သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံခြားသူတဦး အဓမ္မပြုကျင့်မှု မြန်မာအလုပ်သမား ၃ ဦး ဖမ်းခံရ


A house destroyed during one of the battles fought for the control of the town of Hawzen, Tigray, in Ethiopia, on June 6, 2021. (VOA/Yan Boechat)
A house destroyed during one of the battles fought for the control of the town of Hawzen, Tigray, in Ethiopia, on June 6, 2021. (VOA/Yan Boechat)

ထိုင်းနိုင်ငံ ချင်းမိုင်မြို့က နိုင်ငံခြားသားတွေ အလာများတဲ့ ဒွိုင်စကစ်ဆိုတဲ့နေရာမှာ အမေရိကန်နိုင်ငံသူတဦးကို မြန်မာနိုင်ငံသား ၃ ယောက်က အုပ်စုဖွဲ့ အဓ္ဓမ ပြုကျင့်ခဲ့တယ်လို့ ဒွိုင်စကစ်မြို့နယ်ရဲစခန်းမှူး ဆူရီယွန် ကျန်ဆိုင်က သတင်းထောက်တွေကိုပြောပါတယ်။ ကျုးလွန်တယ်လို့ဆိုသူ ရှမ်းပြည်နယ်ကလာတဲ့ ရွှေ့ပြောင်းအလုပ်သမား ၃ ယောက်ကိုလည်း ဖမ်းဆီးထားပါတယ်။ အဲဒီ ၃ ယောက်ကလည်း သူတို့အဓ္ဓမပြုကျင့်ခဲ့ကြောင်း ဝန်ခံထားတယ်လို့ ဆိုပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက်သတင်းထောက် မအေးမာကသတင်းပေးပို့ထားပါတယ်။

မြန်မာပြည် ရှမ်းပြည်နယ်လာကြပြီး မဲ့ဂျိုးမြိုနယ်ထဲမှာ ပန်းရံအလုပ်လုပ်ကိုင်ကြတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား၃ဦးဟာ အလုပ်လုပ်ရာကနေ အပြန်မှာ အမေရိကန်နိုင်ငံသူတဦးကို အုပ်စုဖွဲ အဓမ္မပြုကျင့်ခဲ့တာကြောင့် ထိုင်းနိုင်ငံသားတွေက အတော်ကိုစိတ်ဆိုးခဲ့ကြပါတယ်။ ဒီအတွက် ချင်းမိုင်မြို့မှာ အလုပ်လုပ်ကိုင်နေကြတဲ့ ရှမ်းလူမျိုးတွေလည်း စိုးရိမ်ပူပန်နေကြတာပါ။ နိုင်ငံခြားသားတွေအများဆုံးနေရာဖြစ်တဲ့ချင်းမိုင်မြို့မှာ ဒီလိုဖြစ်သွားတဲ့အတွက် ထိရောက်စွာ အရေးယူမယ်လို့လည်း ထိုင်းအာဏာပိုင်တွေကဆိုတဲ့အကြောင်း ရှမ်းအမျိုးသမီးတဦးကပြောပြပါတယ်။

"မိန်းကလေးက အဲဒီဘက်လမ်းသွားတာတဲ့ သူတိုကလည်း အလုပ်ပြီးချိန်မို့အရက်ဆိုင်လာသောက်တယ်။ အဲဒီကောင်လေးပြောပြချက်အရ အဲဒီမိန်းကလေး ထသွားတော့ သူတို့လည်းလိုက်သွားတယ်တဲ့။ ၃ယောက်လုံးကိုဖမ်းလိုက်တယ် ထိရောက်စွာအရေးယူမယ်တဲ့ ဒီလိုလွတ်ထားလို့ မရဘူးတဲ့ ဧည့်သည်ကို သူတို့ဧည့်သည်တဲ့ "

ဒီလို့မြန်မာနိုင်ငံသားရှမ်းလူမျိုးတွေလုပ်ခဲ့တာကြောင့် မြန်မာပြည်သားတွေအနေနဲ့ အရှက်ရစရာဖြစ်ခဲ့သလို ထိုင်းလူမျိုးက မုန်းတီးမှာကိုလည်းစိုရိမ်မိကြောင်း အခုအခါမှာတော့အခုလိုမျိုး ကိစ္စတွေအပြင် မြန်မာနိုင်ငံသားတွေက ရာဇဝတ်မူတွေလုပ်တဲ့အတွက် အဖမ်းအဆီးတွေ ပိုများလာတယ်လို့လည်းသူကဆိုပါတယ်။

"တကောင်လုံးပုတ်တာ တလှေလုံးပုတ်သလိုပေါ့ ကိုယ်ကိုယ်ပြန်ခံစားမိတယ် ရှမ်းတွေလည်း လုပ်ရက်လိုက်တာလို့ သူများနိုင်ငံထဲလည်းလာသေးတယ်။ ဒီလောက်ဝင်ဖို့ ထွက်ဖို့ခက်ခဲနေတဲ့အချိန်မှာ လက်မှတ်လုပ်ဖို့ခက်ခဲနေချိန်မှာ သူများကူညီနေတဲ့အချိန်မှာ ပိုမုန်းလာတော့မှာပေါ့။ အခုလည်းလက်မှတ်တွေအတုလုပ်လို့ ဖမ်းနေတာတွေလည်းရှိတယ်။လက်မှတ်တွေလည်းအတုလုပ်ကြတယ်၊ သူတို့လုပ်တာနဲ့ စိတ်ညစ်စရာကြီး မြန်မာဖြစ်ဖြစ် ရှမ်းဖြစ်ဖြစ်လေ ကိုယ့်နိုင်ငံသားကလုပ်တယ်ဆိုတော့"

အခုကိစ္စမှာတော့ကာယကံရှင် အမျိုးသမီးကိုယ်တိုင်က တိုင်ကြားခဲ့တာဖြစ်ပြီး အဓမ္မြပုကျင့်တာမှန်ကန်ကြောင်းကိုတော့ မြန်မာ၃ဦးကဝန်ခံခဲ့ပါတယ်။ ပြီးတော့ ပြုကျင်ခံရသူအမျိုးသမီးကိုတော့ဆေးစစ်ဆေးမူတွေပြုလုပ်ခဲ့ပြီး ဆေးစစ်ချက်မှတ်တမ်းအရ မိန်းကလေးဟာ အဓမ္မပြုကျင့်ကြောင်းထင်ရှားခဲ့တယ်လို့ စခန်းမှူးကပြောပါတယ် အုပ်စုဖွဲအဓမ္မပြုကျင့်မူတွေနဲ့ ပတ်သက်လို့ ပြစ်မူ ထင်ရှားခဲ့ရင်တော့ ထောင်ဒဏ် အနှစ် ၂၀နဲ့ ထိုင်းဘတ်ငွေ ၄သောင်းလောက် ကျခံရဖွယ်ရှိပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ချင်းမိုင်မြို့က မြန်မာကောင်စစ်ဝန်ရုံးကို ဆက်သွယ်မေးမြန်းကြည့်တဲ့အခါမှာ တော့တရားဝင်အကြောင်းကြားတာ မရှိသေးတဲ့အကြောင်း VOA ကိုပြောပြခဲ့ပါတယ်။

နိုင်ငံခြားသူတဦး အဓမ္မပြုကျင့်မှု မြန်မာအလုပ်သမား ၃ ဦး ဖမ်းခံရ
please wait

No media source currently available

0:00 0:02:32 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG