သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မေလးရွားေရာက္တရားမဝင္ ျမန္မာလုပ္သားမ်ား ဒဏ္ေၾကးေပးၿပီး တရားဝင္အလုပ္လုပ္ႏိုင္မည္


ေနရပ္ျပန္ပုိ႔ခဲ့တဲ့ မေလးရွား ထိန္းသိမ္းေရးစခန္းက လြတ္ရက္ေစ့ ျမန္မာအက်ဥ္းသားမ်ား။ (ႏုိဝင္ဘာ ၁၊ ၂၀၂၀။ ဓာတ္ပုံ - ျမန္မာလူမႈကူညီေရးအသင္း - မေလးရွား)

{{Zawgyi/Unicode}}

ျမန္မာႏိုင္ငံသားေတြအပါအဝင္ မေလးရွားႏိုင္ငံမွာ တရားမဝင္ ေရာက္ရွိေနသူေတြ ဒီကေန႔ကစၿပီး ဒဏ္ေၾကးေငြ ေပးေဆာင္ကာ တရားဝင္အလုပ္လုပ္ခြင့္ ေလွ်ာက္ထားႏိုင္ၿပီ ျဖစ္တဲ့အေၾကာင္း မေအးေအးမာ က တင္ျပထားပါတယ္။


ကိုဗစ္ကပ္ေဘးကာလ မေလးရွားႏိုင္ငံမွာ တရားမဝင္ ေရာက္ရွိေနသူေတြ၊ ထိန္းသိမ္းစခန္းေတြက ျပန္လြတ္လာၿပီး နာမည္ပ်က္ စာရင္း မပါဝင္သူေတြကို အလုပ္ရွင္ေတြက တရားဝင္ ငွားရမ္းခိုင္းေစခြင့္ ျပဳလိုက္တာပါ။ ဒါေပမဲ့လည္း သူတို႔ေတြအလုပ္လုပ္ခြင့္ရဖို႔ ဒဏ္ေၾကး မေလးရွင္းရင္းဂစ္ေငြ ႏွစ္ေထာင္ေပးေဆာင္ရမွာျဖစ္ေၾကာင္း မေလးရွားႏိုင္ငံအေျခစိုက္ အလုပ္အကိုင္ရရွိေရး အက်ိဳးေဆာင္လုပ္ငန္းက ဦးသန္းထြန္းက ေျပာပါတယ္။



(ဒီေန႔ကစၿပီးေလ်ာက္လို႔ရၿပီ ဒါက အလုပ္ရွင္ေတြရဲ႕တာဝန္ေပါ့ေလ်ာက္ၿပီးတာနဲ႔ခြင့္ျပဳခ်က္ရၿပီးတာနဲ႔ အလုပ္သမားေတြရဲ ကိုယ္ေရးရာဇဝင္ေတြနဲ႔အလုပ္ရွင္ကို အင္တာဗ်ဴးလုပ္မယ္ ေလာေလာဆည္ အလုပ္သမားတေယာက္အတြက္ deposit 500 ေပးရမယ္ ဒဏ္ေၾကးကေတာ့ တေထာင္းငါးရာေပးရမယ္။ပါမစ္ေၾကး လဲဗီးေၾကး ဗီဇာေၾကးကေတာ့ပုံမွန္အတိုင္းပဲ ပိုလာတာက deposit နဲ႔ ဒဏ္ေၾကးေတြကေတာ့အလုပ္သမားေတြဘက္ကပို႔လာမယ္။ ဒါေပမဲ့ကိုယ္ပိုင္သူေဌးေတြ အလုပ္ရွင္ရွိတယ္ဆိုရင္ေတာ့ ေငြေရးေၾကးေရးက ပူစရာမလိုပါဘူး အလုပ္သမားေတြကေပါ့ )


မေလးရွားလုပ္ငန္းရွင္ေတြ အေနနဲ႔ ျမန္မာႏိုင္ငံသားေတြ အပါအဝင္ ထိန္းသိမ္းေရးစခန္းေတြမွာရွိတဲ့ ခန႔္မွန္းေျခ ႏိုင္ငံျခားသား ႏွစ္ေသာင္းေလာက္ထဲက ငွားရမ္းေခၚယူႏိုင္ေၾကာင္းလည္း ခြင့္ျပဳထားပါတယ္။ အလုပ္သမားေတြ အေနနဲ႔ တရားဝင္ အလုပ္လုပ္ခြင့္ရဖို႔ ကိုဗစ္ကပ္ေရာဂါ အပါအဝင္ က်န္းမာေရးစစ္ေဆးခံရမွာ ျဖစ္သလို၊ သက္ဆိုင္ရာ သံ႐ုံးေတြထံက ႏိုင္ငံသားအျဖစ္ အတည္ျပဳခ်က္ေတြ ရယူရမွာလည္း ျဖစ္ပါတယ္။


အလုပ္အကိုင္ရဖို႔ ႀကိဳးပမ္းၾကတဲ့ အလုပ္သမားေတြ အေနနဲ႔ အလုပ္ရွင္နဲ႔ တိုက္႐ိုက္ဆက္သြယ္ဖို႔ အခက္အခဲ ရွိႏိုင္သလို မသမာမႈေတြ ႀကဳံရႏိုင္တာေၾကာင့္ သတိထားဖို႔ လိုတယ္လို႔လည္း အလုပ္အကိုင္ရရွိေရး အက်ိဳးေဆာင္လုပ္ငန္းရွင္ ဦးသန္းထြန္းကေျပာပါတယ္

(သူေဌးအဌားေတြ ကုမၸဏီအဌားေတြဆိုရင္ေတာ့ျပသနာရွိတယ္ အဲဒါေတြဆိုရင္ေဈးနည္းနည္းမ်ား ေငြေၾကးကပိုလာမယ္ ဒီမွာပါမစ္ေပါက္ေဈးက ရင္းဂစ္ (ရ၀၀၀ )ကေန (၇၅၀၀)ထိရွိတယ္ ဒဏ္ေၾကးေတြနဲ႔ဆိုရင္ေတာ့ပိုလာလိမ့္မယ္။ တခ်ိဳက မွန္ကန္တဲ့ ေအးဂ်င့္ေတြရွိတယ္ မမွန္ကန္တဲ့ေအးဂ်င့္ေတြလည္းရွိတယ္။ မွန္ကန္တဲ့ေအဂ်င့္ေတြကေတာ့ကုမၸဏီစုထားတာရွိတယ္။ က်ေနာ္မွာေတာ့အဲဒီ ကုမၸဏီေတြနဲ႔ဆက္စပ္လုပ္တာရွိတယ္။ တခ်ိဳ႕က်ေတာ့မမွန္ကန္တဲ့ေအဂ်င့္ေတြဆိုတာကေတာ့အဝင္ျပလိုက္တယ္။ေနာက္ပိုင္း အဲဒီ ကုမၸဏီကိုအပိတ္ျပတယ္ ။ လည္ပတ္မႈရပ္လိုက္တယ။္ အလုပ္ေတြၿပီးဆုံးသြားရင္ ရပ္ပစ္လိုက္တယ္ အခြန္မေဆာင္ေတာ့။ အဲဒါဆို Black List ေတြျဖစ္ကုန္ေရာ။ က်ေနာ္ဆီမွာေတာ့မွန္ကန္တယ္။ ကုမၸဏီေတြ၁၀ခုေလာက္စုထားတယ္ ။ အဲဒီလူနဲ႔ပဲလည္ပတ္တယ္။ calling ဆိုရင္လည္းသူကို ကိုတာထဲကပဲေခၚတယ္။ သူစက္႐ုံက ဘယ္ေလာက္လူဦးေရရသလဲ တရာဆို တရာ ငါးဆယ္ဆို ငါးဆယ္ အဲဒီလူေတြထဲကပဲေခၚတယ္။ အျပင္မွာေတ့ာလုပ္ေနတာေတြကိုေတြ႕ရတယ္။ ေတာ္ေတာ္မ်ားမ်ားဒုကၡေရာက္ေနတာေတြလည္းရွိတယ္ )


မေလးရွားႏိုင္ငံမွာ ခန႔္မွန္းေျခ ျမန္မာႏိုင္ငံသား ငါးသိန္းခြဲေလာက္ရွိေနၿပီး ကိုဗစ္ကပ္ေရာဂါ ကာလမွာ စားဝတ္ေနေရးနဲ႔ အလုပ္အကိုင္ အခက္အခဲေတြေၾကာင့္ ကိုယ့္ကိုယ္ကို အဆုံးစီရင္သူတခ်ိဳ႕ ရွိခဲ့သလို တရားဝင္ေရာ၊ တရားမဝင္ပါ ေနရပ္ျပန္ဖို႔ ႀကိဳးစားသူေတြလည္း ရွိပါတယ္။ အခက္အခဲေတြၾကားေနရပ္ျပန္ဖို႔ ျမန္မာသံ႐ုံးကို စာရင္းေပးသြင္းထားသူ တေသာင္းေက်ာ္ရွိေနၿပီး မၾကာေသးခင္ကစလို႔ ထိန္းသိမ္းေရး စခန္းကလူတခ်ိဳ႕ကို ျပန္ပို႔ေပးခဲ့တာလည္း ရွိပါတယ္။

....................

{{Unicode}}

မြန်မာနိုင်ငံသားတွေအပါအဝင် မလေးရှားနိုင်ငံမှာ တရားမဝင် ရောက်ရှိနေသူတွေ ဒီကနေ့ကစပြီး ဒဏ်ကြေးငွေ ပေးဆောင်ကာ တရားဝင်အလုပ်လုပ်ခွင့် လျှောက်ထားနိုင်ပြီ ဖြစ်တဲ့အကြောင်း မအေးအေးမာ က တင်ပြထားပါတယ်။
ကိုဗစ်ကပ်ဘေးကာလ မလေးရှားနိုင်ငံမှာ တရားမဝင် ရောက်ရှိနေသူတွေ၊ ထိန်းသိမ်းစခန်းတွေက ပြန်လွတ်လာပြီး နာမည်ပျက် စာရင်း မပါဝင်သူတွေကို အလုပ်ရှင်တွေက တရားဝင် ငှားရမ်းခိုင်းစေခွင့် ပြုလိုက်တာပါ။ ဒါပေမဲ့လည်း သူတို့တွေအလုပ်လုပ်ခွင့်ရဖို့ ဒဏ်ကြေး မလေးရှင်းရင်းဂစ်ငွေ နှစ်ထောင်ပေးဆောင်ရမှာဖြစ်ကြောင်း မလေးရှားနိုင်ငံအခြေစိုက် အလုပ်အကိုင်ရရှိရေး အကျိုးဆောင်လုပ်ငန်းက ဦးသန်းထွန်းက ပြောပါတယ်။

(ဒီနေ့ကစပြီးလျောက်လို့ရပြီ ဒါက အလုပ်ရှင်တွေရဲ့တာဝန်ပေါ့လျောက်ပြီးတာနဲ့ခွင့်ပြုချက်ရပြီးတာနဲ့ အလုပ်သမားတွေရဲ ကိုယ်ရေးရာဇဝင်တွေနဲ့အလုပ်ရှင်ကို အင်တာဗျူးလုပ်မယ် လောလောဆည် အလုပ်သမားတယောက်အတွက် deposit 500 ပေးရမယ် ဒဏ်ကြေးကတော့ တထောင်းငါးရာပေးရမယ်။ပါမစ်ကြေး လဲဗီးကြေး ဗီဇာကြေးကတော့ပုံမှန်အတိုင်းပဲ ပိုလာတာက deposit နဲ့ ဒဏ်ကြေးတွေကတော့အလုပ်သမားတွေဘက်ကပို့လာမယ်။ ဒါပေမဲ့ကိုယ်ပိုင်သူဌေးတွေ အလုပ်ရှင်ရှိတယ်ဆိုရင်တော့ ငွေရေးကြေးရေးက ပူစရာမလိုပါဘူး အလုပ်သမားတွေကပေါ့ )


မလေးရှားလုပ်ငန်းရှင်တွေ အနေနဲ့ မြန်မာနိုင်ငံသားတွေ အပါအဝင် ထိန်းသိမ်းရေးစခန်းတွေမှာရှိတဲ့ ခန့်မှန်းခြေ နိုင်ငံခြားသား နှစ်သောင်းလောက်ထဲက ငှားရမ်းခေါ်ယူနိုင်ကြောင်းလည်း ခွင့်ပြုထားပါတယ်။ အလုပ်သမားတွေ အနေနဲ့ တရားဝင် အလုပ်လုပ်ခွင့်ရဖို့ ကိုဗစ်ကပ်ရောဂါ အပါအဝင် ကျန်းမာရေးစစ်ဆေးခံရမှာ ဖြစ်သလို၊ သက်ဆိုင်ရာ သံရုံးတွေထံက နိုင်ငံသားအဖြစ် အတည်ပြုချက်တွေ ရယူရမှာလည်း ဖြစ်ပါတယ်။


အလုပ်အကိုင်ရဖို့ ကြိုးပမ်းကြတဲ့ အလုပ်သမားတွေ အနေနဲ့ အလုပ်ရှင်နဲ့ တိုက်ရိုက်ဆက်သွယ်ဖို့ အခက်အခဲ ရှိနိုင်သလို မသမာမှုတွေ ကြုံရနိုင်တာကြောင့် သတိထားဖို့ လိုတယ်လို့လည်း အလုပ်အကိုင်ရရှိရေး အကျိုးဆောင်လုပ်ငန်းရှင် ဦးသန်းထွန်းကပြောပါတယ်

(သူဌေးအဌားတွေ ကုမ္ပဏီအဌားတွေဆိုရင်တော့ပြသနာရှိတယ် အဲဒါတွေဆိုရင်ဈေးနည်းနည်းများ ငွေကြေးကပိုလာမယ် ဒီမှာပါမစ်ပေါက်ဈေးက ရင်းဂစ် (ရ၀၀၀ )ကနေ (၇၅၀၀)ထိရှိတယ် ဒဏ်ကြေးတွေနဲ့ဆိုရင်တော့ပိုလာလိမ့်မယ်။ တချိုက မှန်ကန်တဲ့ အေးဂျင့်တွေရှိတယ် မမှန်ကန်တဲ့အေးဂျင့်တွေလည်းရှိတယ်။ မှန်ကန်တဲ့အေဂျင့်တွေကတော့ကုမ္ပဏီစုထားတာရှိတယ်။ ကျနော်မှာတော့အဲဒီ ကုမ္ပဏီတွေနဲ့ဆက်စပ်လုပ်တာရှိတယ်။ တချို့ကျတော့မမှန်ကန်တဲ့အေဂျင့်တွေဆိုတာကတော့အဝင်ပြလိုက်တယ်။နောက်ပိုင်း အဲဒီ ကုမ္ပဏီကိုအပိတ်ပြတယ် ။ လည်ပတ်မှုရပ်လိုက်တယ။် အလုပ်တွေပြီးဆုံးသွားရင် ရပ်ပစ်လိုက်တယ် အခွန်မဆောင်တော့။ အဲဒါဆို Black List တွေဖြစ်ကုန်ရော။ ကျနော်ဆီမှာတော့မှန်ကန်တယ်။ ကုမ္ပဏီတွေ၁၀ခုလောက်စုထားတယ် ။ အဲဒီလူနဲ့ပဲလည်ပတ်တယ်။ calling ဆိုရင်လည်းသူကို ကိုတာထဲကပဲခေါ်တယ်။ သူစက်ရုံက ဘယ်လောက်လူဦးရေရသလဲ တရာဆို တရာ ငါးဆယ်ဆို ငါးဆယ် အဲဒီလူတွေထဲကပဲခေါ်တယ်။ အပြင်မှာတေ့ာလုပ်နေတာတွေကိုတွေ့ရတယ်။ တော်တော်များများဒုက္ခရောက်နေတာတွေလည်းရှိတယ် )


မလေးရှားနိုင်ငံမှာ ခန့်မှန်းခြေ မြန်မာနိုင်ငံသား ငါးသိန်းခွဲလောက်ရှိနေပြီး ကိုဗစ်ကပ်ရောဂါ ကာလမှာ စားဝတ်နေရေးနဲ့ အလုပ်အကိုင် အခက်အခဲတွေကြောင့် ကိုယ့်ကိုယ်ကို အဆုံးစီရင်သူတချို့ ရှိခဲ့သလို တရားဝင်ရော၊ တရားမဝင်ပါ နေရပ်ပြန်ဖို့ ကြိုးစားသူတွေလည်း ရှိပါတယ်။ အခက်အခဲတွေကြားနေရပ်ပြန်ဖို့ မြန်မာသံရုံးကို စာရင်းပေးသွင်းထားသူ တသောင်းကျော်ရှိနေပြီး မကြာသေးခင်ကစလို့ ထိန်းသိမ်းရေး စခန်းကလူတချို့ကို ပြန်ပို့ပေးခဲ့တာလည်း ရှိပါတယ်။

တိုက္႐ိုက္ လင့္ခ္


၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG