သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးနဲ့ ကုလအတွင်းရေးမှူးချုပ် တွေ့ဆုံဆွေးနွေးမှု မြန်မာ့အရေးပါဝင် 


ကုလအတွင်းရေးမှူးချုပ် Antonio Guterres နဲ့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး S Jaishankar
ကုလအတွင်းရေးမှူးချုပ် Antonio Guterres နဲ့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး S Jaishankar

[[Zawgyi/Unicode]]

ယူကရိန်းပဋိပက္ခက ကမ္ဘာအပေါ်သက်ရောက်မှု၊ အာဖဂန်နစ္စတန်နဲ့ မြန်မာအခြေအနေတွေကို အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး S Jaishankar နဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres တို့ အမြင်ဖလှယ် ဆွေးနွေးခဲ့ကြပါတယ်။

အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဟာ ဝါရှင်တန်ကို သွားရောက်ပြီးနောက် ကုလသမဂ္ဂဌာနချုပ်ကို ဗုဒ္ဓဟူးနေ့ညနေပိုင်းက ရောက်ရှိခဲ့တာပါ။ အထူးသဖြင့် ဖွံဖြိုးဆဲနိုင်ငံတွေအပေါ် သက်ရောက်တဲ့ စားနပ်ရိက္ခာနဲ့ စွမ်းအင်ဆိုင်ရာ လုံခြုံရေးကိစ္စတွေကို ဆွေးနွေးခဲ့ကြတယ်လို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးက Twitter မှာ ကြာသပတေးနေ့က ရေးပါတယ်။

အိန္ဒိယနဲ့ မြန်မာတို့ရဲ့ နောက်ဆုံး ဖြစ်ပေါ်တိုးတက်မှုတွေကိုလည်း ပြောခဲ့ကြတယ်လို့ သူကဆိုပါတယ်။ အသေးစိတ်ကိုတော့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးက မပြောပါဘူး။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken၊ ကာကွယ်ရေးဝန်ကြီး Lloyd J Austin တို့နဲ့ ဆွေးနွေးဖို့အတွက် အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး Jaishankar နဲ့ ကာကွယ်ရေးဝန်ကြီး Rajnath Singh တို့ နှစ်ဦး အမေရိကန်မှာ ရောက်နေတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

=============

[[Unicode]]






=============

XS
SM
MD
LG