေပြီဖြစ်ကြောင်းနဲ့ မလေးရှားမှာတော့ အလုပ်သမား တွေနဲပတ်သက်လို့ စီစစ်လက်ခံမူတွေစတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း မလေးရှားနိုင်ငံမြန်မာသံရုံးက အလုပ်သမားသံအရာရှိ ဦးစိုးသိန်းကပြောပြပါတယ်။

"စနေပါပြီ ဖေဖေါ်ဝါရီလကစတာ ဖေဖေါ်ဝါရီ ၈ရက်လောက်ကစတာ MOU ကတော့နဂိုကတည်းကမထိုးရသေးတာ ဒီတော့လူကြိးတွေစီစဉ်ကြတုန်းရှိပါသေးတယ ကျနော်တိုကတော့ ဒီကိုလာပြီး calling တွေလာလုပ်ပြိး စီစစ်ပြီးမှန်ကန်အောင် လာလုပ်တာပါ"

လက်ရှိမှာတေ့ာ မလေးရှားမှာရှိတဲ့ စက်ရုံတွေကို သွားရောက်စစ်ဆေးမူတွေလုပ်နေကြာင်း မလေးရှားနိုင်ငံမြန်မာသံရုံးကိုယ်စား အကူညီပေးနေတဲ့ ဂျိုးဟိုးမြို့ကစခန်းတာဝန်ခံဦးသီဟမောင်မောင်ကလည်း ပြောပြပါတယ်။

" လောလောဆည်သွားစစ်နေတာတွေတော့တွေရတယ် ပေါ့နော် စက်ရုံတော်တော်များများမှာ မြန်မာတွေခေါ်ယူဖို့ အတွက်စစ်ဆေးနေကြတာ ခေါ်ယူဖို့ ကတော့ စက်ရုံကိုသွားစစ်ဆေးမူတွေရှိဖို့အတွက်ပေါ့နော်။ ခေါ်ယူဖို့ကတော့တဖြည်းဖြည်းနဲ့ စနေမှာပဲ တကယ်တရားဝင် MOU ထိုးဖို့ ပဲရှိတော့တာ ထိုးပြီးရင်တော့စပြီး မြန်မာပြည်သားတွေကတော်များများရှိနေတာလေ အဆင့်သင့်ဖြစ်နေတဲ့အပိုင်းကတော့အများကြီးပဲပြီးခဲ့ တခေါက်မလာဖြစ်ကတည်းက ကြန့်ကြာနေတဲ့သူတွေက အများကြီးလေ"

မလေးရှားကို နောက်ထပ်စေလွတ်မယ့် အလုပ်သမားတွေနဲ့ ပတ်သက်လို့ စေလွတ်မယ့် လက်ခံကုမ္ပဏီတွေအနေနဲ့ တာဝန်ယူမူတာဝန်ခံဖို့ ကိစ္စတွေကို အလုပ်သမားဝန်ကြီးဌာနက အလေးထားစီစဉ်လာတာကိုလည်းတွေရပါတယ်။ အလုပ်သမားစေလွှတ်တဲ့ ကုမ္ပဏီတွေ အေဂျင်စီ တွေအနေနဲ့ အလုပ်သမားတွေအခွင့်ရေးနဲ့ ပတ်သက်တဲ့ ကတိခံဝန်ချက်တွေနဲ့ အတူ မလေးရှားနိုင်ငံမှာရှိတဲ့ အလုပ်သမား သံအရာရှိရဲ့ထောက်ခံချက်တွေ Calling Visa ပါတဲ့ Demand Letter များ လျှောက်ထားနိုင်ပြီဖြစ်ကြောင်း မကြာသေးခင်ကပဲ ထုတ်ပြန်ထားပါတယ်

မြန်မာ အလုပ်သမားလူဝင်မူကြီးကြပ်ရေးနဲ့ ပြည်သူအင်အားဝန်ကြီးဌာန အလုပ်သမားညွန်ကြားမူဦးစီးဌာနရဲ့ စာရင်းအရ မလေးရှားမှာ တရားဝင်အလုပ်လုပ်နေကြသူ အလုပ်သမားပေါင်း ၂ သိန်းကျော်ရှိပြီး တခြားနည်းလမ်းတွေနဲ့ မလေးရှားကိုရောက်သွားသူအားလုံးပေါင်းရင် မလေးရှားမှာ မြန်မာအလုပ်သမား ၅ သိန်း ထက်မနည်းရှိတယ်ခန့်မှန်းထားပါတယ်။ အဲဒီထဲမှာ တရားမဝင် နေထိုင် အလုပ်လုပ်နေကြသူ သိန်းနဲ့ချီရှိပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG